Golden Land Myanmar
ဆီးအိမ် ကင်ဆာ ကာကွယ် နိုင်သော နည်းလမ်း ( အမျိုး သမီးများ အတွက် )
အသီး အနှံများ နှင့် ဟင်းသီး ဟင်းရွက် များ အား ပိုမို စားသုံး ခြင်း သည် အမျိုး သမီး များ တွင် ဆီးအိမ် ကင်ဆာ ရောဂါ ဖြစ်ပွား နိုင်မှု နှုန်း ကို လျှော့ချ ပေး နိုင် ကြောင်း အမေရိကန် နိုင်ငံ ရှိ သုတေသီ များ က ပြောကြား ထားသည်။
ဟာဝိုင်ယီ တက္ကသိုလ် မှ သုတေသီ များ သည် ၁၂ နှစ် ခွဲကြာ ကာလ အတော အတွင်း အရွယ် ရောက်ပြီး သူ ၁၈၅,၈၈၅ ဦး ထံမှ ကျန်း မာ ရေး... ဆိုင်ရာ အချက် အလက် များ ကို စုဆောင်း ၍ လေ့လာ ဆန်းစစ် မှု များ ကို ပြုလုပ် ခဲ့ပြီး Nutrition ဂျာနယ် တွင် ဖော်ပြ ခဲ့ကြောင်း ဆင်ဟွာ သတင်း ဌာန က ထုတ်ပြန် ထားသည်။ သုတေသီ များ သည် ဆီးအိမ် ကင်ဆာ ရောဂါ ဖြစ်ပွား ရန် အလား အလာ ရှိသော အမျိုး သမီး ၁၅၂ ဦး နှင့် အမျိုးသား ၄၂၉ ဦး တို့အား ရောဂါ ရှာဖွေ ဖော်ထုတ် ခဲ့ ကြသည်။ ထို့နောက် ကင်ဆာ ရောဂါ နှင့် ဆက်နွှယ် သည့် ပြောင်းလဲ မှု အမျိုးမျိုး ကို ချိန်ကိုက် ထိန်းညှိ ရာမှ အသီး အနှံနှင့် ဟင်းသီး ဟင်းရွက် အများ ဆုံး စား သော အမျိုး သမီး များသည် ဆီးအိမ် ကင်ဆာ ရောဂါ ဖြစ်ပွား မှု နှုန်း အနည်း ဆုံး ဖြစ်သည် ကို တွေ့ရှိ ခဲ့ ကြသည်။

အ၀ါ - လိမ္မော် ရောင် ရှိသော ဟင်းသီး ဟင်းရွက် အများ ဆုံး စားသုံး သူ အမျိုး သမီး များ သည် အဆိုပါ ဟင်းသီး ဟင်းရွက် များ အား အနည်း ဆုံး စားသုံး သူ အမျိုး သမီး များ နှင့် နှိုင်းယှဉ် ပါက ဆီးအိမ် ကင်ဆာ ရောဂါ ဖြစ်ပွား မှု ၅၂ ရာခိုင် နှုန်း ပိုနည်း ကြောင်း သုတေသီ များက ပြောကြား ထားသည်။ ထို့ကြောင့် ဗီတာ မင် အေ၊ စီ၊ အီး အများ ဆုံး စားသုံး သည့် အမျိုး သမီး များ သည် ဆီးအိမ် ကင်ဆာ ရောဂါ ဖြစ်ပွား မှု အန္တရာယ် အနည်း ဆုံး ဖြစ်ကြောင်း ဖော်ပြ ပါ လေ့လာ ချက် အရ အကြံပြု ထား သည်။
မြ၀တီ
မြ၀တီ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။