D Myo Chit with April Maung Maung and 43 others
သမိုင်းဝင် မြန်မာ့လွတ်လပ်ရေး အခမ်းအနား >> https://www.facebook.com/photo.php?v=448939261844106&set=vb.416685875069445 << အလံတော်ကို သတိပြု ကြည့်ရန်။
ဒီအလံသည်သာ လွတ်လပ်ရေးရယူခဲ့သော အလံဖြစ်ပါတယ်။ ၁၉၇၄ခုနှစ်မှာ အလံကို ဦးနေ၀င်းက မူလအလံကိုပယ်ပြီး အလံသစ်ပြောင်းလဲဖြစ်ခဲ့တယ်။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတခုလုံးကို ဖျက်ဆီးပြီးအားလုံးကို သူလက်ရာခြေရာတွေနဲ့ အစားထိုးခဲ့တာပါဘဲ။ အဓိပ္ပာယ်ရှိမရှိဆိုတာ ခံစားသူအ...ပေါ်မူတည်ပါတယ်။ ကြယ်တွေက ဘယ်လောက် အဓိပ္ပာယ်ရှိရှိ လုပ်နေတာတွေက အဓိပ္ပာယ်မရှိရင် အချည်းနှိးပါဘဲ။
ကျွန်မတို့ နိုင်ငံသားတွေရဲ.ဘ၀တွေကိုဆင်းရဲ မွဲတေစေခဲ့တဲ့ ၊ အဆင်းရဲ့ဆုံးနိုင်ငံသားစာရင်းဝင်စေခဲ့တဲ့၊ ထောက်လှန်းရေးဆို တုန်နေအောင် ကြောက်ရွံ့အားငယ်မှုတွေပေးခဲ့ မဆလအလံကို ကျွန်မတို့နိုင်ငံသားတွေ ၁၉၈၈ အရေးတော်ပုံကြီးနဲ့အတူ မီးတင်ရှို.ခဲ့ပြီးပါပြီ။ ကျွန်မတို့ဟာ ကျွန်မတို့ကို မေတ္တာစေတနာ ကြီးမားလှတဲ့ ဦးအောင်ဆန်းနဲ့ခေါင်းဆောင်များ ပါဝင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုဖွဲ့စည်းပုံကသတ်မှတ်တဲပ ကြယ်ငါးပွင့် အလံကိုဘဲ နိုငှ်ု့တော်အလံအဖြစ်ရင်ထဲမှာ သိမ်းဆည်းထားမှာဖြစ်ပါတယ်။ အခွင့်အရေးဆိုတာ ရှိလာဦးမှာပါ။ အလံတွေ ပြောင်းပြောင်းပြီး လှည့်စားခံပြည်သူအဖြစ်က လွတ်မြာက်အောင် ရုန်းကန်သွားကြမယ်။ ဒါဘဲ။ (Makhin Oo )
ကျွန်မတို့ နိုင်ငံသားတွေရဲ.ဘ၀တွေကိုဆင်းရဲ မွဲတေစေခဲ့တဲ့ ၊ အဆင်းရဲ့ဆုံးနိုင်ငံသားစာရင်းဝင်စေခဲ့တဲ့၊ ထောက်လှန်းရေးဆို တုန်နေအောင် ကြောက်ရွံ့အားငယ်မှုတွေပေးခဲ့ မဆလအလံကို ကျွန်မတို့နိုင်ငံသားတွေ ၁၉၈၈ အရေးတော်ပုံကြီးနဲ့အတူ မီးတင်ရှို.ခဲ့ပြီးပါပြီ။ ကျွန်မတို့ဟာ ကျွန်မတို့ကို မေတ္တာစေတနာ ကြီးမားလှတဲ့ ဦးအောင်ဆန်းနဲ့ခေါင်းဆောင်များ ပါဝင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုဖွဲ့စည်းပုံကသတ်မှတ်တဲပ ကြယ်ငါးပွင့် အလံကိုဘဲ နိုငှ်ု့တော်အလံအဖြစ်ရင်ထဲမှာ သိမ်းဆည်းထားမှာဖြစ်ပါတယ်။ အခွင့်အရေးဆိုတာ ရှိလာဦးမှာပါ။ အလံတွေ ပြောင်းပြောင်းပြီး လှည့်စားခံပြည်သူအဖြစ်က လွတ်မြာက်အောင် ရုန်းကန်သွားကြမယ်။ ဒါဘဲ။ (Makhin Oo )
ဒါမှ ပြည်ထောင်စုအလံ၊ လွတ်လပ်ရေးအလံအစစ်။ ၁၉၇၄မှာ နေဝင်းက မ-ဆ-လ လမ်းစဉ်လုပ်တော့ အလံကို ပြောင်းလိုက်တာ။ မ-ဆ-လအလံရဲ့ သင်္ကေတမည်မျှကောင်းကောင်း သွေးစွန်းတဲ့အလံ၊ နိမိတ်မရှိတဲ့အလံဖြစ်သွားပြီ။ ဒါကြောင့် လွတ်လပ်ရေးမင်္ဂလာရှိတဲ့ ဒီအလံကို ကြိုက်ပါကြောင်း။ စစ်အစိုးရသတ်မှတ်တဲ့ အလံကိုတော့ သိပြီးဖြစ်လို့ အထွေအထူးရှင်းဖို့မလိုဘူး ထင်ပါတယ်။ ကြယ် အရေအတွက်၊ အကြီးအသေးထက် အရေးကြီးတာ ပြည်သူ့ဆန္ဒပဲ။ ဒီအလံက ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဗိုဟ်ချုပ်အောင်ဆန်းရေးဆွဲတဲ့ ၁၉၄၇ အခြေခံဥပဒေက ပြဒါန်းတဲ့အလံဖြစ်တယ်။ ဒီပြည်ထောင်စုကြီးကို ထူထောင်သူ ဘိုးဘေးတိုင်းရင်းသားအားလုံး သဘောတူရွေးချယ်တဲ့အလံတော်ဖြစ်တယ်။တခြားနိုင်ငံတွေမှာ (ဥပမာ တရုတ်၊စင်္ကာပူ) ကြယ်က ပြည်နယ်ကို ကိုယ်စားပြုတာမဟုတ်။ သဘောတရားတခုခုကို ကိုယ်စားပြုတာပါ။ဒီအလံတော်မှာလဲ "လူအခွင့်အရေး၊ငြိမ်းချမ်းရေး၊ဒီမိုကရေစီ၊တရားမျှတမှု၊တန်းတူရည်တူရှိမှု" ဆိုတဲ့ ကြယ် ၅ ပွင့် ဝန်ရံထားတဲ့ " လွတ်လပ်ရေး ကြယ်ကြီး" ကို မြင်မိပါတယ်။ အခုတော့ လက်ရှိအလံပဲ အလေးပြုမှာပါ၊ ဒါပေမယ့် ပြင်ခွင့်ရရင် ပြင်ချင်ပါတယ်။ ငွေစက္ကူတွေမှာ ဗိုဟ်ချုပ်ပုံပြန်သုံးချင်သလိုပေါ့။ အဆိုးဆုံးက လူငယ်တွေ မဆလ-အလံကိုမှ ပြည်ထောင်စုအလံ ထင်နေတာပါပဲ။ ပို့စ်တခုက မဆလအလံကို like ထားတာ ၈သောင်း၎ထောင်ကျော်ရှိတယ်။ လက်ရှိအလံကို မကြိုက်တာ ထင်ရှားနေတယ်။ ပြင်မယ့်ပြင် မဆလအလံအစား မှန်ကန်တဲ့ ဘိုးဘွားတိုင်းရင်းသားပြည်သူဆန္ဒအမှန်ဖြစ်တဲ့ ဒီလွတ်လပ်ရေးပြည်ထောင်စုအလံကို ပိုပြီး နှစ်သက်ပါတယ်။ ပြင်ချင်ပါတယ်။ သဘောတူရင် like ပြီး share ပေးကြပါ။
( လွတ်လပ်ရေး အလံတော် )
လွတ်လပ်ရေးနဲ့ အလံတော်
တွဲလျက် ယှဉ်ခဲ့သနော်။
ဒီအလံတော် ရနိုင်ဘို့
အောင်ဆန်းသွေးမြေကျတယ်ဗျို.။
၄၇ ရဲ.အလံတော်ဟာ
ဒို့နိုင်ငံရဲ. အလံပါ။
ခေတ်စနစ်တွေ ဘယ်လိုပြောင်း
အလံတော်လေး ဘယ်လိုဟောင်း
ဒို့စိတ် ဘယ်မပြောင်း။
လူလိမ်ကြီးတွေ ဘာပြောပြော
အလံဟောင်းလေးဘဲ ဒို့နှမျှော။
အဟောင်းကိုသာ မြတ်နိုးနေ
အသစ်ကြီးတွေ ညာဝါးဖြီး
တိုင်းပြည်ကို ဖျက်ဆီး။
နှလုံးသားမှာ စွဲထင်ပါ
ငါးပွင့်ကြယ်တွေ ၀န်းရံကာ။
အလယ်ကောင်မှာ ကြယ်ထွားထွား
ဖြူဖြူဖွေးဖွေး သူဝင့်ကြွား။
တိုင်ထိပ်ပေါ်မှာ ပြန်တင်မယ်
ငါးပွင့်ရံတဲ့ အလံကွယ်။
တွဲလက်ညီညာ ကြိုးစားစို့
ကြယ်ဖြူတွေကို ဂုဏ်တင်ဘို့။
မမဦး
၁၈-၂-၁၃
( လွတ်လပ်ရေး အလံတော် )
လွတ်လပ်ရေးနဲ့ အလံတော်
တွဲလျက် ယှဉ်ခဲ့သနော်။
ဒီအလံတော် ရနိုင်ဘို့
အောင်ဆန်းသွေးမြေကျတယ်ဗျို.။
၄၇ ရဲ.အလံတော်ဟာ
ဒို့နိုင်ငံရဲ. အလံပါ။
ခေတ်စနစ်တွေ ဘယ်လိုပြောင်း
အလံတော်လေး ဘယ်လိုဟောင်း
ဒို့စိတ် ဘယ်မပြောင်း။
လူလိမ်ကြီးတွေ ဘာပြောပြော
အလံဟောင်းလေးဘဲ ဒို့နှမျှော။
အဟောင်းကိုသာ မြတ်နိုးနေ
အသစ်ကြီးတွေ ညာဝါးဖြီး
တိုင်းပြည်ကို ဖျက်ဆီး။
နှလုံးသားမှာ စွဲထင်ပါ
ငါးပွင့်ကြယ်တွေ ၀န်းရံကာ။
အလယ်ကောင်မှာ ကြယ်ထွားထွား
ဖြူဖြူဖွေးဖွေး သူဝင့်ကြွား။
တိုင်ထိပ်ပေါ်မှာ ပြန်တင်မယ်
ငါးပွင့်ရံတဲ့ အလံကွယ်။
တွဲလက်ညီညာ ကြိုးစားစို့
ကြယ်ဖြူတွေကို ဂုဏ်တင်ဘို့။
မမဦး
၁၈-၂-၁၃
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။