Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 11, 2013

"လွမ်းလွန်းလို့" သီချင်းနဲ့ လူသိများလာတဲ့ အဆိုတော် ရဲရင့်အောင် ရဲ့ "သူပြောသော သူ့အကြောင်း"

 
"သူပြောသော သူ့အကြောင်း"
Model – Ye’ Yint Aung
Photo – Ko Naing (Popular)
Arranged by Thida Soe
ရဲရင့်အောင်ရဲ့ အနုပညာအစ
ကျွန်တော်ကလေးဘဝကတည်းက သီချင်း ဆိုချင်တယ်၊ အဆိုတော်ဖြစ်ချင်တယ်။ အဲဒီတော့ ကျွန်တော် ၁ဝ တန်းအောင်ပြီးတဲ့အချိန်မှာ အဆိုတော်ဖြစ်အောင် ကြိုးစား တယ်။ သီချင်းတွေ ရေးတယ်။ သီချင်းတွေ တီးတယ်။ အဆိုတော် တစ်ယောက်အနေနဲ့ ကျွန်တော် ဒီလောကထဲကို ဝင်လာခဲ့တာပါ။ တခြားအနုပညာ အနေနဲ့ေ တာ့ ကျွန်တော် ဘာမှမလုပ်ဖြစ်ပါဘူး။
‘လွမ်းလွန်းလို့’ သီချင်းနဲ့ ရဲရင့်အောင်
Pop Rock လိုပုံစံမျိုးလေး ကျွန်တော် လုပ်ချင်တယ်။ ကျွန်တော်လည်း အဲဒီလိုပုံစံမျိုး တစ်ခါမှ မဆိုဖူးဘူး။ ပရိသတ်ကိုလည်း အရင် လုပ်နေတဲ့ပုံစံနဲ့ မတူတာကိုပြချင် တယ်။ အဲဒါနဲ့ပဲ အဲဒီသီချင်းလေးကို ရေးဖြစ်သွားတယ်။ Bo Bo Entertainment (၁) နှစ်ပြည့်အခွေအတွက် ကိုဘိုစန်းက သီချင်းတောင်းတော့ အဲဒီသီချင်းလေး ကို ပေး လိုက်တယ်ပေါ့နော်။
သီချင်းတွေကို ဒီလိုရေးဖြစ်တယ်
သီချင်းရေးမယ်ဆိုရင် နိုင်ငံခြားက သီချင်း တွေ နားထောင်တယ်။ နိုင်ငံခြားက သီချင်းတွေရဲ့ MTV တွေကို ကြည့်တဲ့အခါမှာ သီချင်းကကြည့် လိုက်ရင် မြူးမြူးကြွကြွ ပဲ။ ဒါပေမဲ့ သူဆိုထားတဲ့အကြောင်းအရာက စိတ်မကောင်းဖြစ်စရာတွေ ပါနေတယ်။ သူတို့ရေးသလိုမျိုးလေးကို အခြေခံပြီး ရေးထားတာပေါ့နော်။ သီချင်းက မြူးကြွနေ တယ်။ အဲဒီထဲမှာ စာသားတွေကို စိတ်မကောင်းဖြစ်စရာလေးတွေထည့်မယ်ဆိုပြီး စဉ်းစားလိုက်တော့ လွမ်းတဲ့အကြောင်းအရာလေးတွေ ထည့်ဖြစ်လိုက်တယ်။ လူတိုင်း လည်း လက်ခံလောက်တယ်။ ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လည်း ရေးလို့ရတယ်ပေါ့နော်။
အကြည်ညိုဆုံး စံပြပုဂ္ဂိုလ်
အဲဒီလိုတစ်ယောက်တည်းတော့ မရှိပါဘူး။ ကျွန်တော့်ဘဝမှာဆိုရင်တော့ အကြည်ညိုဆုံး စံပြပုဂ္ဂိုလ်က ‘အဖေ’ ပါပဲ။
ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဒီလို ဖြေရှင်းခဲ့တယ်
အခက်အခဲတွေကတော့ အများကြီးပါပဲ။ အခုအချိန်အထိလည်း အခက်အခဲတွေ အများ ကြီးရှိပါသေးတယ်။ အခက်အခဲတစ်ခုကြုံတိုင်း အတွေ့အကြုံတစ်ခုရတာပေါ့ေ နာ်။ ဒီလောကထဲ ကို ဝင်လာတာ ၄ နှစ်လောက် ကြာသွားပြီဆိုတော့ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ အချိန်တန်ရင်တော့ ကျော်ဖြတ်နိုင်ခဲ့တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရေ အာင် ကျော်ဖြတ်နိုင်ခဲ့တာပဲလေ။ အခက်အခဲတွေ ကြုံတဲ့အချိန်မှာ ဘာမှစိတ်ဓာတ်ကျမနေဘဲနဲ့ ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်လုပ်သွားတယ်။ အဲဒီလိုမျိုးနဲ့ပဲ အခက်အ ခဲတွေအားလုံးကို ကျော် ဖြတ်ခဲ့တာပါ။
အနုပညာနဲ့ပတ်သက်ပြီး ရဲရင့်အောင်ရဲ့ ခံယူချက်
ကျွန်တော်တစ်ယောက်တည်းအတွက် အနုပညာနဲ့ပတ်သက်ပြီး ခံယူထားတာကတော့ အနုပညာနဲ့ပတ်သက်တဲ့အလုပ် အကုန်လုပ်တယ်။ သီချင်းဆိုလည်း ဘာဂီတကြီး မှ ညာဂီတကြီးမှ ဘာလုပ်မှ ညာလုပ်မှ အဲဒီလိုမသတ်မှတ်ထားဘူး ပေါ့နော်။ အနုပညာဆိုတာက လွတ်လွတ်လပ်လပ် လုပ်ရတာကို အနုပညာလို့ခေါ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ခေါင်းစဉ်တစ်ခုအောက်မှာ ရှိမနေ ဘဲ ကိုယ်ဖန်တီးချင်တဲ့အရာကိုပဲ အဓိကထားပြီး ဖန်တီးသွားမှာပါ။
ရဲရင့်အောင်ရဲ့ ရွေးချယ်တဲ့ဖက်ရှင်
ကျွန်တော့်အနေနဲ့ Melody တွေ Pop တွေ ဆိုနေပေမယ့် အရင်တုန်းက အရမ်းကို Rapper ဖြစ်ချင်ခဲ့တယ်။ Melody သီချင်းတွေကို သိပ်ပြီး နားမထောင်ဖြစ်ဘူး။ international ဆိုရင်လည်း Hip Hop သီချင်းတွေပဲ နားထောင်ပါတယ်။ ကျွန်တော် Rapper အရမ်းဖြစ်ချင်တယ်။ကျွန်တော် Rapper လိုပဲဝတ်ပါတယ်။ Hip Hop ဆန်တဲ့ ဖက်ရှင်တွေပဲ ဝတ်ဖြစ်ပါတယ်။
Rap စာသားတွေနဲ့ ရဲရင့်အောင်
ကျွန်တော်က Rap တွေ ဆိုချင်တယ်။ Hip Hop တွေ လုပ်ချင်တယ်။ ဒါပေမဲ့ ကျွန်တော် စဝင်လာတုန်းက Melody ဆိုတဲ့သူအဖြစ်နဲ့ ဝင်လာတာ မဟုတ်ဘူး။ ကျွန်တော် Rapper တစ်ယောက်အနေနဲ့ ဝင်လာတာပါ။ ဒါပေမဲ့ ကျွန်တော် သီချင်းရေးရတာ အဆင်မပြေဘူး။ Rap စာသားရေးရတာ ကျွန်တော့်အတွက် အရမ်းခက်တယ်။ အဲဒါနဲ့ ကျွန်တော် Rap ကို မဆိုဘဲ Melody ကို ပြောင်းဆိုတယ်။ နောက်ပိုင်းမှာဆိုရင် လေ့လာရင်းနဲ့ အခု Rap တွေလည်း ပြန်ဆိုနေပါပြီ။
Internet သုံးခြင်းအပေါ် သူ့ရဲ့ထင်မြင်ချက်
ကျွန်တော် ‘ရဲရင့်အောင်’ ဆိုပြီး စဖြစ်လာတဲ့ ‘ငါ့နေရာ’ သီချင်းကလည်း Online ပေါ်မှာ တင်ပြီးတော့ လူသိလာတာ။ Internet ကြောင့် ပါပဲ။ Online ကနေ စခဲ့တာပါ။ Online ပေါ်မှာ ကျွန်တော်သီချင်းတွေကို ပုံမှန်တင်ဖြစ်တယ်။ အဲဒီလိုနဲ့ပဲ ပရိသတ်တွေ ကျွန်တော့်ကို သတိထား မိလာအောင် လုပ်လို့ရတယ်။ အဲဒီတစ်ခုကတော့ Online ရဲ့အားသာချက်လို့ ပြောလို့ရပါတယ်။ မကောင်းတာကတော့ Facebook ပေါ့။ Facebook က လူပေါင်းစုံသုံးလာပြီးတော့ အဓိပ္ပာယ်မရှိ တာတွေ လျှောက်ရေးကြ တယ်။ ကျွန်တော့်နာမည်နဲ့ အကောင့်အတုတွေ အများကြီးပဲ။ ကျွန်တော်မရေးတာတွေကို ပေါက်ကရတွေ လျှောက်ရေးပြီးတော့ တင်တယ်။ ကျွန်တော်နဲ့ တစ်ပုံစံတည်း လိုက်လုပ်တာတွေ ရှိတယ်။ ဘယ်သူ ဘာလုပ်လုပ်၊ ဘယ်သူဘာရေးရေး ငါသာတော် တယ်၊ ကျန်တဲ့လူတွေ အကုန်လုံး အလကားဆိုတဲ့ လူမျိုးတွေလည်း Facebook မှာ အများကြီးပဲ။ တစ်ဖက်သားကို ထိခိုက်အောင်လုပ်တဲ့ လူတွေ လည်း အများကြီးပေါ်လာတယ်။ Online ရဲ့ ကောင်းကျိုးဆိုးကျိုးတွေပေါ့။
Music နဲ့ပတ်သက်ပြီး ရဲရင့်အောင်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်
Music က လူတွေရဲ့စိတ်ကို ပြောင်းလဲလို့ ရတယ်။ နူးညံ့အောင်လုပ်လို့ရတယ်။ စိတ်ဆင်းရဲ နေတဲ့အချိန်၊ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အား တက်လာအောင် နားထောင် လို့ရတဲ့ သီချင်းတွေ ရှိတယ်လေ။ သံစဉ်၊ ဂီတတွေက လူမှမဟုတ်ဘူး ရေကိုတောင်မှ ပုံစံပြောင်းအောင်လုပ်လို့ ရတယ် လို့ စာအုပ်တွေမှာ ဖတ်ဖူးတယ်။ အသံနဲ့စိ တ်ဓာတ် တွေကို ပြောင်းလဲပစ်လို့ ရတယ်။
မိဘအပေါ်ထားတဲ့ ရဲရင့်အောင်ရဲ့ စိတ်သဘောထား
ကျွန်တော် ဘာလုပ်လုပ်အဖေနဲ့အမေကို အမြဲတမ်းတွေးပါတယ်။ ပြီးတော့ ကျွန်တော် အခုရတဲ့ အနုပညာကြေးနဲ့ အဖေ၊ အမေကို အမှတ်တရပစ္စည်းလေးတွေ ဝယ်ေ ပးဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော် အဖေနဲ့အမေကို မထောက်ပံ့နိုင်သေးပါဘူး။ အဖေနဲ့အမေကို အရမ်းကျေးဇူးဆပ်ချင်ပါတယ်။ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်ေ သးပါဘူး။
ရဲရင့်အောင်ရဲ့အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုပုံ
ကျွန်တော်ရဲ့အချစ်ရေးကတော့ အေးအေး ဆေးဆေးပါပဲ။ ပရိသတ်တွေ သိကြပါတယ်။ Facebook မှာလည်း တရားဝင်တင်ထားပါတယ်။ အချစ်နဲ့ပတ် သက်ပြီး အဓိပ္ပာ ယ်ဖွင့်ဆိုပါဆိုရင် အချစ်က ပေးဆပ်ခြင်းလည်း မဟုတ်ဘူး၊ ရယူ ခြင်းလည်း မဟုတ်ဘူး။ အဓိကက ချစ်နေဖို့ပါပဲ။ အခု ကျွန်တော် ရွေးချယ်ထားတဲ့ ချစ်သူက ကျွန်တော်စိတ်ကူးထဲက ချစ်သူပုံစံနဲ့ ထပ်တူကျပါ တယ်။ အရင်တုန်းက ထပ်တူမကျခဲ့တာတွေ နည်းနည်းရှိပေမယ့် အခုတော့ ထပ်တူကျသွားပါ ပြီ။
ရဲရင့်အောင်ရဲ့ အနာဂတ်အစီအစဉ်
သီချင်းဆိုတာက အသက်ကြီးသွားတဲ့အထိ အဆိုတော်အနေနဲ့ လုပ်လို့မရဘူးပေါ့နော်။ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကြောင်း အနေနဲ့ အလုပ်တစ်ခုတော့ လုပ်ဖို့ရှိပါတယ်။ ကျွန်တော် အဆိုတော်လုပ်လို့မရမယ့်အရွယ်အထိ ရောက်နေပါစေ။ ကျွန်တော်ကတော့ ကိုယ့်ဘာ သာတစ်ယောက်တည်း သီချင်းတွေ ဆိုနေဦးမှာ ပါ။
သီတာစိုး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။