MM Social Sky
ဘာသာစကား လေ့လာပုံများ
ကချင်း ( MM Social Sky )
တနေ့က ဆိုက်ကားဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်...
တခုရှိ လမ်းများ ပေါ်တွင် လိုက်ပါပို့ဆောင်ပေး
ဖို့ ဆိုက်ကားဆရာ ကျွန်တော့်ကို နိုင်ငံခြားသား
တဦးလာ ဌားပါတယ်။

အဲ့ဒီအထိ အားလုံး အဆင်ပြေပြေပေါ့ဗျာ
ကျွန်တော်လဲ မတောက်တခေါက်တက် တဲ့ စကား
လေးတွေနဲ့ ဗိုလ်လို ရှင်းပြနေရင်း တစ်လမ်းဝင်
တစ်လမ်းထွက် လိုက်ပို့ပေးရင်းပေါ့။
မကြာပါဖူး ရန်ကုန်မြို့မှ စီးကမ်းရှိလှသော
ကားမောင်းသူ တစ်ဦးက လမ်းပြောင်းပြန် အရှိန်ဖြင့်
မောင်းလာတော့ ဆိုက်ကားနှင့် မတိုက်မိအောင်
ရှောင်လိုက်တော့ လွတ်သွားပေမဲ့ ကံမကောင်းစွာပဲ
ဆိုက်ကား မှောက်သွားပါတယ်။
ကျွန်တော်နှင့် နိုင်ငံခြားသား လဲပိုးလိုးပက်
လက်လဲလို့ အနည်းငယ် ဒဏ်ရာရလို့ ငြီးနေတုန်း။
သူ့ကတော့ စာအုပ်တစ်အုပ်ကို အသည်းအ
သန် စာမျက်နှာ တခုပြီးတခု လှန်နေရင်း သူ့ ဒဏ်ရာကို
တောင် မေ့နေသော စိတ်ဝင်တစား သူ့ကို ငေးကြည့်မိ
တော့.....
အော် ...သကောင့်သားက အတန်ကြာမှ
အသံထွက်လာတယ် .... " အမလေး နာလိုက်တာတဲ့ "
မြန်မာလို့ မပီကလာ ပီကလာ အော်တာ ....အနော်မှာ
ဒဏ်ရာကိုမေ့ပြီး သူ့ကြောင့် ပြုံးနေမိပါတော့တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။