အုန်းနို့ နို့ဆီ
နို့ဆီကို နွားနို့က ထုတ်လုပ်တာလောက်ဘဲ မြန်မာနိုင်ငံက လူတွေက သိကြတယ်။ ကျွဲ၊ ဆိတ်၊ သိုး စတဲ့ တိရစ္ဆာန် တွေဆီက တဆင့် နို့ဆီထုတ်လုပ်နိုင်တာကိုတေ
အမေရိကန်နိုင်ငံ၊ ယူတာ့ပြည်နယ်၊ ဆော့လိတ်မြို့ရဲ့ Farme...r Market လို့ အမည်ပေးပြီး ရောင်းချနေတဲ့ စနေဈေး တခုမှာဆိုရင် သိုးရဲ့နို့ကနေ ထုတ်လုပ်ထားတဲ့ အသားလှလိမ်းဆီ စနိုးတမျိုးကို ကြော်ငြာရောင်းချနေတာ ကိုယ်တိုင် မြင်တွေ့ခဲ့ရဘူးပါတယ်။
နို့ဆီလို့ပြောလိုက်ရင် နွားနို့တမျိုးတည်းကိုသာ ထုတ်လို့ရသလို ဖြစ်နေတဲ့ အတွေးအခေါ် ကျဉ်းမြောင်းမှုက မြန်မာနိုင်ငံမှာ ယနေ့အထိ ရှိနေဆဲပါ။ တိုးတက်နေတဲ့ နိုင်ငံတွေမှာတော့ အခြားအခြားသော တိရစ္ဆာန်တွေဆီက နို့တွေကိုပါ နို့ဆီထုတ်လုပ် စားသုံးကြပါတယ်။
တိရစ္ဆာန်တွေဆီက ရတဲ့ နို့တွေက တဆင့် နို့ဆီထုတ်လုပ်နေရုံမျှမက အခုဆိုရင် အုန်းသီးကို အုန်းနို့ညှစ်ယူလို့ရတဲ့ အုန်းနို့က တဆင့်လည်း နို့ဆီချက်ပြီး အုန်းနို့ နို့ဆီအဖြစ် ထုတ်လုပ်ရောင်းချနေကြပါပြီ။
မက်ဆီကိုနိုင်ငံက ထုတ်လုပ်တဲ့ အုန်းနို့ နို့ဆီတွေဟာ အမေရိကားရဲ့ နို့ဆီဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူ ရောင်းချလာတာကို တွေ့နေရပါတယ်။ ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ရှိတဲ့ Parque Industrial Lerma ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး Make in Mexico စာတမ်းရိုက်နှိပ်ထားတဲ့ “Calahua” နာမည်နဲ့ အုန်းနို့ နို့ဆီတွေ အမေရိကန်ဈေးကွက်မှာ ပြန့်နှံ့လို့နေပါပြီ။ RUM နဲ့ RUMCHO ကုန်စည်အရောင်းဆိုင်တွေမှာ အမြောက်အများ ဝယ်ယူလို့ ရနေ ပါပြီ။
ထိုင်းနိုင်ငံ၊ ထိုင်းဝမ်နိုင်ငံနဲ့ အာရှနိုင်ငံတချို့ကတော့ အုန်းရည်နဲ့ အုန်းနို့တွေကိုသာ သံဗူးပါကင်တွေနဲ့ အမေရိကန် ဈေးကွက်ကို နေရာယူနိုင်တာ တွေ့ရပါတယ်။ မက်ဆီကို နိုင်ငံကတော့ အုန်းသီး၊ အုန်းရည်၊ အုန်းနို့၊ အုန်းနို့ နို့ဆီ ဆိုပြီး ဈေးကွက်နေရာယူဖို့ ကြိုးစားနေတာကို တွေ့နေရတယ်။ အုန်းရည်မှာတော့ အာရှအုန်းရည်က လူကြိုက်များတာကို တွေ့ရတယ်။
မက်ဆီကိုနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ရာသီဥတုတူတဲ့ နိုင်ငံပါ။ အမေရိကန်နိုင်ငံရဲ့ တောင်ဘက်မှာရှိတယ်။ ကာလီဖိုးနီးယား၊ အာရီဇိုးနား၊ နယူးမက်ဆီကို နဲ့ တက်ဆက်ပြည်နယ်တွေကို နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် အမေရိကန်နိုင်ငံကို ကုန်သွယ်ဖို့ အခွင့်အလမ်းအများကြီးရထားတဲ
အုန်းနို့က ထုတ်တဲ့နို့ဆီဟာ အနံ့အရသာ အလွန်ကောင်းတာကို တွေ့ရတယ်။ အုန်းနို့ရဲ့ မွှေးရနံ့ကလည်း စားသုံး သူရဲ့ အာရုံကို ပိုပြီးဆွဲဆောင်မှုတခုဖြစ်စေ
တိရစ္ဆာန်တွေရဲ့နို့က နဂိုမူလရှိနေတဲ့ ညှီနံ့ကိုပျောက်အောင်လုပ်ရတ
ကမ္ဘာပေါ်မှာ အုန်းသီးပေါတဲ့ နိုင်ငံတွေ အမြောက်အများရှိပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါတယ်။ အခု အချိန်ထိတော့ အုန်းသီးနဲ့ပတ်သက်ပြီး အုန်းရည်၊ အုန်းဆီ၊ အုန်းနို့၊ အုန်းနို့ နို့ဆီ၊ အုန်းခွံ ဘာကိုမှ နိုင်ငံခြားကို တင်ပို့ နိုင်ခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ အုန်းရည် နဲ့ အုန်းနို့ အမေရိကားကို အမြောက်အများ တင်ပို့ ရောင်းချနေပါတယ်။ အိန္ဒိယနိုင်ငံကတော့ အုန်းဆံနဲ့ လုပ်ထားတဲ့ ပန်းအိုး၊ တံမြက်စီး၊ ခြေသုတ်စရာအမျိုးမျိုး အမေရိကားကို တင်ပို့နေပါတယ်။
အုန်းနို့ကို သကြားနဲ့ အချိုးကျ ရောစပ်ကျိုချက်လိုက်ရုံနဲ့ နို့ဆီဖြစ်လာတဲ့ ချိုဆိတ်မွှေး အုန်းနို့ နို့ဆီသာ ကမ္ဘာ့ ဈေးကွက်ထဲ နေရာယူလာနိုင်မယ်ဆိုရင် အုန်းသီးထွက်တဲ့ နိုင်ငံတွေ အလွန်အဆင်ပြေသွားမှာပါ။ အလွန်မွှေးတဲ့ အုန်းနို့ နို့ဆီရဲ့ ထူးခြားချက်က တိရစ္ဆာန်က ထွက်တဲ့ နို့ဆီထက် တပန်းသာနေတာကို စားသုံးဘူးသူတိုင်း သိလာနေကြပါပြီ။ ဒါကြောင့်လည်း နို့ဆီကို အုန်းနို့က ချက်လို့လည်းရတယ်ဆိုတာကို မက်ဆီကိုနိုင်ငံက လက်တွေ့လုပ်ပြပြီး အမေရိကားရဲ့ ဈေးကွက်ထဲ လက်တွေ့ဝင်ရောက်ထိုးဖောက် လိုက်ပါပြီ။
သမရိုးကျလောက်သာ စဉ်းစားလေ့ရှိတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေလည်း နို့ဆီကို အုန်းနို့ကတဆင့် ချက်ကြည့်ကြပါလို့ အကြံပြုလိုက်ပါရစေ။ နို့ဆီချက်နည်းတတ်ပြီးသား မြန်မာလူမျိုးများအတွက် အုန်းနို့ကနေ နို့ဆီချက်တာ ကိုတော့ ခက်လိမ့်မည်ဟု မထင်ပါ။ မြန်မာနိုင်ငံမှာ ဘယ်သူမှ မမြင်သေးတဲ့၊ ဘယ်သူမှ မသိသေးတဲ့ အုန်းနို့ နို့ဆီကို သင် အလျင်ဆုံး ပြုလုပ်ပြီး ဈေးကွက်ထဲ ဖြန့်နိုင်ခဲ့မယ် ဆိုရင်တော့ သင်ဟာ မြန်မာနိုင်ငံရဲ့ ရှေ့ဦး အုန်းနို့ နို့ဆီချက်သူဖြစ်လာပါ လိမ့်မယ်။ အဲဒီအပြင် ပြည်ပနို့ဆီကိုသာ အားကိုးနေရတဲ့ မြန်မာပြည်ရဲ့ နို့ဆီဈေးကွက်ထဲမှာ သင်ရဲ့ ပြည်တွင်းဖြစ် အုန်းနို့ နို့ဆီဈေးကွက်လည်း နေရာယူလာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ သင်မြင်ရင် မြင်သလောက် သင့် ဦးနှောက် ပြေးရင်ပြေးသလောက် သင့်လုပ်ငန်းနဲ့ သင့်ရဲ့အောင်မြင်မှုလည်း ရလာပါလိမ့်မယ်။
အုန်းသီးပေါတဲ့ မြန်မာနိုင်ငံရဲ့ အားသာချက် အညှာကိုကိုင်ပြီး မြန်မာပြည်သူတွေလည်း အုန်းနို့ နို့ဆီ ထုတ်လုပ်နိုင် ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
မင်းကျော်ကျော်ထွန်း (မော်လမြိုင်)
၂၀၁၃ စက်တင်ဘာလ ၁၂- ရက်၊ ကြာသာပတေးနေ့။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။