May May Kyaw
ဒေါ်လာ ၁၀၀ တန် ကို နည်းပညာ အဆင့် မြင့် ဒီဇိုင်း သစ် ဖြစ် ထပ်မံ ထုတ် ဝေ
အမေရိကန် လွတ်လပ်ရေး အတွက် ဦးဆောင်ဦးရွက် ပြု ခဲ့သူ တစ်ယောက် ဖြစ်တဲ့ သိပ္ပံပညာရှင် ဘင်ဂျမင် ဖရန်ကလင် ရဲ့  ရုပ် ပုံ လွှာ
နဲ့  ဒေါ်လာ ၁၀၀ တန် ငွေ စက္ကူ ကို ဒီနေ့  ဖြန့် ချိ လိုက် ပါတယ်။

နည်းပညာ အသစ် တွေ နဲ့  ပြု လုပ် ထား တာ ကြောင့် အတု လုပ် လို့  မရ
ဘူး လို့  ဗဟိုဘဏ် က ဆို ပါတယ်။ ခရမ်းလွန် ရောင် ခြည် မီးအောက် ရောက် သွား ရင် ရေစာ က ပန်းရောင် ပြောင်း သွား တာနဲ့  ပုံနှိပ်
ထား တာ မဟုတ် ဘဲ ပိုက်ဆံ အတွင်း ပိုင်း မှာ ထည်း သွင်းထားတဲ့ ရေစာကြိုး အပြာရောင် မှ 3D စနစ် စတာ တွေ ပါဝင် ပါတယ်။
ဒေါ်လာ ၁၀၀ တန် ဖြစ် ဖို့  အတွက် တန်းဖိုး ကို က ဆယ် တစ် ဒေါ်လာ ရှိတယ် လို့  ဆို ပါတယ်။
ငွေ စက္ကူ ရဲ့  ကျောဘက် မှာ လွတ်လပ် ရေး ကြေငြာ ခဲ့ တဲ့ ဖီလား ဒယ်(လ)ဖီးယား က လွတ်လပ် ရေး ခန်းမ ဆောင် ကြီး ကို အနယ် အမှု န် ကွပ် ထား တဲ့ ပုံရိပ် ဖော် စနစ် နဲ့  ပြု လုပ် ထား ပြီး ငွေ စက္ကူ ကို ကော်တွန် ၊ လီနင် တို့  နဲ့  ပြု လုပ် ထား ပြီး အစိမ်း ရောင် အနက် ရောင် မှင် နဲ့  ပုံ နှိပ် ထား ပါတယ်။
၁၉၉၆ ခုနှစ် က ထုတ် ဝေ ခဲ့ တဲ့ ဒေါ်လာ ၁၀၀ တန် ကို ဒီဇိုင်း ပြောင်း ပြီး
ထုတ် ဝေတာ ဖြစ် ပါတယ်။ အင်္ဂါနေ့ မှာ စတင် ဖြန့် ချိ တဲ့ ဒေါ်လာ ၁၀၀ တန် ကို ၃.၅ ဘီလျှံ ဖိုး ထုတ် လုပ် မှာ ဖြစ် ပါတယ်။
Credit to Freedom News Group( Burma )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။