ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
2015မှာ မဲပေးတော့မယ်ဆိုရင်
**********************
**********************
မြန်မာနိုင်ငံမှာ အင်အားကြီးပါတီဆိုလို့
နှစ်ခုပဲရှိတယ်...အားလုံးသိကြတဲ့အတိုင်း...စစ်အစိုးရစနစ်တကျဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ေ၇းနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)...
နောက်တစ်ခုက...အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)
NLDပါတီကို1988 ခုနှစ်စက်တင်ဘာလ 27နေ့မှာတင်ဖွဲ့စည်းခဲ့တယ်....
နာယကကြီးများအဖြစ် ဟံသာဝတီဦးဝင်းတင်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း
ဦးတင်ဦးတို့ကတာဝန်ယူပြီး ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဌအဖြစ်
တာဝန်ယူထားတယ်....NLDပါတီဟာ...1990ခုနှစ် ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့ပေမယ့်
အစိုးရက အာဏာလွဲပြောင်းခြင်းမပြုခဲ့ဘူး.. အဲဒီနောက်ပိုင်း..စစ်အစိုးရဟာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
အကြောင်းအမျိုးမျိုးပြပြီး နေအိမ်အကျယ်ချုပ်ချခဲ့တယ်...NLDပါတီဝင်တွေကို
ဖမ်းဆီးထောင်ချဖြိုခွဲခဲ့ပေမယ့်..စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ချင်တဲ့
ပြည်သူလူထုတွေကြောင့် ယနေ့ထိ NLDပါတီဆိုတာ ရပ်တည်နိုင်ခဲ့တယ်..
ဘာကြောင့် NLDအပါအ၀င် အနိုင်ရ တိုင်းရင်းသားပါတီ(SNLDခေါင်းဆောင်
ဦးခွန်ထွန်းဦးတို့ပါဝင်သည်)စစ်အစိုးရက ဖြိုခွဲခဲ့ရသလဲ...အဖြေကရှင်းရှင်းလေးပဲ...စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက်ပေါ့....တိုင်းရင်းသားများရဲ့
တောင်းဆိုသံ..ပြည်သူလူထုတွေရဲ့တောင်းဆိုသံ...
နိုင်ငံတကာရဲ့ဖိအားပေးမှုတွေကြောင့်...မချစ်သော်လည်းအောင့်ကာနမ်းဆိုသလို ..
RoadMap လို့ခေါ်တဲ့လမ်းပြမြေ့ပုံကြီးကိုဆွဲပြီး အချိန်ဆွဲခဲ့ကြတယ်အရောင်ပြ အမျိုးသားညီလာခံကြီးကို နှစ်ရှည်လများကျင်းပခဲ့တယ်...
စစ်ဗိုလ်ချုပ်တွေ တိုင်းပြည်ကိုအုပ်ချုပ်လို့မဖြစ်နိုင်တော့ဘူးလို့...သိလိုက်တဲ့အချိန်မှာ
စစ်ဗိုလ်ချုပ်တွေလူဝတ်လဲပြီး...ကြံ့ဖွံ့ပါတီအကြီးအကဲများအဖြစ်ရောက်ရှိလာခဲ့ကြတယ်...အရေးကြီးဝန်ကြီးဌာနတွေမှာ စစ်ဗိုလ်ချုပ်တွေကို ၀န်ကြီးတွေအဖြစ် အသွင်ပြောင်းလဲခဲ့တယ်....တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်တွေဟာ
အသွင်ပြောင်းစစ်ဗိုလ်ချုပ်တွေဖြစ်နေကြတယ်(ပြောရရင် စစ်အာဏာရှင်စနစ်ပြောင်းလဲသွားပေမယ့် ဒီလူဟာဒီလူတွေပါပဲ)...
ဒီမိုကရေစီအခန်းကဏ္ဍကိုရောက်လာပြန်တော့လည်း...အရေးကြီးတဲ့
အမျိုးသားလွှတ်တော်နာယက ဥက္ကဌ..ပြည်ထောင်စုလွှတ်တော် နာယက
ဥက္ကဌ...စတဲ့အရေးကြီးနေရာတွေဟာ ဘောင်းဘီချွတ်လူတစ်စုသာဖြစ်လာခဲ့တာ...လူတိုင်းသိတဲ့ကိစ္စပါ...2010 ဟန်ပြရွေးကောက်ပွဲမှာလည်း...မဲအနိုင်ရဖို့အတွက် ကြိုတင်မဲတွေ...
နိုင်ငံသားမဟုတ်တဲ့သူတွေကို(အကြမ်းအားဖြင့် ဘင်္ဂလီငါးသိန်းကိုဆိုလိုသည်) White Cardတွေပေးပြီး...မဲအပြတ်အသတ်
အနိုင်ရပါတယ်လို့ကြေငြာပြီး...နိုင်ငံကိုဆက်ပြီးအုပ်ချုပ်နေတာလည်းသူတို့တွေပါပဲ...ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ လက်ရှိအစိုးရ
ကျောထောက်နောက်ခံပြုထားတဲ့...အင်အားကြီးပါတီတစ်ခုပါ....
ပါတီရန်ပုံငွေများတယ်....လူအင်အားများတယ်...ပြည်သူလုူထု မကြည်ညိုတဲ့ပါတီဆိုပေမယ့် 2015မှာ လူအင်အားသုံးပြီး အာဏာသုံးပြီး
ငွေအင်အားသုံးပြီး..ဘယ်လိုမဲအနိုင်ရအောင်လုပ်မလဲဆိုတာ
Surveyလုပ်ပါအုံးမယ်ခင်ဗျာ.....။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်းကို မကြာမီဖော်ပြပါမည်)
Moekyashweco
Moekyashweco
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။