MM Social Sky
ကိတ်နှင့် ယဉ်ကျေးမှုဓလေ့
တလောက စာရေးသူတို့အဖွဲ့ စုပေါင်းရုံးခန်းလေးတစ်ခု ဖွင့်ခဲ့ကြတယ်။
ထုံးစံအတိုင်း ဖွင့်ပွဲအတွက် ကိတ်လှီးဖို့ စဉ်းစားမိကြတယ်။ ဒါနဲ့ 77 Cake ဆိုင်မှာ ကိတ်လေး တစ်ခု အော်ဒါမှာပြီး ကိတ်နဲ့ အအေးပုလင်း တစ်ပုလင်း
စီကျ ဖွင့်ပွဲနေ့မှာ ပျော်ပျော်ပါးပါး ကျင်းပဖြစ်ခဲ့ပါတယ်။ ...
ဘတ်ဂျတ် ချွေတာတဲ့ အနေနဲ့ရော၊ ကိုယ့်အဖွဲ့သားတွေချည်းဖြစ်တာကြောင့် တခြားအကျွေးအမွေးထက်စာရင် ကိတ်မုန့်နဲ့ အအေးက အတော်လေး အဆင်ပြေတာ တွေ့ခဲ့ရပါတယ်။

ကိတ်နဲ့ ပတ်သတ်ပြီး အမျိုးအစားတွေ ခွဲကြည့်သလောက်၊ Wedding Cake နဲ့ Birthday Cake (၂) မျိုးက ဒီနေ့မှာ တကယ့် Popular Culture ဖြစ်နေပါတယ်။
ကိတ်တွေရဲ့ သမိုင်းအစကို လေ့လာကြည့်မိတော့…
Birthday Cake
19th ရာစုနှစ်အလယ်လောက်တည်းက အနောက်တိုင်းယဉ်ကျေးမှု အစဉ်အလာအရ မွေးနေ့တွေမှာ ကိတ်ပေါ် ဖယောင်းတိုင်ထွန်း၊ သီချင်းနဲ့ မွေးနေ့ရှင်ကို ဆုတောင်းတဲ့ အလေ့အထ ရှိခဲ့ပါတယ်။
ယင်းကိတ်တွေကို အစောပိုင်းမှာ Banbury cake လို့ ခေါ်ဝေါ်ကြပြီး
နောက်ပိုင်း Birthday Cake (မွေးနေ့ကိတ်) ဖြစ်လာပါတယ်။
ဒီဘက်ခေတ်မှာလဲ မွေးနေ့ရောက်တိုင်း ကလေးလူကြီးမရွေး
မွေးနေ့ကိတ်ခွဲတာတွေ၊ မွေးနေ့ရှင်အတွက် ကိတ်လက်ဆောင်ပေးတာတွေ
က ယဉ်ကျေးမှု တစ်ခုလို ဖြစ်လာနေပါပြီ။
Wedding Cake
မင်္ဂလာအခမ်းအနားတွေမှာလဲ ကိတ်က နေရာတော်တော်ယူလာပါပြီ။
ငွေကြေးတတ်နိုင်၊ခမ်းခမ်းနားနားနဲ့ စိတ်ကူးတဲ့အလျောက် wedding cake ကို ဒီဇိုင်းအမျိုးမျိုး ဖန်တီးလာကြပါတယ်။
Wedding Cake ဆိုရင်ဖြင့် လွန်ခဲ့တဲ့ 1840 ခုနှစ်တုန်းက ကွင်း ဗစ်တိုးရီးယားမှ သူ့ကြင်ယာတော် ပရင့် အဲဘတ် နဲ့ မင်္ဂလာအခမ်းအနားမှာ
တည်းက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အနောက်အတိုင်းအယူအဆတစ်ခုကတော့ လက်ထပ်ပွဲတွေမှာ ကိတ်လှီးခြင်းက မင်္ဂလာမောင်နှံနဲ့ ကြွရောက်လာတဲ့ ဧည့်သည်တွေကို ကံကောင်းခြင်း ဖြစ်စေတယ်လို့ ယူဆလေ့ရှိပါတယ်။
AkaRy (MM Social Sky)
Ref@wiki

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။