Golden Land Myanmar added 3 new photos to the album နော်ဝေမှ ကျွန်းမြို့  Lofoten.
နော်ဝေနိုင်ငံ မြောက်ပိုင်းပြည်နယ် Nordland တွင်းရှိ Lofoten အမည်ရ ကျွန်းစုမြို့ ငယ်လေး ဖြစ်ပါ တယ်။ ဘယ်လောက် လှတဲ့ မြို့  ဖြစ်တယ် ဆိုတာ ပုံကြည့်ရုံ နဲ့တင် သိရှိ နိုင်ပါတယ်။ ဒါတောင် အပေါ်ယံ မှာပဲ ရှိပါတယ်။ ရေအောက် မှာ ကမ္ဘာ့ အရှားပါးဆုံး သော သန္တာ ကျာက်တန်း စုကြီးတွေ၊ ငါးပူတင်း မျိုးစိတ်တွေ၊ အခြားသော ရေနေ သတ္တဝါကြီးငယ် စုံလင်စွာနဲ့ ရင်သပ်ရှုမောဖွယ်ကို လှပလို့နေပါတယ်။
လူဦးရေသိပ်မရှိပါဘူး။ အဓိက စီးပွားရေး...လုပ်ငန်းက တံငါ ဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ ကမ္လာလှည့် ခရီးသွားလာရေး အတွက် စီးပွားတွင်တဲ့ မြို့ ဖြစ်နေပြီ ဖြစ်ပါတယ်။ ရေငုပ်၊ တောင်တက် စက်ဘီးမောင်း၊ ပင်လယ်ခရီး၊ ကမ်းခြေအပန်းဖြေ အစရှိသဖြင့် လည်ပတ်စရာ နေရာစုံစုံလင်လင်နဲ့ အလည်ရောက် သူများအတွက် ဝန်ဆောင်မှု အပြည့်အဝ ပေးထားပါတယ်။
Lofoten ရဲ့  ထူးခြားချက်က ရာသီဥတု အပြောင်းအလဲ မြန်ခြင်း ဖြစ်ပါတယ်။ လက်တီကျု အမြင့်ပိုင်းမှာရှိတဲ့အတွက် အရမ်းမြင့်၊ အရမ်းနိမ့်တဲ့ ရာသီဥတုဒဏ် တစ်ခု ရှိပါတယ်။ သို့ပေမယ့် ၁၂ ရာသီမှာ အေးတဲ့ကာလက အများစုပဲ ဖြစ်ပါတယ်။ ဥရောပတိုက်တွင်း နော်ဝေနိုင်ငံသို့ အလည်ရောက်သူများအတွက် Lofoten ဟာ လည်ပတ်ချင်စရာ အကောင်းဆုံးနေရာ အဖြစ် တည်ရှိနေကြောင်း သိရပါတယ်။
အောင်ခမ်း (ရိုးရာလေး)
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။