TechSpace Journal
Nissan က ထုတ်သော စမတ်နာရီ
Aung Kham (TSJ team)
နည်းပညာ ကုမ္မဏီကြီးများက စမတ်နာရီ ထုတ်မယ်လို့ တစ်ဖွဖွ ပြောနေရာနေ Nissan ကားကုမ္မဏီက အားလုံးကို အံ့သြစေမယ့် LED မျက်နှာပြင်နဲ့ စမတ်နာရီကို ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ နာရီပါပဲ။ လောလောဆယ်ကတော့ မော်တော်ယဉ်မှာ အသုံးပြုဖို့အတွက်ပဲ အဓိကထား ရည်ရွယ်သော နာရီ ဖြစ်ပါတယ်။
သူလုပ်ဆောင်နိုင်တာတွေ ကတော့ -
Bluetooth Smart Device app မှတစ်ဆင့် ကားကို ဆက်သွယ်ပါမယ်။ ကားရဲ့  Telematics နဲ့ စွမ်းဆောင်ရည် သတင်းအချက်အလက်များကို နာရီမှ တစ်ဆင့် ဝင်ရောက် ကြည့် ရှု ရပါမယ်။ကားအတွက်တင် မကတော့ပဲ ကားမောင်းနေတဲ့ ဒရိုင်ဘာရဲ့  ကျန်းမာရေး အခြေအနေကိုလည်း Heart-ratge monitor မှတစ်ဆင့် ထောက်လှမ်းပေးနေမှာ ဖြစ်ပါတယ်။
ကား ရဲ့  ဆီစားနှုန်း၊ သွားနှုန်း၊ ခရီးအကွာအဝေး နှုန်းနဲ့ ကားရဲ့  အင်ဂျင်စွမ်းဆောင်ရည် များကို အချိန်ပြည့် စောင့်ကြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့  Entertainment နဲ့ အခြား Security System များကိုလည်း ယင်းနာရီမှ တစ်ဆင့် ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Nissan Smartwatch အဖြစ် မိတ်ဆက် ပြသလိုက်ပြီး Nissan ရဲ့  နောက်ထွက် မော်ဒယ်ကား အချို့ ရောင်းချမှုမှာ ပူးတွဲ ပါဝင်သွားမှာ ဖြစ်ပါတယ်။
နောက်ဆိုရင် ကားအတွက်တင်မကပဲ စမတ်ဖုန်းများနဲ့ပါ တွဲဆက် အသုံးပြုနိုင်မယ့် နည်းပညာအထိ ရည်ရွယ် ဖန်တီးလျက် ရှိပါတယ်။ Nissan ဟာ မော်တော်ယာဉ်တင်မကပဲ Mobile Device ဈေးကွက်ကို ဝင်ရောက် လာနိုင်ကြောင်း သက်သေပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဇိုင်းအားဖြင့်လည်း ထူးခြားလှပတဲ့ Nissan Smartwatch ရဲ့ အကြောင်းအရာကို အောက်ပါ ဗီဒိယိုမှာ လေ့လာ နိုင်ပါတယ်။
http://youtu.be/KnXIiKKiSTY
http://blog.techspace.com.mm/2013/09/nissan.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။