Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 22, 2013

" အပျင်းပြေ _ ၄"


" အပျင်းပြေ _ ၄"

. . . . . . . မိုက်ဖူးကြလားဗျ။ ကျွန်တော့် ဘော်ဒါတစ်ယောက်ဆို တကယ်မိုက်တယ်။ လူပုံက ဖြူဖြူနွဲ့နွဲ့နဲ့ မျက်နှာက အမြဲပြုံးနေတာ။ မိုက်မယ်ကို မထင်ရတာမျိုး။ သဘောကလည်း ခပ်ကောင်းကောင်း။ အင်း .. ဘော်ဒါ ဆိုပေမယ့် နည်းနည်းတော့ကြီးပါတယ် .. တက္ကသိုလ်မှာ စီနီယာ ဂျူနီယာပေါ့ဗျာ။


. . . . . . . တခါဆို သူများဆိုင်ကယ်တစ်စီး လှလှလေးကို ခဏစီးမယ်ဆိုပြီး ယူမောင်းသွားတာ။ အဲဒီတုန်းက ဆိုင်ကယ်လုံးဝစီးလို့ မရဘ...ူးလေ။ jumping bike အမိုက်စားလေး ဆိုတော့ ပိုင်ရှင်လည်း ရင်တမမနဲ့ တမျှော်မျှော်လုပ်ရတာ နာရီဝက်လောက်ကြာတယ်။ ပြန်ရောက်လာတော့ ချွေးသံတရွှဲရွှဲနဲ့ .. ရော့ ၊ ပြေးတော့ တဲ့။ ဘာ .. ဘယ်လို ဆိုတော့။ မော်တော်ပီကယ်ကလိုက်ဖမ်းတာတဲ့။ ရဲက BMW ကြီးနဲ့ မြို့ထဲလမ်းမှာ ဘယ်လွတ်ပါ့မလဲ။ ပြေးမလွတ်တော့လို့ မော်တော်ပီကယ်ရော ဆိုင်ကယ်ရော မြောင်းဘေးမျှားခေါ်ပြီး ကန်ချထားခဲ့ရသတဲ့။ အခုမော်တော်ပီကယ်ရော ဆိုတော့ .. မြောင်းထဲမှာ တဲ့။ ကျွန်တော်တို့တွေ ရီရမလို ၊ ငိုရမလို။

. . . . . . . တခါတော့ အဆောင်မှာ ဖဲဝိုင်းရှိတဲ့ တစ်ညပေါ့။ ကျောင်းသားနည်းနည်းနဲ့ အပြင်လူတွေလဲပါတယ်ဗျ။ အပြင်လူတွေထဲက တစ်ယောက်က ခပ်ကျယ်ကျယ် ၊ ခပ်ဟော့ဟော့ ဆိုပါတော့ဗျာ။ နှစ်မြို့ဖွယ် မရှိဘူးဗျ။ လူကောင်က ထွားထွားနဲ့ ၊ အထက်စီးလေနဲ့ ၊ ညစ်ညမ်း ဘမ်းစကားတွေလှိုင်လှိုင်သုံးပြီး ဟောင်ဖွာဖွာနဲ့ပေါ့ဗျာ။ အထက်စီးလေသံနဲ့ပဲပြောတတ်တဲ့လူမျိုးဗျာ .. သိတယ်မဟုတ်လား .. အကြောင်းမဲ့ ကျော်ခွပြီး ဆရာကြီးအထာလိုလို လူတွင်ကျယ်လိုလိုပေါ့။ မြင်မှာပါ။ . . . အဲ ဒီလူက အကုန်လုံးကို အဲဒီလို အထာနဲ့ စီးနေတဲ့အထဲ ကျွန်တော့်ဘော်ဒါကိုလည်း ခပ်ထေ့ထေ့ရိတယ်ဗျ။ ကျွန်တော့်ဘော်ဒါကလည်း အမြဲပြုံးပြုံးနဲ့ဆိုတော့ အဆိပ်ရှိပုံလည်း မပေါ်ဘူးလေ။ တစ်ခါ နှစ်ခါ တော့ ဘာမှပြန်ပြောတာ မတွေ့ပါဘူး။ ဖဲဝိုင်းဆိုတာကလည်း ရိလုံး ထေ့လုံးတွေ အမြဲရှိတဲ့ နေရာမျိုးမဟုတ်လား။ အဲ .. ငါးခါမြောက်လောက်မှာ ဒီလူ့ထေ့လုံးက အဆဲလေး စွက်လာတယ်။ ကျွန်တော့်ဘော်ဒါက တချိန်လုံးပြန်မပြောရာကနေ "ဟေ့ကောင် တိတ်တိတ်နေစမ်းကွာ ၊ အာရုံမနောက်နဲ့ ၊ -ီးပဲ " လို့ ခပ်ပြတ်ပြတ် ဆဲရော။ ဒီမှာတင် ဟိုလူက ထကြမ်းပါလေရော ဆဲတာတွေရော ၊ ငါ့ကို ဘာကောင်ထင်သလဲ ဆိုတာတွေရော ၊ ဘယ်လောက်မိုက်သလဲဆိုတဲ့ ချဲလင်းတွေရော ၊ မအေတွေ နှမတွေရော .. လက်ညှိုးငေါက်ငေါက်ထိုးပြီး စားတော့ဝါးတော့မတတ် ကြည့်လို့ ... အပီအပြင်ပွဲကြမ်းပါရောဗျာ။ ၀ိုင်းလည်း ရပ်သွားတာပေါ့။ ကျွန်တော့် ဘော်ဒါလည်း ဘာမှပြန်မပြောပဲ ထထွက်သွားတယ်။

. . . . . . . ပိုဆိုးသွားပါလေရော။ ထသွားတဲ့နောက်ကိုလှမ်းပြီး အတုံးလိုက်အတစ်လိုက် ဆဲလို့။ ပစ္စည်းတစ်ခုတောင် ကိုင်ပေါက်လိုက်သေး။ အဲ .. သူဆဲနေတုန်း ကျွန်တော့်ဘော်ဒါက ပြန်ဝင်လာတယ်။ လက်ထဲမှာ ကြက်သွန်လှီးတဲ့ ဓါးခပ်ငယ်ငယ် ပါလာတယ်။ မီးဖိုချောင်ထဲ သွားယူပြီးပြန်လာတာပဲ။ အကုန်တိတ်သွားတယ်။ တချို့ကလည်း အို ၊ ဟယ် ၊ ဘုရား ဘုရား ပေါ့လေ။ ကျွန်တော့်ဘော်ဒါက ဘာမှမပြောပဲ ဓါးကို သူနဲ့ ဟိုပုဂ္ဂိုလ်ကြား နှစ်ယောက်လုံးလက်လှမ်းမီတဲ့ နေရာလောက်ပစ်ချလိုက်တယ်။ ပြီးတော့ ဟိုလူ့မျက်နှာကိုစေ့စေ့ကြည့်ပြီး တစ်လုံးချင်းပြောတယ်။
" အဲဒီမှာ ဓါး တွေ့လား . . . မင်းမကျေနပ်ရင် ကောက်ပြီး ငါ့ကိုထိုး ၊ ကောက်ပြီးရင်တော့ ပြန်မချရဘူး ၊ ထိုးဖြစ်အောင်ထိုးပေတော့ . . . ငါကောက်ပြီဆိုရင်လဲ မင်းကိုထိုးပြီလို့သာ မှတ်ပေတော့ . . . လုပ် . . မင်းကို ဦးစားပေးတယ် "
. . . . . . . ဟိုလူ ဘာမှပြန်မပြောနိုင်ဘူးဗျ။ ပြူးကြောင်ကြောင်နဲ့ ကြည့်နေတာပဲ။ ခုဏကလို စိတ်ဆိုးမာန်ဆိုးပုံကတော့ လုံးဝ မရှိတော့ဘူး။
" အေး .. မကောက်ရဲရင် မင်းထွက်သွားလိုက်တော့ . . . အခုပဲ ထွက်သွားတော့ကွာ "
. . . . . . . ဟိုလူ မလှုပ်ဘူး ၊ ပြူးကြောင်ကြောင်နဲ့ ဘေးက လူတွေကို လိုက်ကြည့်နေတယ်။
" ငါပြောတယ်နော် ... ဓါးကိုကောက်ရင်ကောက် ၊ မကောက်ရဲရင် ထွက်သွား ၊ ၂ ခုလုံးမလုပ်ရင်တော့ အဲဒီဓါးကို ငါကောက်တော့မှာ "
. . . . . . . ဘေးကလူတွေကလည်း ငြိမ်လို့ ၊ ကြောက်တာပဲလား ၊ ပွဲကြည့်ချင်တာလားတော့ မသိဘူး။ ဟိုလူ့မျက်နှာ ချွေးပြန်လာတာတွေ့ရတယ်။ ကျွန်တော့်ဘော်ဒါက လှုပ်မယ့်ပုံပြင်တော့မှ " ခဏ . နေဦး . နေဦး . ခဏ " ဗလုံးဗထွေးပြောပြီး ခပ်သုတ်သုတ်ထထွက်တယ်။ ပိုက်ဆံအိတ်တောင် မေ့ကျန်ခဲ့လို့ ကောက်ပေးလိုက်ရသေးတယ်။

. . . . . . . ဒီလူသူ့နားကဖြတ်တဲ့အချိန်မှာ ကျွန်တော့်ဘော်ဒါက ခပ်တိုးတိုးပြောလိုက်တယ်ဗျ။ ကျွန်တော်ကတော့ ကြားလိုက်တယ်။ " မှတ်ထား ဟေ့ကောင် ၊ ပါးစပ်နဲ့ မိုက်တာ အလွယ်ဆုံးပဲ " တဲ့။

. . . . . . . အခု ဖတ်လာတဲ့ ခင်ဗျား သွေးဆူသွားပြီ မဟုတ်လား။ ရေးနေတဲ့ ကျွန်တော်လည်း သွေးဆူတာပဲ။ ဟုတ်တယ်လေ .. ပါးစပ်နဲ့ မိုက်တာ အလွယ်ဆုံးပဲ။ လက်နဲ့ မိုက်ဖို့က အဲဒီလောက် မလွယ်ဘူး။
. . . . . . . အင်း ... လိမ္မာ ဖို့က ပိုပြီးခက်ပါတယ်ဗျာ။ ဘာနဲ့ပဲမိုက်မိုက် .. မိုက်တဲ့လူဆိုတာ လိမ္မာတဲ့လူထက်တော့ လွယ်ပါတယ်ဆိုတာ .. ကျွန်တော်လည်း ကြီးမှသိသိလာသလိုပါပဲ။ . . . ခုဏက ဆူနေတဲ့သွေးကို အခုပဲ ထိန်းလိုက်နိုင်ပြီဆိုရင် ခင်ဗျားကို ကျွန်တော် အထင်ကြီးမိမှာ အမှန်ပါပဲ။

. . . . . . . လိမ္မာ ဖို့က ခက်ပါတယ်ဗျာ။ ခက်တာတွေကို လုပ်နိုင်မှသာ လူတော် မဟုတ်လား။ ပိုခက်တာတွေကို ပိုတော်တဲ့လူတွေကပဲ အမြဲလုပ်နိုင်ကြတယ်ဗျ။ ။


(ယက္ခ) ရဲကြီး ။ ၃၁.၈.၁၃ ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။