Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, July 19, 2013

ဗြိတိန်အမျိုးသမီး၏ ဦးခေါင်းထဲတွင် အသားစား ပိုးလောက်များ ရောက်ရှိနေ

 

ဗြိတိန်အမျိုးသမီး၏ ဦးခေါင်းထဲတွင် အသားစား ပိုးလောက်များ ရောက်ရှိနေ
Friday, July 19, 2013

အသက်(၂၇)နှစ်ရှိ ရိုချဲလ်ဟားရစ်သည် ယခုနှစ်အတွင်း ချစ်သူနှင့်အတူ ပီရူးနိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့သည်။ သူမသည် တောင်အမေရိကတိုက်ရှိ နိုင်ငံတွင် လည်ပတ်ခဲ့ပြီးနောက် နေရပ်သို့ ပြန်လာစဉ် လေယာဉ်ပေါ်တွင် ကတည်းက ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရ..


... ဗြိတိန်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် အားလပ်ရက် အလည်အပတ် ခရီးမှအပြန် ခေါင်းကိုက်မှုကို စစ်ဆေးရာ ဦးခေါင်းထဲ ရောက်နေသည့် အသားစား ပိုးလောက်များကို ခြောက်ခြားဖွယ်ရာ တွေ့မြင်ခဲ့ရသည်။ အသက်(၂၇)နှစ်ရှိ ရိုချဲလ်ဟားရစ်သည် ယခုနှစ်အတွင်း ချစ်သူနှင့်အတူ ပီရူးနိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့သည်။ သူမသည် တောင်အမေရိကတိုက်ရှိ နိုင်ငံတွင် လည်ပတ်ခဲ့ပြီးနောက် နေရပ်သို့ ပြန်လာစဉ် လေယာဉ်ပေါ်တွင် ကတည်းက ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရသည်။ ထို့အပြင် သူမ၏ မျက်နှာတွင် နာကျင်မှုအချို့ ရှိခဲ့ပြန်သလို နားထဲတွင် ဆူဆူညံညံ အသံများ ကြားနေရသည်။ ထို့နောက် နားထဲမှ အရည်အချို့ပါ စိမ့်ထွက်ခဲ့သည့်နောက် ရိုချဲလ်သည် ဆရာဝန်များနှင့် တိုင်ပင်ရန် ဆုံးဖြတ်ခဲ့သည်။

အစောပိုင်းက ဆရာဝန်များသည် ရိုချဲလ်တွင် အသေးစား နားတွင်း ပိုးမွှားဝင်ရောက်မှု တစ်ခုခု ဖြစ်နေသည်ဟုသာ ယူဆခဲ့သည်။ သို့သော်လည်း စစ်ဆေးမှုများ ပြုလုပ်အပြီးတွင်မူ အသားစား လောက်ကောင်များ သူမ၏ နားထဲတွင် ရှိနေသည်ကို ဖော်ထုတ် တွေ့ရှိခဲ့ရသည်။ ဖြစ်ပုံမှာ ပီရူးတွင် ရှင်သန်နေထိုင်လေ့ရှိသည့် Screw Worm Flyခေါ် ယင်ကောင် တစ်မျိုးသည် ရိုချဲလ်၏ နားတွင် ဥများ ဥချခဲ့ပြီး ယင်းတို့မှ ပေါက်ဖွားလာသည့် လောက်ကောင်များသည် သူမ၏ နားထဲတွင် ကမ္ဘာသစ်တစ်ခု တည်ထောင်ရန် တပ်ဖွဲ့တစ်ခု စုစည်းနေခြင်းဟု သိရသည်။ ရိုချဲလ်၏ နားပြွန်ထဲတွင် (၁၂)မီလီမီတာမျှ အနက်ရှိသည့် တွင်းငယ်တစ်ခုကို ယင်းတို့က လှိုက်စား တူးဖော်ထားသည်။

ရိုချဲလ်အတွက် ကံကောင်းခဲ့သည်မှာ အဆိုပါ ပိုးမွှားများသည် အဓိက သွေးကြောကြီးများကို မထိပါးသေးသလို ဦးနှောက်နှင့်လည်း ဝေးကွာနေဆဲ ဖြစ်နေခြင်းဟု ဆိုသည်။ ဒါဘီအရပ်တွင် နေထိုင်သော အမျိုးသမီးကို ဆရာဝန်များက ခွဲစိတ်ကုသမှု ပြုလုပ်ကာ ယင်းပိုးလောက်များကို ဖယ်ရှားပေးခဲ့ပြီးနောက် ယခုအခါ ရိုချဲလ်သည် အပြည့်အဝ သက်သာ ကောင်းမွန်လာနေပြီဟု သိရသည်။ ရိုချဲလ်၏ သဘောတူညီမှုအရ သူမ၏ ဝေဒနာ ဖြစ်စဉ်ကို မှတ်တမ်းတင်ကာ Discovery Channelအတွက် "Bugs၊ Bites and Parasites"ဆိုသော အမည်ဖြင့် ရိုက်ကူးထားခဲ့သည်။

ယင်းသို့သော သက်ရောက်မှုတွင် လူနာအနေဖြင့် အတိအကျ ကြိုတင် မှန်းဆ၍ မရသော ဝေဒနာ လက္ခဏာများ ပြသတတ်ကြောင်း ပညာရှင်များက ဆိုသည်။ တော်ဝင်ဒါဘီ ဆေးရုံမှ သုတေသီများသည် အစောပိုင်းက သာမန် ပြဿနာဟုသာ ထင်ခဲ့သော်လည်း ရိုချဲလ်၏ နားတွင်းပြွန်တွင် အပေါက်ငယ် တစ်ခုကို တွေ့ရှိရာမှ မျက်လုံးပြူးလောက်စရာ အခြေအနေကို ကြုံလာရခြင်း ဖြစ်သည်။ "ကျွန်မအမေက ဆရာဝန်ကို ဘာမြင်လဲလို့ မေးတယ်။ ဆရာဝန်က ပြောသင့် မပြောသင့် ချင့်ချိန်နေတော့ အမေက ပြောပြဖို့ တိုက်တွန်းတယ်။ ဒီတော့ နားထဲမှာ လောက်တွေ ရှိနေတယ်လို့ ကျွန်မကို ဆရာဝန်က ပြောပါတယ်။ ကျွန်မ ချက်ချင်းပဲ ငိုလိုက်မိတယ်"ဟု ရိုချဲလ်က သူမ၏ အတွေ့အကြုံကို ရှင်းပြခဲ့သည်။

ဆရာဝန်များက အပြင်ဘက်မှနေ၍ ပိုးလောက်များကို ရယူရန် ကြိုးစားသော်လည်း ဆေးဝါး ထောက်ပံ့မှုက လောက်များကို ဦးနှောက်ဘက် ပိုမို တိုးဝင်သွားမည်ကို စိုးရိမ်ခဲ့ရသည်။ "ကျွန်မ သိပ်ကြောက်ခဲ့တယ်။ ကျွန်မရဲ့ ဦးနှောက်ထဲသာ သူတို့ ရောက်သွားရင် ဘယ်လိုလုပ်မလဲ။ တကယ့်ကို ဆိုးရွားလွန်းတဲ့ အခြေအနေပဲလေ"ဟု ရိုချဲလ်က ဆိုသည်။ နောက်ဆုံးတွင် ဆရာဝန်များက အရေးပေါ် ဦးနှောက် Scanဖတ်မှု ပြုလုပ်ပြီးနောက် သူမ၏ ကျန်းမာရေးကို စစ်ဆေးစေခဲ့သည်။ သို့သော်လည်း သတင်းကောင်းအဖြစ် လောက်ကောင်များ၏ ဦးနှောက်ကို ထိရောက်တိုက်ခိုက်မှု မရှိသေးကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် နားစည်၊ မျက်နှာ အာရုံကြော ဆဲလ်များနှင့် အဓိက သွေးကြောများကိုပါ ဆိုးကျိုးသက်ရောက် မနေချေ။ မည်သို့ပင်ဖြစ်စေ နားပြွန်လမ်းကြောင်းတွင် အနက်(၁၂)မီလီမီတာစာမျှ အသားကို လောက်များက စားသောက်ထားပြီး ဖြစ်နေသည်ကို ဆရာဝန်များ ဖော်ထုတ် တွေ့ရှိခဲ့သည်။

ဆရာဝန်များသည် နားထဲသို့ သံလွင်ဆီ လောင်းထည့်ကာ ယင်းအဖျက်ပိုးမွှားများကို တိုက်ဖျက်ရန် ကြိုးစားခဲ့သည်။ "တစ်ညလုံး စောင့်ခဲ့ရတယ်။ ကျွန်မဘဝမှာ အရှည်ကြာဆုံး နာရီတချို့ပဲ"ဟု ရိုချဲလ်က ဖွင့်ဟခဲ့သည်။ "အဲဒီကောင်တွေကို ကျွန်မကိုယ်ထဲက မြန်မြန် ထွက်သွားစေချင်တယ်။ ခုချိန်မှာ ကျွန်မခေါင်းထဲက အသံတွေ မြည်နေတဲ့ ခံစားချက်ဟာ ဘာကြောင့်လဲ သိနေပြီလေ။ ပိုဆိုးလာသလို တွေးမိတယ်"ဟုလည်း သူမက ဆိုသည်။ နောက်တစ်နေ့တွင် ဆရာဝန်များက သူမ၏ နားကို စစ်ဆေးရာ လောက်ကောင်များသည် သန်သန်မာမာပင် ဆက်လက် ရှင်သန်နေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းတို့အနက် (၂)ကောင်ကို ဖယ်ထုတ်နိုင်သော်လည်း ထပ်၍ ကျန်နေမည်ကို ဆရာဝန်များက စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ခွဲစိတ် ဆရာဝန်များက နားလမ်းကြောင်းထဲ မှန်ပြောင်းငယ် ထည့်သွင်းပြီး စစ်ဆေးရာ တုန်လှုပ်လောက်စရာ မြင်ကွင်းနှင့် ကြုံခဲ့ရသည်။

ဆရာဝန်များက လူးလွန့်နေသော လောက်ကောင်စုကြီးကို သနားစရာ အမျိုးသမီး၏ နားထဲတွင် တွေ့မြင်ခဲ့ရသည်။ အနည်းဆုံး အကောင်ကြီး (၈)ကောင်မျှသည် ရိုချဲလ်၏ နားထဲတွင် ပျော်ပါး ကျက်စားနေကြောင်း သိရှိလာပြီးနောက် ရိုချဲလ်ကို ခွဲစိတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အပြင်ရောက်နေသည့် လောက်ကောင်များကို ဓာတ်ခွဲစမ်းသပ်၍ မူရင်းမျိုးနွယ်ကို ခြေရာခံခဲ့ရာ ပီရူးရှိ ရွှံ့နွံများတွင် ကျက်စားတတ်သည့် Screw Worm Fly ယင်ကောင်များ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ နောက်ပိုင်းတွင်မူ ခွဲစိတ်မှု အောင်မြင်သလို ရိုချဲလ်၏ နားထဲမှ စက်ဆုပ်ဖွယ် ကပ်ပါးကောင်များကို အပြီးတိုင် ရှင်းထုတ်နိုင်ခဲ့သည်။ ယခုအခါ ရိုချဲလ်တွင် မည်သည့် ခေါင်းကိုက်မှု၊ နာကျင်မှု၊ ခေါင်းထဲမှ အသံမြည်မှုမျိုးမျှ မရှိတော့ချေ။ တစ်စထက်တစ်စ သက်သာပျော်ရွှင်လာသည့် ရိုချဲလ်က "ကျွန်မတော့ ပိုးကောင်တွေကို အရင်ကလောက် ရွံတတ်တော့မယ် မထင်ဘူး။ ကိုယ့်ခေါင်းထဲကို ဒီလိုကောင်မျိုး ရောက်ခဲ့တယ် ဆိုတာကို တွေးကြည့်လိုက်လေ"ဟု ပြောကြားသွားသည်။

Planet.com.mm

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။