Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, July 19, 2013

အာဇာနည်ဆိုတာ

 
နှိုင်းရင့်နွေ
အာဇာနည်ဆိုတာ
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့... အာဇာနည်နေ့မှာ အာဇာနည်ဆိုတာနဲ့ ပတ်သက်ပြီး အကြမ်းသဘောလေး ဆွေးနွေးသွားချင်ပါတယ်... အာဇာနည်ကို မြန်မာအဘိဓာန်တွေမှာ "မကြောက်မရွံ့ မတွန့်မဆုတ်ဘဲ ကြောင်းကျိုးဟုတ်မှန်ကို ဝေဖန်တတ်သော ပုဂ္ဂိုလ်သတ္တဝါ..." လို့ ဖွင့်ဆိုထားကြောင်း ဖတ်မှတ်ဖူးပါတယ်... ဒီစကားကိုပြန်စိစစ်ကြည့်မယ်ဆိုရင် ပထမအပိုင်းက မကြောက်မရွံ့တာဖြစ်ပါတယ်... တစ်နည်းအားဖြင့် ရဲဝံ့ခြင်းသဘော... သံသယကင်းခြင်းသဘောတွေကို ဆောင်ပါတယ်... နောက်တစ်ချက်က မတွန့်မဆုတ်တာဖြစ်ပါတယ်... ပြတ်သားတဲ့သဘော... ဆုံးဖြတ်ချက်ခိုင်မာတဲ့သဘောကို ဆောင်ပါတယ်... နောက်တစ်ပိုင်းက ကြောင်းကျိုးဟုတ်မှန်ကို ဝေဖန်တတ်တဲ့အပိုင်းဖြစ်ပါတယ်... ပညာရှိတဲ့သဘော... ကျိုးကြောင်းဆင်ခြင်ဥာဏ်ပြည့်ဝတဲ့ သဘောဖြစ်ပါတယ်... နောက်ဆုံးတစ်ပိုင်းကတော့ ပုဂ္ဂိုလ်သတ္တဝါလို့ဆိုထားပါတယ်....

ဒီဖွင့်ဆိုချက်အရ ကောက်ချက်ချရမယ်ဆိုရင် အာဇာနည်ပုဂ္ဂိုလ်ဟာ ကြောက်ရွံ့ခြင်းကင်းရပါမယ်... တွန့်ဆုတ်ခြင်းကင်းရပါမယ်... အမှားအမှန်နဲ့ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားသိမြင်နိုင်စွမ်းရှိရပါမယ်... အကြောက်အရွံ့ကတော့မရှိပါဘူး... တွေဝေတွန့်ဆုတ်မှုလည်းမရှိပါဘူး... ဒါပေမဲ့ အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိဘူးဆိုရင်တော့ အဲ့ဒီသူကို အာဇာနည်လို့ သတ်မှတ်နိုင်မှာမဟုတ်ပါဘူး... အာဇာနည်ဆိုတဲ့အချက်မှာ အမှားအမှန် အကျိုးအကြောင်း အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်စွမ်း က အဓိက ကျပါတယ်...

အမှားအမှန် အကျိုးအကြောင်း အဆိုးအကောင်းကိုလည်း သိတယ်... ကြောက်ရွံ့ခြင်းလည်းကင်းတယ်... ဒါပေမဲ့ ကိုယ့်ရပ်တည်ချက်အပေါ် သံသယဖြစ်နေရင်.. တွေဝေတွန့်ဆုတ်နေရင်... တစ်နည်းအားဖြင့် စွန့်ဝံ့စွန့်စားမှုမရှိဘူးဆိုရင်လည်း အာဇာနည်အဖြစ် မသတ်မှတ်နိုင်ပါဘူး... အာဇာနည်ပုဂ္ဂိုလ်ဟာ တွေဝေတွန့်ဆုတ်မှုမရှိဘဲ စွန့်ဝံ့စွန့်စားရဲရပါမယ်... ကိုယ့်ရပ်တည်ချက်အပေါ် သံသယကင်းကင်းနဲ့ ခိုင်ခိုင်မာမာယုံကြည်ရင်ဆိုင်နိုင်ရပါမယ်... ယုံကြည်ချက် ခံယူချက်မြင့်မားရပါမယ်...

နောက်တစ်နည်းဆိုရရင် အမှားအမှန်ကိုလည်းသိတယ်... ကိုယ့်ရပ်တည်ချက်အပေါ်မှာလည်း သံသယမရှိဘူး... တွေဝေတွန့်ဆုတ်မှုမရှိဘူး... ဒါပေမဲ့ ရင်ဆိုင်ရမယ့် ရန်သူအပေါ် ကြောက်နေရင် ရွံ့နေရင်လည်း အာဇာနည်မဖြစ်နိုင်ပါဘူး... ကြုံလာသမျှကို ရဲရဲရင့်ရင့်ရင်ဆိုင်ရပါမယ်... သတ္တိရှိရပါမယ်... ဒီတစ်ချက်ကလည်း အာဇာနည်ပုဂ္ဂိုလ်တွေရဲ့ မရှိမဖြစ်အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်...

နောက်ဆုံးတစ်ချက်ဖြစ်တဲ့ အပေါ်ကအရည်အချင်းတွေနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်သတ္တဝါ မည်သူမဆို အာဇာနည်ဖြစ်နိုင်ပါတယ်... စစ်သားမှ... နိုင်ငံ့ခေါင်းဆောင်မှ... ဘာသာရေးခေါင်းဆောင်မှ.. လူသားစင်စစ်ဖြစ်မှ အာဇာနည်ဖြစ်တာမဟုတ်ပါဘူး... အဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ စဉ်းစားဆင်ခြင်စရာ အချက်အနေနဲ့ အာဇာနည် အမျိုးအစား (၆) မျိုးရှိကြောင်း ရှေးကသတ်မှတ်ခဲ့တာကို မှတ်သားဖူးပါတယ်... အဲ့ဒီအာဇာနည် (၆) မျိုးကတော့...
၁) သီဟ >>> ခြင်္သေ့အာဇာနည်
၂) ဟတ္တာဇာနေယျ >>> ဆင်အာဇာနည်
၃) အဿအာဇာနေယျ >>> မြင်းအာဇာနည်
၎) ဥသဘအာဇာနေယျ >>> နွားလားအာဇာနည်
၅) ခိဏသဝ >>> ရဟန္တာပုဂ္ဂိုလ်
၆) ယောက်ျားအာဇာနည် တို့ပဲဖြစ်ပါတယ်... ခြောက်ခုမြောက်မှာ ယောက်ျားအာဇာနည်လို့ဆိုထားပေမဲ့ တကယ့်တကယ်တော့ လူသားအာဇာနည်တွေကိုရည်ညွှန်းတယ်လို့ ယူဆရပါတယ်... ရှေးခေတ်အခါက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို သိပ်အရေးမပေးခဲ့သလို အာဇာနည်အဖြစ် သတ်မှတ်ခံရတဲ့ အမျိုးသမီးများလည်း မရှိသလောက်နည်းခဲ့တဲ့ အတွက် ယောက်ျားအာဇာနည်အဖြစ်သာ ရည်ညွှန်းပြောဆိုခဲ့ကြဟန်တူပါတယ်...

တကယ့်တကယ်တော့ အာဇာနည်ဆိုတာ ဘယ်လိုလူပုဂ္ဂိုလ်အမျိုးအစားမဆို ဖြစ်နိုင်သလို လူသားမဟုတ်တဲ့ အဟိတ်တိရိစ္ဆာန်အာဇာနည်များပါရှိခဲ့ပါတယ်... အာဇာနည်ဆိုတဲ့ သတ်မှတ်ချက်စံနှုန်းဟာ ဘာဖြစ်တယ်ဆိုတာထက် ဘာလုပ်တယ်ဆိုတာနဲ့ တိုင်းတာသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်... အဲ့ဒီတော့ အပေါ်က အကြောင်းအချက်တွေနဲ့ ကိုက်ညီတဲ့ ဘယ်လူပုဂ္ဂိုလ်သတ္တဝါမဆို အာဇာနည်ဖြစ်နိုင်ပါတယ်... ဘယ်လိုဝန်းကျင် ဘယ်လိုအခြေအနေမျိုးမှာပဲရှိရှိ အာဇာနည်တွေရဲ့ အရည်အချင်းနဲ့ အတွေးအခေါ်ခံယူချက် လုပ်ဆောင်မှုတွေရှိတဲ့သူဟာ အာဇာနည်အဖြစ် သတ်မှတ်ခံရမှာပဲဖြစ်ပါတယ်... တိုင်းတာသတ်မှတ်မှုတွေကတော့ ဝန်းကျင်အခြေအနေအသီးသီးရဲ့ စံနှုန်းတွေအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်...

အာဇာနည်ကို အင်္ဂလိပ်လို martyr လို့ခေါ်ပါတယ်... မူရင်းဂရိဝေါဟာရ martys/martus ကနေဆင်းသက်လာပြီး သိမြင်ယုံကြည်သူ/အသိသက်သေ (witness) လို့အဓိပ္ပာယ်ရပါတယ်... ဒီအသုံးအနှုန်းဟာ ဘာသာရေးခံယူချက်ကို အသက်နဲ့ရင်းပြီးလက်ခံယုံကြည်သွားတဲ့ သူတွေအတွက် အစောပိုင်းမှာ အသုံးပြုခဲ့ကြပါတယ်... သူတို့သေဆုံးသွားမှ အာဇာနည်အဖြစ်သတ်မှတ်တာမဟုတ်ပါဘူး.. ဒီလိုယုံကြည်လက်ခံသူတိုင်းကို အာဇာနည်ရယ်လို့ သတ်မှတ်ကြတာဖြစ်ပါတယ်... နောက်ပိုင်းမှာတော့ မိမိယုံကြည်ချက် ခံယူချက်အတွက် မိမိအသက်.. မိမိဘဝရပ်တည်မှု.. ဒါမှမဟုတ် တခြားသော ကိုယ်ပိုင်အခြေအနေတွေကို ရင်းနှီးပေးဆပ်ပြီး စွန့်လွှတ်ဝံ့တဲ့သူတွေကို ရည်ညွှန်းပြောဆိုလာခဲ့ပါတယ်...

အာဇာနည် (martyr) ဆိုတဲ့အသုံးအနှုန်းနဲ့ စတင်သတ်မှတ်ခံခဲ့ရသူကတော့ ယေရှု (Jesus) ဖြစ်ပါတယ်... လူသားတွေအတွက် သူ့ရဲ့စွန့်လွှတ်စွန့်စားမှုကို အသိအမှတ်ပြု ကျေးဇူးတင်တဲ့အနေနဲ့ အကြီးမြတ်ဆုံးအာဇာနည်အဖြစ် ခရစ်ယာန်တွေက ယုံကြည်လက်ခံထားကြပါတယ်... အာဇာနည်ဆိုတဲ့ ဝေါဟာရဟာ အလွန်ကျယ်ပြောတဲ့ အနက်အဓိပ္ပာယ်ကိုဆောင်ပါတယ်... ခြုံငုံကြည့်မယ်ဆိုရင်တော့ အာဇာနည်တစ်ယောက်မှာ ဒီအကြောင်းအချက်တွေနဲ့ ပြည့်စုံနေပါလိမ့်မယ်...

၁) သူရဲကောင်းဖြစ်ခြင်း
လူအများစုလုပ်နိုင်ခဲတဲ့အလုပ်ကို လုပ်ခဲ့ပြီး လူတွေအတွက် စံနမူနာပြစရာ သူရဲကောင်းတစ်ယောက်အဖြစ် ယုံကြည်လက်ခံထားတဲ့ ကျော်ကြားတဲ့သူမျိုးဖြစ်ပါတယ်...

၂) အတိုက်အခံရှိခြင်း
သူရဲ့ယုံကြည်လက်ခံလုပ်ဆောင်မှုကို အတိုက်အခံပြုတဲ့ အကြောင်းအချက်တွေ လူပုဂ္ဂိုလ်တွေရှိနေတဲ့ အခြေအနေမျိုးရှိကြပါတယ်...

၃) စွန့်လွှတ်စွန့်စားမှုရှိခြင်း
သူယုံကြည်လက်ခံထားတဲ့အတိုင်း လုပ်ဆောင်ရာမှာ ဖြစ်လာနိုင်တဲ့ အခြေအနေကို ကြိုတင်သိမြင်ထားပြီး ဖြစ်လာသမျှကိုခံယူရဲတဲ့ စွန့်လွှတ်ရဲ စွန့်စားရဲတဲ့လုပ်ဆောင်ချက်မျိုးရှိကြပါတယ်...

၎) သတ္တိရှိရှိလုပ်ဆောင်ခြင်း
စွန့်လွှတ်ရမယ့်အခြေအနေကိုသိလျက်နဲ့ မိမိယုံကြည်လက်ခံထားတဲ့အတိုင်း သတ္တိရှိရှိ ဆက်လက်လုပ်ဆောင်သွားတဲ့သူမျိုးလည်းဖြစ်ပါတယ်...

၅) သေဆုံးခြင်း
သူ့ရဲ့ယုံကြည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်မှုကြောင့် အတိုက်အခံတွေရဲ့ သတ်ဖြတ်မှုကိုခံကြရပါတယ်...

၆) လူထုပရိတ်သတ်၏တုံ့ပြန်မှု
ဒီသူရဲကောင်းရဲ့ သေဆုံးမှုဟာ တခြားသူတွေအတွက် အမှတ်တရဖြစ်စေပါတယ်... လူတွေဟာ ဒီသူရဲကောင်းရဲ့စွန့်လွှတ်စွန့်စားမှုကြောင့် အာဇာနည်အဖြစ် သတ်မှတ်ကြပါလိမ့်မယ်... တခြားသူတွေကလည်း သူစွန့်လွှတ်အနစ်နာခံပြီး လုပ်ဆောင်သွားခဲ့တဲ့လမ်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားကြပါလိမ့်မယ်...

အပေါ်ကအချက်တွေကို ခြုံငုံသုံးသပ်ပြီး ပြန်ကောက်ချက်ချကြည့်မယ်ဆိုရင် အာဇာနည်ပုဂ္ဂိုလ်ဟာ အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး ခိုင်မာပြတ်သားတဲ့ ရပ်တည်မှုရှိရပါလိမ့်မယ်... မိမိရပ်တည်မှုအပေါ်မူတည်ပြီး ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေကိုလည်း ပြတ်ပြတ်သားသား သိမြင်ထားရပါမယ်... ဖြစ်လာမယ့်အကျိုးဆက်ကို လက်ခံပြီး အသက်နဲ့ရင်းရမယ်ဆိုရင်တောင် ရဲရဲဝံ့ရင်ဆိုင်ရပါမယ်... ဒီအချက်တွေနဲ့ပြည့်စုံပြီဆိုရင်တော့ အာဇာနည်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီနေပါပြီ...

သမိုင်းတွင်တဲ့အာဇာနည်ဖြစ်ဖို့ကတော့ မိမိရဲ့စွန့်လွှတ်စွန့်စားမှုအကျိုးဆက်ကို နှောင်းလူတွေဘယ်လောက်ထိ ခံစားရသလဲ... မိမိယုံကြည်လုပ်ဆောင်ခဲ့တဲ့ လမ်းစဉ်ကို နှောင်းလူတွေဘယ်လောက်အထိ ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်သွားမလဲ... မိမိအသက်နဲ့ရင်းပြီး လုပ်ဆောင်ခဲ့မှုအပေါ် နှောင်းလူတွေ ဘယ်လောက်အထိ အသိအမှတ်ပြုလက်ခံကြသလဲဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်နေပါလိမ့်မယ်...

ဒီကမ္ဘာလောကကြီးမှာ အာဇာနည်တစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့သူတွေ အများကြီးပေါ်ပေါက်ခဲ့... ပေါ်ပေါက်ဆဲဖြစ်ပါတယ်... အဲ့ဒီအထဲက အနည်းငယ်ကသာ အာဇာနည်အဖြစ် သမိုင်းမှာ မော်ကွန်းထိုးခံခဲ့ရပါတယ်... အာဇာနည်တစ်ယောက်ဖြစ်ဖို့အတွက် အကြီးမားဆုံးအရင်းအနှီးကတော့ လူတိုင်းတွယ်တာမက်မောတဲ့ မိမိရဲ့အသက်ဖြစ်ပါတယ်... အစောပိုင်းကာလတွေမှာ အာဇာနည်အဖြစ်တိုင်းတာဖို့ အသက်ကိုစွန့်လွှတ်ဝံ့တာနဲ့တင် အသိအမှတ်ပြုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အာဇာနည်တွေရဲ့ ကြီးမြတ်မှုကို ပိုပြီးအမွှမ်းတင်လိုတဲ့အတွက် အမှန်တကယ် အသက်စွန့်လွှတ်သူတွေကိုသာ အာဇာနည်အဖြစ် အသိအမှတ်ပြု သတ်မှတ်လာကြပါတယ်...

အာဇာနည်တစ်ယောက်ရဲ့ အရည်အချင်းမျိုး.. စွန့်လွှတ်စွန့်စားမှုမျိုးပြုခဲ့သူတွေဟာ သမိုင်းတစ်ကွေ့မှာ တစ်ခါတစ်ရံမေ့လျော့ခံရတတ်ပါတယ်... ဒါပေမဲ့ အချိန်တန်တဲ့အခါ သမိုင်းစာမျက်နှာမှာ ဘွားခနဲပေါ်လာဦးမှာဖြစ်ပါတယ်... အဲ့ဒီအချိန်ကျရင်တော့ လူတွေရဲ့စိတ်ထဲမှာ လေးစား အားကျခြင်းတွေနဲ့ ကျေးဇူးတင်တာကို ခံယူရမှာ အသေအချာပါပဲ... ကမ္ဘာ့သမိုင်းအဆက်ဆက်မှာ အသက်နဲ့ရင်းပြီး စွန့်လွှတ်စွန့်စားဝံ့တဲ့ သူရဲကောင်းတွေအများကြီးပေါ်ခဲ့ဖူးပါတယ်... သူရဲကောင်းတိုင်းက အာဇာနည်မဖြစ်ခဲ့ပေမဲ့ အာဇာနည်တိုင်းကတော့ သူရဲကောင်းတွေဖြစ်ပါတယ်...

မြန်မာနိုင်ငံရဲ့ အာဇာနည်နေ့မှာ အာဇာနည်ဆိုတာ ဘာလဲဆိုတဲ့အသိအမြင်လေးနဲ့အတူ ချိန်ထိုးသုံးသပ်ရင်း သမိုင်းတွင်ခဲ့တဲ့ မြန်မာ့အာဇာနည်ပုဂ္ဂိုလ်များ... သမိုင်းမဝင်သေးတဲ့ မြန်မာ့အာဇာနည်ပုဂ္ဂိုလ်များအားလုံးကို ဦးညွှတ်ဂါရဝပြုလိုက်ပါတယ်...

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။