2mz (နည်းပညာစုစည်းမှု) နှင့် လှုမှုကွန်ယက်
ဈေးပေါတိုင်းမသုံးပါနဲ့အရေသွေးကောင်းမွန်တာကိုရွေးချယ်သင့်သည်။
=========================
iphone အားသွင်းထားစဉ်ဖုန်းပြောရာမှ ဓာတ်လိုက်သေဆုံးမှုသည် Chargerကြောင့်ဟုဆို
July11နေ့ တွင်23နှစ်အရွယ် တရုတ်အမျိုးသမီးငယ် Ma Aliun သည် iphone အားသွင်းထားစဉ် ph အဝင်call လက်ခံပြောရာမှလည်ပင်းတွင် ဓာတ်လိုက်သည့်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့ပါသည်။
သူမသည် China Southern Airlines မှလေယာဉ်မယ်တစ်ဦးဖြစ်ပြီး အိမ်ထောင်ပြုရန်အတွက်
အလုပ်မှထွက်ခဲ့ပြီးမကြာမီယခုလိုဖြစ်ရပ်ဆိုးနှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
...

ဖြစ်စဉ်မှာ သူမဖုန်းလက်ခံပြောသည့်အချိန်တွင် iphoneမှာအားသွင်းနေပြီး Chargerမှာ
အရည်အသွေးမမှီသည့်(Non Apple Charger)ကြောင့်ဓာတ်လိုက်သေဆုံးခဲ့ရခြင်း ဖြစ်နိုင်ကြောင်း
The South China Morning Post နှင့်Sina newsတွင်အကျယ်တဝင့်ဖော်ပြခဲ့ကြသည်။China Central Television (CCTV)မှ ဖော်ပြသည့်ဓာတ်ပုံအရမီးကျွမ်းနေသည့် iphoneပုံနှင့် charger မှာApple chargerမဟုတ်သည့်ပုံများတွေ့ရှိခဲ့ကြရသည်။
CCTVနှင့် Interview အစီအစဉ်တွင် ကျွမ်းကျင်သူ Xiang Ligang ဧ။်ပြောချက်အရ Ma Aliunသည်
Non Apple Charger အသုံးပြုခဲ့၍ဖြစ်ကြောင်း အရည်သွေးမမှီသည့် Charger များတွင် Capacitor
နှင့် Circuit Protectorများ အရည်သွေးညံ့၍ Capacitor ဖေါက်ကာ လျပ်စစ်အား 220 volts ကို
Phone ဧ။် Battery ထဲသို့တိုက်ရိုက်ဆောင့်ဝင် သွားခြင်းကြောင့်ဖြစ်ကြောင်းအခိုင်အမာ ပြောကြား
သွားခဲ့ပါသည်။
Chinese police မှ ဝမ်နည်းဖွယ်ဖြစ်ရပ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ Apple မှလည်းအလွန်
ဝမ်းနည်းကြေကွဲရကြောင်း e-mail ပို့ပေးခဲ့ပြီးဒေသဆိုင်ရာအာဏာပိုင်များနှင့် အပြည့်အဝပါဝင်
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါသည်။
Lin Htet Win
Myanmar it group

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။