ငိုကြွေးတဲ့နေ့က လက်ကျန်နှလုံးသားတစ်စုံနှင်
==========================
ချိန်းဆိုထားသည့် အချိန်ထက် နာရီ ဝက်ခန့် နောက်ကျနေပြီဖြစ်သည့်အတွက် တံခါးတစ်ချပ်ဟထားသော ခြံဝင်းအတွင်း ခွင့်မတောင်းဘဲ ကျွန်တော်အသော့ ဝင် သွားခဲ့ သည်။ ခြံဝင်းက ပထမအကြိမ် လာခဲ့တုန်းကထက် ပိုသပ်ရပ်သန့်ရှင်းနေသည်ကို
အာဇာနည်ပုဂ္ဂိုလ်ကြီး နှစ်ဦး။ တစ်ပြိုင်တည်း လုပ်ကြံခံခဲ့ရ၍ အသက်ဆုံးရှုံးခဲ့ရသူများ။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁ဝ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင် ဗိုလ်ချုပ်အောင်ဆန်း (ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဋ္ဌ)အပါအဝင်
ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချို၊ ထောက်ပံ့ရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘဝင်း၊ ဘဏ္ဍာရေးဝန်ကြီး သခင်မြ၊ စက်မှုလက် မှုနှင့် အလုပ်သမားဝန်ကြီး မန်းဘခိုင်၊ တောင်တန်းဒေသဆိုင်ရာဝန်ကြီး
ယခု ကျွန်တော် ကွယ်လွန်သူ အာ ဇာနည်ပုဂ္ဂိုလ်ကြီး ၉ ဦးထဲမှ ဦးအုန်းမောင် ၏ ကျန်ရစ်သူမိသားစုများ နေထိုင်ရာအိမ် ခြံဝင်းအတွင်း ရောက်နေသည်။ အာဇာနည်ပုဂ္ဂိုလ် တို့၏ မိသားစု ဝင်များရှိကြသေးကြောင်း လူတိုင်းသိသော် လည်း ကြင်ရာဇနီးများထဲက ဦးအုန်း မောင်၏ ဇနီးတစ်ဦးသာ ကျန်သည်ကို သိသူအတော်နည်းသည်။ ခြံဝင်းတံခါးမှ အိမ်သို့သွားရာ လမ်းတစ်လျှောက်ထိုသို့ စဉ်းစားရင်း လျှောက်သွားရာ ဦးအုန်း မောင်၏ အငယ်ဆုံးသား ရန်ကုန် တက္ကသိုလ် ကုန်ထုတ်ဓာတု ပါမောက္ခ ဟောင်း ဒေါက်တာမင်းမြင့် အိမ်ဝမှ ဆီး ကြိုနှုတ်ဆက်သည်။
ကျယ်ဝန်းသည်ဟု မဆိုနိုင်သော ခြံဝင်းထဲ၌ နှစ်ထပ်တိုက်တစ်လုံးမှာ အ ပြင်ပန်းကကြည့်ပါမူ တစ်ချိန်က အတွင်း ဝန် (အိုင်စီအက်စ်) ဦးအုန်းမောင် သို့ မဟုတ် တိုင်းပြည်အတွက် အသက်ပေး သွားသော အာဇာနည်ပုဂ္ဂိုလ်ကြီးတစ်ဦး၏
အိမ်အတွင်းထဲ ဝင်လိုက်ချိန်တွင် ဘယ်ဘက်ဘေး၌ ဧည့်ခန်းကို တွေ့ရပြီး အသက်အရွယ် အလွယ်တကူ ခန့်မှန်း၍ ခက်နိုင်သော အသားဖြူဖြူ ခန္ဓာကိုယ် သေးသေး အဖွားအိုတစ်ဦးနှင့် အသက် ၇ဝ ဝန်းကျင် အမျိုးသားကြီးတစ်ဦး ထိုင် နေကြသည်။ ယင်း အဖွားအိုသည် လက် ရှိ၌ ဦးအုန်းမောင်၏ ကျန်ရစ်သူဇနီး အသက် ၉ဝ နှစ်ရှိ ဒေါ်သိန်းကြွယ်ပင်။ အခြားတစ်ဦးမှာ ဦးအုန်းမောင်နှင့် ဒေါ်သိန်းကြွယ်တို့၏ သုံးဦးသော သား ရတနာများထဲက အကြီးဆုံးသား။ ၎င်း သည်လည်း တစ်ချိန်က ရန်ကုန်စက်မှု တက္ကသိုလ်ကြီးမှ ဆရာတစ်ဦးဖြစ်သူ ဦးတင်မောင်သိန်း။
”လက်ရှိတော့ အမေနဲ့ ကျွန်တော် နှစ်ယောက်ပဲ ဒီမှာနေတယ်” ဟု ဒေါက် တာမင်းမြင့်က ထိုင်စရာနေရာညွှန်ပြရင်း က သူ့အမေ သူ့အစ်ကိုကြီးဖြစ်သူတို့နှင
”အဘွားက အဲဒီတုန်းက အသက် ၂၄ နှစ်ပဲ ရှိသေးတယ်။ သားအငယ်ဆုံးက တစ်နှစ်ကျော်ကျော်၊ အကြီးဆုံးသားကြီး က ခုနစ်နှစ်လောက်ရှိပြီပေါ့’ ဟု ပြောရင်း လွင့်ပြယ် ဟန်ရှိနေသော စိတ်တို့ကို ပြန် စုစည်းလိုက်ဟန်ပြုသည်။ ထို့နောက်တွင် ခင်ပွန်းသည်ဦးအုန်းမောင်နှ
”အဲဒီနေ့က(ဇူလိုင် ၁၉ရက်) နေ့ လယ်ဘက် အစည်းအဝေးရှိလို့ ပြန်လာ မယ်။ အတွင်းဝန်ရုံးမှာ ဗိုလ်ချုပ်တို့ လုပ် မယ့် အစည်းအဝေးမှာ လမ်းပန်းဆက် သွယ်ရေးကိစ္စတင်ပြစရာရှိလို့
”ဂျူဗလီဟောမှာထားတဲ့ လပေါင်း များစွာကို အဖွားနေ့တိုင်း သွားကြည့် တယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူ တွေလည်း လာကြ။ ငိုကြယိုကြပေါ့။ ဗိုလ် ချုပ်အောင်ဆန်းနဲ့ တိုင်းပြည်ခေါင်းဆောင် ကြီးတွေကို တစ်နိုင်ငံလုံးချစ်ကြတာကိုး
”ကိုအုန်းမောင်က လူချစ်လူခင်ပေါ တယ်။ ဗိုလ်ချုပ်နဲ့လည်း ခင်တယ်။ ခင် တယ်ဆိုတာက အဲဒီတုန်းက ကချင် က ဆမားဒူးဝါးကြီး (ကချင်ခေါင်းဆောင် ဆမားဒူးဝါး ဆင်ဝါးနောင်) တို့ ဗိုလ်ချုပ် နဲ့တွေ့ဆုံညှိနှိုင်းဖြစ်အော
”အခုချိန်ဒါတွေ ပြန်မပြောချင်တော့ ပါဘူး။ စိတ်မကောင်းစရာတွေ” ဟု တိုးလျ လျလေသံလေးဖြင့် ရေရွတ်လိုက်သေးသည်။ အမှန်ပင်ဖြစ်သည်။ မိသားစုဝင် မဆိုထားဘိ။ တစ်တိုင်းတစ်ပြည်လုံးရှိ ပြည်သူတစ်ရပ်လုံး ငိုကြွေးခဲ့ရသည့် ဖြစ် ရပ်ပင်။ ထိုနေ့အစောပိုင်းကတည်းက ကောင်းကင်ကြီး
ငိုကြွေးခဲ့သည်ပဲလေ။ နောက်ကျေးငှက်တွေ၊ နတ်ကောင်းနတ် မြတ်တွေ။ အားလုံးငိုကြွေးခဲ့ကြမှာပါ။
”အာဇာနည်နေ့နဲ့ ပတ်သက်လို့ တော့ အာဇာနည်ကုန်းကြီး ဗုံးခွဲမခံရခင် အထိ အမှတ်ရစရာလေးတွေ ရှိပါတယ်။ အမှတ်ရစရာကောင်းတာကတော့ သမ္မတ မန်းဝင်းမောင်လက်ထက်ကပဲ။ အာဇာ နည်မိသားစုတွေ ကို အရမ်းဂရုစိုက်ခဲ့တာ ဦးနေဝင်းခေတ်ရောက်တော့ အာဇာနည် နေ့ ရောက် ရင်လာနှုတ်ဆက်ပြီး အဆင် ပြေလား ဘာလားမေး တယ်။ မိသားစုစုံစုံ ညီညီနဲ့ အာဇာနည်ကုန်းတက် ဂုဏ်ပြုနဲ့ မဆိုးပါဘူး။
ဒီဘက်နောက်ပိုင်းတော့ အဲ ဒီတုန်းကလိုတောင် မရှိတော့ပါဘူး” ဟု အာဇာနည်နေ့ အထိမ်းအမှတ်များနှင့် အ မှတ်တရများအကြောင်း အဘွားဒေါ်သိန်း ကြွယ်က ပြန်ပြောင်းပြောပြသည်။ ထိုသို့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ အား အမေ့လျော့ခံများအဖြစ် အသက်သွင်း ပေးခဲ့သည့် အာဏာရှင်အစိုးရ အဆက် ဆက်ကို အာဇာနည်မိသားစုဝင်တိုင်း က ပြစ်တင်ပြောကြားမှု အသီးသီးပြုလုပ်ကြ သည်။ မလွန်ပါ။ ကျွန်တော် တို့ မေ့ခဲ့ကြသည်ပဲလေ။
”သခင်မြဆို ပန်းခြံလားမေးတယ်။ စိတ်မကောင်းဘူးပေါ့”
ကွယ်လွန်သူ အာဇာနည်ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သူ ဘဏ္ဍာရေးဝန်ကြီး သခင်မြ ၏ အသက် ၂၇ နှစ်အရွယ် မြေးဖြစ်သူက ပြောကြားခဲ့ဖူးသော စကားတစ် ခွန်း။ နောက် တစ်ဦးက ဆိုပြန်သည်။ ”တောင်း ဆိုပိုင်ခွင့်မရှိဘူး” ဟု ဆိုသည်။ ”အာဇာနည်နေ့ကို ဂရပ်ဖ်နဲ့ ပြရင် အခုပြန်တက်လာတဲ့ သဘောပေါ့။ နိုင်ငံ တော်သမ္မတ အဆင့်ကနေ မြို့တော်ဝန် လောက် ရောက်သွား။ အခု ဒုသမ္မတပြီးခဲ့ တဲ့နှစ်က ပြန်တက်တယ်ဆိုတော့ ပြန် တက်လာပြီပေါ့။ မကြာခင် အရင်ပုံစံပြန် ရောက်မယ်ထင်တာပဲ” ဟု ဦးအုန်းမောင် ၏ သား ရန်ကုန်တက္ကသိုလ် ကုန်ထုတ် ဓာတုဌာနပါမောက္ခဟောင်း ဒေါက်တာ မင်းမြင့်က ပြောသည်။
မှန်ပါသည်။ မိသားစုဝင်များသာ မက မြန်မာပြည်အရပ်ရပ်မှ အာဇာနည် ပုဂ္ဂိုလ်ကြီးများအား လေးစားတန်ဖိုးထား သူတိုင်း နိုင်ငံတော်အဆင့်ဆိုသော ဂုဏ် ပြုမှုနှင့် ထိုက်တန်သည်ဟု ပြောကြသည်။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုဖို့ အဆက် ဆက် လမ်းညွှန်မှာကြား မိန့်ဆိုခဲ့ကြသည် ပဲလေ။ မိသားစုဝင်များအဖြစ်သည် နှုတ် ဆက် အနမ်းလောက်မှ မထိုက်တန်သူ များလား။ကျွန်တော်တို့ အာဇာနည်ပုဂ္ဂိုလ် ကြီးဦးအုန်းမောင်၏ ဇနီးလက်ရှိနေသော အိမ်ခန်းအ တွင်းမှ ပြန်ထွက် မည်ပြုဟန် ပြင်ချိန် တွင် မှောင်ရီပျိုးနေပြီ ဖြစ်သည်။ ခြံပြင်ရောက်ချိန်တွင် မပီပြင်ဝိုးတ ဝါး။ အရာဝတ္ထု၊ လူပုဂ္ဂိုလ်၊ ကားများ၊ လမ်းများ။ ဘယ်အရာမှ မသဲကွဲ။ ကျွန် တော်၏ ခြေလှမ်းတို့က ဆန္ဒနှင့် ထပ်တူ မကျ။ ကမ္ဘာမြေပေါ် လျှောက်လှမ်းဖို့ ထိုက်တန်သူလား ပြန်မေးမိသည်။ မဖြေ နိုင်။
မိုးမြင့်မြတ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။