Stuff Myanmar Magazine
စိတ်ဖိစီးမှုကို ဖြေလျှော့ပေးမယ့် Ocean Wave Projector
Battery အားသွင်းတဲ့ စနစ်ဖြစ်ပြီး Ocean Wave လို့ခေါ်ရတဲ့ အကြောင်းကတော့ ညဘက်အိပ်ခန်းအတွင်းမှာ ပင်လယ်ပြင်ကို
ရောက်ရှိနေသလို ခံစားနိုင်စေရန် Projector ကနေတစ်ဆင့် LED မီးကို
လင်းစေမှာဖြစ်ပြီး ပင်လယ်ရေအရောင် ထင်ဟက်နေသလို ဖန်တီးထားခြင်း
ကြောင့်ဖြစ်ပါတယ်။
တစ်နေ့သာပင်ပန်းနွမ်းနွယ်မှုကို သာယာဖွယ်ကောင်းတဲ့ ပင်လယ်ရှုခင်း ပုံစံဖန်းတီး ပေးမည့်အပြင် သံစဉ်တွေကိုပါနားစဉ်နိုင်ရန်အတွက် စပီကာကိုပါ ထည့်သွင်းပေးထားပါသေးတယ်၊
USB,AC-DC adapter,3.5mm stereo cable,Sleep function,battery charging စနစ်တို့ပါဝင်ပြီး တစ်ခါအားသွင်းထားပါက နာရီ ၅၀ စာအထိ
အသုံးခံကြောင်းဆိုထားပါတယ်၊
ဒါကြောင့် အဆိုပါ Ocean Wave Projector ဟာဆိုရင် သာယာဖွယ်
ကောင်းတဲ့ ပင်လယ်ရှုခင်းကိုခံစားနိုင်သလို သီချင်းပါနားဆင်နိုင်တဲ့အတွက် တစ်နေ့သာ ပင်ပန်းနွမ်းနွယ်မှုနှင့် စိတ်ဖိစီးမှုကို ဖြေလျှော့ပေးနိုင်မယ့် အိမ်သုံးနည်းပညာ ပစ္စည်းတစ်ခု အဖြစ်ဖော်ပြပေးလိုက်ပါတယ်၊
ကန်ဒေါ်လာ ၂၃ နဲ့ရောင်းချပေးမှာဖြစ်ပြီး အသေးစိတ်အချက်လက်ကိုတော့
အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
http://www.miniinthebox.com/ocean-sea-wave-led-projector-mp3-speaker-usb-lamp-tra-321-_p85559.html
Ref:techblog
Khun Nay(stuff myanmar)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။