MM Social Sky
အစွမ်းထက် ဗီနီဂါ နှင့် သားအိမ်ခေါင်းကင်ဆာ
++++++++++++++++++++++++++
(အမျိုးသမီးတွေအတွက် သတင်းကောင်းပါပဲ။)
++++++++++++++++++++++++++
(အမျိုးသမီးတွေအတွက် သတင်းကောင်းပါပဲ။)
သင်တို့ သိကြပြီးပြီလား? ကုန်ကျစရိတ်'နည်းနည်း'နဲ့ ယနေ့ကမ္ဘာမှာ အမျိုးသမီးတွေကို ခြိမ်းချောက်နေတဲ့ သားအိမ်ခေါင်းကင်ဆာ
(Cervical Cancer) ကို ကုသနိုင်ပါပြီတဲ့။
ကုသနိုင်တဲ့ နည်းလမ်းကတော့ အချက်အပြုတ်၊ စားသောက်ဖွယ်ရာမှာ သုံးတဲ့ ပိုးသတ်သန့်စင်ထားတဲ့ ဗီနီဂါ (Sterilized Vinegar) ကို မှန်မှန် စားသုံးပေးခြင်းပဲ ဖြစ်ပါတယ်။
ဒါကို ချီကာဂိုရဲ့ ကင်ဆာ specialist research ဖြစ်တဲ့ American Society of Clinical Oncology မှ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီလေ့လာမှုကို ၁၂နှစ်ကြာ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးပေါင်း တစ်သိန်းခွဲခန့် ကို ကွင်းဆင်း survey ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ Vinegar Screening (ဗီနီဂါနှင့်ကုသခြင်းနည်းလမ်း) က သေဆုံးမှုရာခိုင်နှုန်း ၃၁% ခန့်
လျော့ကျသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယမှာတော့ ဒီရောဂါနဲ့ နှစ်စဉ် အမျိုးသမီး ၂၂၀၀၀ လောက်
သေဆုံးလေ့ရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာတ၀ှမ်းရှိ ဆင်းရဲတဲ့ နိုင်ငံများမှ သားအိမ်ခေါင်းကင်ဆာ
ဝေဒနာရှင်ပေါင်း 73000 ခန့်က ဆေးဝါးကုသ စရိတ်အတွက်
ငွေကြေးမတတ်နိုင်ဘဲ နှစ်စဉ် သေဆုံးနေလေ့ရှိကြပါတယ်။
ဒါကြောင့် Vinegar Screening ကို low-cost screening (ကုန်ကျစရိတ်'နည်း'သည့် ကုသခြင်းနည်းလမ်း) လို့ ဆိုနိုင်ပါပေတယ်။
နိဂုံးချုပ်အနေနဲ့ စာဖတ်သူ (အမျိုးသမီး) များကိုလည်း မိမိကျန်းမာရေး
အတွက် ဗီနီဂါကို စားသုံးကြပါလို့ တိုက်တွန်းပါရစေရှင်။
Ref;online.wsj
----------
AkaRy (MM Social Sky)
http://mmsocialsky.uni.me/home/2013/06/%E1%80%A1%E1%80%85%E1%80%BC%E1%80%99%E1%80%B9%E1%80%B8%E1%80%91%E1%80%80%E1%80%B9-%E1%80%97%E1%80%AE%E1%80%94%E1%80%AE%E1%80%82%E1%80%AB-%E1%80%94%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%9E/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။