Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 12, 2013

““၂၀၁၅ အတွက် သမ္မတလောင်းတစ်ဦးအား ကြိုတင်မဲဆွယ်ခြင်း””(သရော်စာ)

 
အင်တာနတ်
““၂၀၁၅ အတွက် သမ္မတလောင်းတစ်ဦးအား ကြိုတင်မဲဆွယ်ခြင်း””
------------------ (သရော်စာ)--------------------------------------

သူသည် တည်ငြိမ်သည် အေးဆေးသည် ရိုးသားသည် ။ ပြည်သူ့အပေါ် ထားသော သူ၏ စေတနာကို သူမျက်နှာပေါ်တွင်ထင်ရှားစွာတွေ့မြင်နိုင်သည် ။ သူသည် ပြည်သူတွေ၏ ဘဝကို အောက်ခြေထိဆင်းပြီးလေ့လာသည် ။ အခြေခံလူတန်းစားများနှင့် တစ်သားတည်းဖြစ်အောင်နေသလို လုပ်ငန်းရှင် အသိုင်းအဝိုင်းနှင့်လည်းကင်းကွာမနေ ။ အာဏာရအဖွဲ့အစည်းကို သူဆွဲဆောင်နိုင်သလို မီဒီယာလောကကို သူလွှမ်းမိုးနိုင်သည် ။

လက်ရှိအချိန်တွင်တော့ သူ၏ နိုင်ငံရေး သြဇာ နှင့် ပုံရိပ်သည် နိုင်ငံတကာတွင် မထင်ရှားလာသေးသော်လည်း သူသည် အနာဂတ်မြန်မာနိုင်ငံ၏ တောက်ပထွန်းလင်း လာတော့မည့် မီးရှုးတန်ဆောင် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံမှာ လင်းလက်လာပေအုံးတော့မည့် ကြယ့်စင်တစ်စင်း ။
ဟုတ်ပါသည် ။ သူသည် လင်းလက်ကြယ်စင် ။ သို့မဟုတ် ၂၀၁၅ အတွက် အချိန်ကိုက် ပေါ်ထွက်လာသော မျိုးဆက်သစ် ခေါင်းဆောင် သမ္မတလောင်းတစ်ဦးပင်ဖြစ်သည်။ သူကား ဘိုသံ ဟုချစ်ခင်သူများ ကခေါ်ကြသော မောင်သံချောင်းပင် ဖြစ်ပေသည်တကား ။

တကယ်တော့သူသည် လွတ်တော်ဥက္ကဌကြီးလို မနေ့တစ်နေ့ကမှ သမ္မတတာဝန်ယူလိုကြောင်း ပြောကြားပြီး မြန်မာ့နိုင်ငံရေးလောကသို့ ခြေတစ်လှမ်းချပြလိုက်သူမဟုတ် ။ကြားဖြတ် ရွေးကောက်ပွဲကျင်းပစဉ်တည်းက သံချောင်းဘေးမှာအမှန်ခြစ် ပြည်သူ့အောင်ပွဲဖြစ် ဟူသောဆောင်ပုဒ် ကိုကြွေးကြော်ရင်း နိုင်ငံရေးလောကသို့ဝင်ရောက်လာခဲ့သူဖြစ်သည် ။ နိုင်ငံတစ်ဝန်းဘိန်းစိုက်ခင်းများဖြင့် စိမ်းလန်းစေရမည်ဟု သူ၏ ရွေးကောက် ပွဲမဲဆွယ်ဟောပြောပွဲတွင် ရဲရဲတောက်ပြောကြားခဲ့သူဖြစ်သည် ။

သူသည် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုတွေကို မမျှော် ။ ကမ္ဘာပတ်၍ အကြွေးလျှော်ပစ်စေဖို့ အောက်ကျို့မခံ ။ ပြည့်အင်းအားသည် ပြည်တွင်းမှာသာ ရှိသည်ဟု သူအပြည့်အဝယုံကြည်သည်။ ယုံကြည်သည့်အလျှောက် ပြည်တွင်းအင်အားကို အသုံချနိုင်မည့်နည်လမ်းကိုသူရှာသည်။မြန်မာနိုင်ငံ၏ မည်သည့်ခေါင်းဆောင် မည်သည့် အုပ်ချုပ်သူမှ မတွေးခဲ့ မလုပ်ခဲ့သောအလုပ်ကို သူသိသည် ။ တွေ့သည်။ အကောင်အထည်ဖော်နိုင်ရန်သူကြိုးစားနေပေသည်။

သူသည် မြန်မာနိုင်ငံကို အကောင်းဆုံး အုပ်ချုပ်နိုင်သူဖြစ်ကြောင်း သူ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကိုအကြိမ်ကြိမ်ပြခဲ့ပြီးသူဖြစ်သည် ။ သူသည် ဖြတ်ရန်ခက်သည်ဟု လူပြောသူပြောများသော အရက် ဘီယာကိုလည်း ဆေးရုံရောက်၍ ယတိပြတ် ဖြတ်ပစ်နိုင်သူဖြစ်သည် ။ ဒါကသူ၏ စိတ်ဓါတ်ပြတ်သားမာကျောမှု၏ အကောင်းဆုံးဥပမာဖြစ်သည် ။သူသာ သမ္မတဖြစ်ရင် " ဒီလိုရှိပါတယ် အင်းအဲ ဟုတ်ကဲ့ " ဟုသောစကားလုံးများမပါဝင်သော ပြတ်သားရဲရင့်သော မိန့်ခွန်းများကို အသေအချာအာမာန်အပြည့်ဖြင့် ပြောကြားနိုင်မည်သူမျိုးဖြစ်သည် ။

သူသည် နှယ်နှယ်ရရ သမ္မတလောင်းတစ်ဦးမဟုတ် ။
" ဟုတ်ပါတယ် ရှင်ကဘုရားအလောင်းပါ ကျေးဇူးရှင်ကြီးရယ် " ဟု မိန်းမဖြစ်သူ၏ အချီးအမွမ်းကို မိန့်မိန့်ကြီး ခံဖူးသူဖြစ်သည် ။ အခါအားလျှော်စွာ အိမ်အလည်လာသော တူ တူမ များအား မုန့်ဖိုးပေး၍ ထိုင်ကန်တော့စေခြင်းဖြင့် သူ၏ ဘုန်းကံ ကိုပြသနိုင်ခဲ့သူလည်းဖြစ်သည် ။

တကယ့်တကယ်တမ်းမှာတော့ သူသည် သမ္မတလောင်းသက်သက်မဟုတ် ။ မြန်မာနိုင်ငံသူ နိုင်ငံသားများ သီပေါမင်းပါတော် မူပြီးတည်းက မျှော်လင့်စောင့် စားနေခဲ့သော စကြာဝတေးမင်းပင်ဖြစ်ပေတော့သည် ။ သို့သော် သူသည် ဟိတ်ဟန်မကြီး လူသားတိုင်းအား တန်းတူဆက်ဆံနိုင်သူဖြစ်သည် ။ မည်သူ့ကိုမဆို ကိုကာကိုလာ တိုက်ပြီး ဖော်ရွေပြချင်သူဖြစ်သည် ။

အကယ်၍ သင်သည် ကမ္ဘာ့အလယ်တွင်ဝင့်ထည်သော သြဇာရှိသော မြန်မာနိုင်ငံကို တွေ့မြင်လိုလျှင် ၂၀၁၅ တွင် မည်သည့်အရာကိုမှ စဉ်စားမတွေဝေသင့်ပေ ။ သံချောင်း ဘေးတွင် အမှန်ခြစ်လိုက်ရုံပင်ဖြစ်ပေသည် ။

သမ္မတလောင်းဦးသံချောင်း ၏ မိန့်ခွန်းကို မြန်မာပြည်သူများ စိတ်တက်ကြွ ၍ မျှော်လင့်ချက်ရောင်ခြည်များ ထွန်းလင်းနိုင်ရန် ပူးတွဲတင်ပြလိုက်ရပေတော့သည် တကား ။ ။

(လော်ဘီမျိုးကျော်)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

““ သမ္မတလောင်းမိန့်ခွန်း””

လေးစားအပ်ပါသော ပြည်သူလူထုကြီးခင်ဗျား.... အခုဆိုရင်ကျွန်တော်တို့တိုင်းပြည်ဟာအလွန်ဆင်းရဲပါတယ်။ အစစ အရာအရာလည်း မျက်နှာငယ်ရပါတယ်။ဒါတွေကိုပြုပြင်ဖို့ ကျွန်တော်နဲ့ တစ်ကွပြည်သူလူထုမှာ တာဝန်ရှိ ပါတယ်။ကျွန်တော်သာ တိုင်းပြည် တာဝန်ကိုအခြားအစိုးရလို မလွဲမရှောင်သာ၊အားနာပါးနာမဟုတ် ဘဲ ပြည်သူကပေးလို့တာဝန်ယူရရင် ဒါတွေကို လုပ်ပေးပါ့မယ်လို့ အမိနိုင်ငံ ရဲ့မြေကြီးကို ကိုင်တွယ်သစ္စာဆိုပါ့မယ်။

တိုင်းပြည်ချမ်းသာဖို့အတွက် စိုက်ပျိုးရေးကို အဓိကပြောပါမယ်။

စိုက်ပျိုးရေးအပိုင်းမှာ သမားရို့းကျ သီးပင်ကောက်ပင်တွေကို အစားထိုးရမှာဖြစ်ပါတယ်။ပထမဆုံးရှမ်းပြည်တစ်လျှောက်နဲ့ ကချင်ပြည်နယ် စစ်ကိုင်းတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာ ဘိန်းစိုက်ဧက ကို တိုးချဲ့ပါမယ်။ဘိန်းအထွက်တိုးရေးအတွက် အာဖကန် ၊ပါကစ္စတန် နိုင်ငံတို့မှ မျိုးကောင်းမျိုးသန့်များကို မှာပေးပါ့မယ်။ အော်ဂင်းနစ်မြေသြဇာတွေ ပံ့ပိုးပေးပါ့မယ်။ရရှိလာသော ဘိန်းကုန်းကြမ်းမှ သည် ဘိန်းဖြူ အဖြစ်ပြောင်းလဲနိုင်ရန်အမှတ်၁ စက်မှုဝန်ကြီးဌာနမှ ဘိန်းချက်စက်ရုံ ငါးရာတည်ထောင်ပေးပြီး ၊ပုဂလိက လုပ်ငန်းရှင်များအတွက်လည်း လိုအပ်သော ဓါတုပစ္စည်းများကိုလည်းဈေးနှန်းချိုသာစွာနဲ့ပံ့ပိုးပေးပါ့မယ်။

ဘိန်းမစိုက်နိုင်သောအခြားဒေသများဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းမိုးခေါင်ရေရှားရပ်ဝန်း ၊မကွေးတိုင်း၊မန္တလေးတိုင်း ၊ စစ်ကိုးင်းတိုင်းတောင်ပိုင်း တို့မှာလည်း စိတ်ကြွရူးသွပ်ဆေးဝါးထုတ်လုပ်နိုင်သော မဟောင်( ephedra )ခေါ်အပူပိုင်း ခြုံပုတ်ပင်တွေကိုစိုက်ပျိုးလို့ရအောင် ကူညီပေးမှာဖြစ်ပါတယ်။ အပင်မျိုးနွယ်သစ် ဖြစ်တဲ့အတွက်ကြောင့် ပြည်ပမှပညာရှင်များဖြင့်နည်းပညာပံ့ပိုးပေးသွားမှာဖြစ်ပြီး စိုက်ပျိုးရေးစရိတ်ကိုလည်း လယ်ယာစိုက်ပျိုးရေးဘဏ် ကလိုသလောက်ထုတ်ချေးပါမယ်။ထွက်ရှိလာသော ၄င်းအပင်ကိုအခြေခံပြီး ကုန်ကြမ်းမှသည် ကုန်ချောအထိ ထုတ်လုပ်နိုင်အောင် အဖက်တမင်းစက်ရုံ ငါးထောင်တည်ထောင်ပေးပါ့မယ်။လိုအပ်သောဓါတုဗေဒပစ္စည်းများကိုလည်း ဧရာဝတီမြစ်ရိုးတစ်လျောက်ဓါတုစက်ရုံများတည်ထောင်ပံ့ပိုးပေးမှာဖြစ်ပါတယ်။

လေးစားအပ်ပါသောပြည်သူလူထုကြီးခင်ဗျား...

ဆန်စပါးဆိုတာ ပိုက်ဆံရှိရင်ဝယ်စားလို့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့လယ်မြေတွေမှာ စပါးအစား ဆေးခြောက်စိုက်ကြရပါမယ်။ပဲခူးရိုးမတစ်လျှောက် နဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ အမြဲစိမ်းသစ်တောတွေကို ခုတ်လှဲပြီး ဈေးကွက်ဝင် စိတ်ကြွဆေးတစ်မျိုး ဖြစ်တဲ့ ဂေါင်းလှုပ်ဆေးခေါ် Estacy ထုတ်လုပ်နိုင်တဲ့ နလင်ကျော်ပင်၊ ပရုပ်ပင်၊ sasafras ပင်တွေကို တောကြီးမျက်မဲဖြစ်အောင် နောင် မျိုးဆက်တွေကောင်းစားဖို့အတွက် စိုက်ပျိုးသွားမှာဖြစ်ပါတယ်

။နောက် ..ကျွန်တော်တို့နိုင်ငံမှာစိုက်တဲ့ ရာဘာဟာ အရေသွေးအလွန် ညံ့ပါတယ်။ ဒါကြောင့်ရာဘာတောတွေကို ခုတ်ပြီး နိုင်ငံခြား ၀င်ငွေရနိုင်မယ် ကိုကင်း ထုတ်လုပ်လို့ရတဲ့ ကိုကာပင်တွေစိုက်ရပါမယ်။

စက်မှုပိုင်းအနေနဲ့ ..

လက်နက်စက်ရုံတွေအမြောက်အများတည်ထောင်ပြီး ပြည်ပဈေးကွက်ကို ထိုးဖေါက်ပါ့မယ်။တင့်ကား ၊ တာဝေးပစ် ၊တာလတ်ပစ်တွေကအစ ထုတ်လုပ်ပြီး ယိုးဒယားလို ပြည်တွင်းမတည်ငြိမ်သောနိုင်ငံတွေကို စစ်ဖြစ်အောင်လှုံဆော်တင်ပို့ပေးပါမယ်။

ကျွန်တော်တို့နိုင်ငံဟာ ယူရေနီယံပေါကြွယ်ဝတဲ့အတွက်နူကလီယား ဗုံးနိုင်သည့်အထိ နည်းပညာမြှင့်တင်ပြီး အယ်ကိုင်ဒါကဲ့သို့သော မွတ်စလင်အစွန်းရောက်တွေထံတင်ပို့သွားပါ့မယ်။ တိုင်းပြည်ကို ဒီလိုဖြည့်ဆည်းလိုက်ရင် တိုင်းပြည်လည်း ဖာ နိုင်ငံဖြစ်စရာမရှိတော့ပါဘူး ။

ကျွန်တော်တို့ရဲ့ ကျတော်တို့ရဲနိုင်ငံကဆင်းရဲသားတွေတောင် လေယျဉ်ပျံဝယ် စီးနီုင်တော့မှာပါ.. ဒါ့ကြောင့်ပြည်သူလူထုကြီးက သေချာစဉ်းစားပြီးကျွန်တော့် ကိုမဲပေးကြပါလို့ဒီနေရာကပန်ကြားလိုက်ပါတယ်။

ကျွန်တော်ရဲ့အမှတ်အသားမှာ သံချောင်းတစ်ချောင်းမိုးပေါ်ထောင်နေပုံဖြစ်ပါတယ်။အဓိပါယ်ကတော့ အချွန်နဲ့မမယ်ဆိုတာပါဘဲ။ဆောင်ပုဒ်က တော့" သံချောင်းဘေးမှာ အမှန်ခြစ်ပြည်သူ့အောင်ပွဲဖြစ်"ပါ ။ထပ်ပြောပါမယ် ဆောင်ပုဒ်က "သံချောင်းဘေးမှာ အမှန်ခြစ်ပြည်သူ့အောင်ပွဲဖြစ်"ဖြစ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။
ဦးသံချောင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။