ရေးမိရေးရာလေးများ
chatting ဝင်ဖို့သက်သက်ဘဲလား ။
ဘာကြောင့် အွန်လိုင်းတက်လာရတာလဲ ။
စဉ်းစားကောစဉ်းစားမိရဲ့လား ။
စဉ်းစားဖို့သင့်တယ် ။ တစ်နေ့တစ်နေ့
ဝင်ငွေဘယ်လောက်ရှိလို့ အင်တာနက်ဆိုင်သွားသွားပြီး ဖြုန်းနေရတာလဲ ။
ဘာ့ကြောင့် သုံးတာလဲ သိရမယ် ။ အပျော်ဘဲလား ။ အပျင်းပြေလား ။
... ကွန်ပျူတာကို
စိတ်ဝင်စားလို့လား ၊ ဘာကြောင့်လဲ သေသေချာချာ သိဖို့တော့လိုမယ်နော်။
အိမ်နဲ့ဆက်သွယ်ရမှာမို့လို့လား ဘာကြောင့်လည်းဆိုတာ အသေအချာ သိထားရမယ်လေ ။
ဒါမှလည်းလူ တစ်ယောက်ရဲ့ ဘဝက အောင်မြင်မှုဆိုတာနဲ့ ရှိတော့ မှာပေါ့ ။
Bloggerကိုသုံးချင်လား ၊ ဘာကြောင့်လဲ ဘာ့ကြောင့်ဆိုတာတွေ အရေးကြီးတယ် ။ ကွန်ပျူတာ
ဆိုတာကို အထင်တော့ မသေးမိစေနဲ့ ပေါ့ဗျာ ။

မင်းဖြစ်ချင်တာက
ဘာလဲ ၊ Hardware နဲ့ဆိုင်တာလား ၊ Software နဲ့ဆိုင်တဲ့
ဆရာကြီးဖြစ်ချင်တာလား ။ မင်းကိုယ်တိုင်သေချာသိရဲ့လား ။ Webdeploment
နဲ့ဆိုင်တာလား ၊ အထွေထွေ Programmar ကြီးဖြစ်ချင်တာလား ။ Network
အင်ဂျင်နီယာ ဖြစ်ချင်တာလား ။
ငါပြောတာတွေ စေတနာနဲ့ပါ ဟာ
မင်းနားလည်ပေးပါ။ မင်းအသက်မွေးဝမ်းကြောင်းကဘာမို့လို့  လဲ။
ကွန်ပျူတာနဲ့ အသက်မွေးမှာလား ။ သေချာပီလား ။ Myan-glish ဘဲရိုက်ရိုက်နေတာ ခုထိတောင်
မြန်မာဖောင့် မင်းမကျွမ်း သေးပါဘူး ။
မင်းလိုင်းတစ်ခုခု
ကိုရွေးလိုက်ပါလားကွာ ငါတကယ်စိတ်ပူမိတယ် ။ ဒါပေမယ့် G-talk လိုင်းတော့
မရွေးနဲ့ပေါ့လေ ။ ဘဝတွက် အရေးပါအရာရောက်တယ် ဆိုရင် ငါကြေနပ်နေမှာပါ ။
ခုခေတ် အင်တာနက်သုံးလို့ရလာတာ ကောင်းတာ ၊ တွေက တော်တော်လေး
မင်းတို့ကံကောင်းတယ်ပြောရမယ် ။ ဒါပေမယ့် အကျိုှးရှိရှိလေးတော့ သုံးစေချင်တယ် ။
မင်းသုံးတတ်ရင် မဟာဆေးမြစ်ကြီးတစ်ခုပါ။ ထိုင်ရာမထ လိုတာ ရှာနိုင်တယ် ။
ဘယ်လောက်တောင်ကောင်းလည်း ။ မသုံးတတ်ရင်တော့ ပျက်စီးခြင်းရဲ့
အစလည်းဖြစ်သွားနိုင်တယ် ။
မင်းအကျိုးရှိရှိ
သုံးတတ်လာမယ်ဆိုရင်တော့ဖြင့် ငါပျော်နေမှာပါ ။ သိပ်ချစ်ရတဲ့ ချစ်သူငယ်ချင်းတို့ ရေ ။
ဖြိုးဝေ
----------------------------------------------------------
[မည်သူ တစ်ဦးတစ်ယောက်ကို မှရည်ရွယ်ခြင်းမရှိပါ ...
ထိခိုက်နစ်နာစေလိုခြင်းမရှိပါ
ဖတ်မိတာလေးအား စေတနာများစွာဖြင့်
ပြန်မျှဝေလိုက်ခြင်းဖြစ်ပါတယ် .... ]

ကျေးဇူးပါအကိုရေ ကျွန်တော်လဲ ကိုယ်ဘာသာ သတိထားတာကြာပီး...ဂျီတော့ ဖေ့ဘုတ်နဲ့ပဲ dota နဲ့ပဲ အချိန်ကုန်နေတာများတယ်..ထပ်ပီါ်သတိထားမိအောင် သတိပေးတဲ့ကျေးဇူးပါ အကို
ReplyDelete