ကိုဝိုင် ဝိုင်ကေ
ငါတို့ အိုနေပြီ ။
**********
အိမ်အပြန်လှမလားလို့
ရင်ကော့ပြီး ပြန်ခဲ့တဲ့ ည
အဖေ့ ငေါက်သံကြားမှာ
ခေါင်းထောင်ကြည့်မိခဲ့သူ ...။
**********
အိမ်အပြန်လှမလားလို့
ရင်ကော့ပြီး ပြန်ခဲ့တဲ့ ည
အဖေ့ ငေါက်သံကြားမှာ
ခေါင်းထောင်ကြည့်မိခဲ့သူ ...။
ရင်ခုန်သံတွေ ကို တူတူစု
ညီသူတွေနဲ့ ချီတက်ခဲ့တဲ့ လမ်း
စစ် သေနတ်သံကြား မှာ
ခေါင်းငုံ မခံ ခဲ့တဲ့သူ ...။
မယုံကြည်တဲ့သူတွေ တိုက်ဖို့
ယုံကြည်တဲ့သူတွေချင်းပေါင်းတဲ့ ဘဝ
ထောင် တန်း တွေ ကာစည်းလည်း
လက်သီး လက်မောင်းတန်းချင်သူ ...။
အခြေအနေတွေ ပြောင်းမလား လို့
အချေအတင်များစွာနဲ့ လောင်းကြေးထပ်
ခပ်ပြတ်ပြတ် မာနတွေ နဲ့
ကိုယ့် ဘဝ ကို ထားရစ်ခဲ့သူ ... ။
ကိုယ်တိုင်း အချိုး မပြောင်းပဲ
အင်္ကျီ လဲ ဝတ်တဲ့ အသစ်
စနစ်တွေ ရဲ့ သံသရာထဲ
တရက် ထက် တရက် အိုမင်းလာသူ ...။
ငါတို့ကျခဲ့တဲ့ သွေးတွေ ချွှေးတွေ ကြောင့်
ငါတို့ ကျခဲ့တဲ့ ခန္ဓာ အရိုးတွေ ကြောင့်
သြဇာ ဆီနှစ် ရေသောက်မြစ်နဲ့
ကျော့ပြန် ပေါက်ဖွား ဇာနည်လားသို့
မျိုးဆက် မောင်တို့ ကြိုးစားရစ်ဖို့ ...
တိုက်တွန်း မှာရင်း ....
ငါ ဟာ လူအို ဖြစ် ...
ငါတို့ ဟာ လူအို ဖြစ်ခဲ့ ...
ငါတို့ ...
ငါ ...။
ကိုဝိုင်ဝိုင်ကေ
၉-၆-၁၃
ညီသူတွေနဲ့ ချီတက်ခဲ့တဲ့ လမ်း
စစ် သေနတ်သံကြား မှာ
ခေါင်းငုံ မခံ ခဲ့တဲ့သူ ...။
မယုံကြည်တဲ့သူတွေ တိုက်ဖို့
ယုံကြည်တဲ့သူတွေချင်းပေါင်းတဲ့ ဘဝ
ထောင် တန်း တွေ ကာစည်းလည်း
လက်သီး လက်မောင်းတန်းချင်သူ ...။
အခြေအနေတွေ ပြောင်းမလား လို့
အချေအတင်များစွာနဲ့ လောင်းကြေးထပ်
ခပ်ပြတ်ပြတ် မာနတွေ နဲ့
ကိုယ့် ဘဝ ကို ထားရစ်ခဲ့သူ ... ။
ကိုယ်တိုင်း အချိုး မပြောင်းပဲ
အင်္ကျီ လဲ ဝတ်တဲ့ အသစ်
စနစ်တွေ ရဲ့ သံသရာထဲ
တရက် ထက် တရက် အိုမင်းလာသူ ...။
ငါတို့ကျခဲ့တဲ့ သွေးတွေ ချွှေးတွေ ကြောင့်
ငါတို့ ကျခဲ့တဲ့ ခန္ဓာ အရိုးတွေ ကြောင့်
သြဇာ ဆီနှစ် ရေသောက်မြစ်နဲ့
ကျော့ပြန် ပေါက်ဖွား ဇာနည်လားသို့
မျိုးဆက် မောင်တို့ ကြိုးစားရစ်ဖို့ ...
တိုက်တွန်း မှာရင်း ....
ငါ ဟာ လူအို ဖြစ် ...
ငါတို့ ဟာ လူအို ဖြစ်ခဲ့ ...
ငါတို့ ...
ငါ ...။
ကိုဝိုင်ဝိုင်ကေ
၉-၆-၁၃

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။