Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 8, 2013

“ခင်နက်ကျားရဲ့ချစ်ပုံပြင်”

 
Min Din
အောင်မလေး၊ကျုပ်ကို ဘန်ကောက်မြို့က ဂျူးလ်ဒစ်ဟိုတယ်မှာ နေသတဲ့ ၊ အမှန်က ဖူးခက်မှာ ကာဗူလီးဝါလား (ဈေးသည်)လုပ်နေရတာ ။ခက်ချက် ။

“ခင်နက်ကျားရဲ့ချစ်ပုံပြင်”

မင်းဒင်

(၁)
နက်ကျားကား အပျိုဖြန်းလေး ဖြစ်လာပြီ။ နက်ကျားမှာ ကျနော့်အိမ်က ကြောင်မကလေး ဖြစ်၏။ သူ အပျိုဖြစ်လာကြောင်း သူ၏ မွေးစာရင်း၊ ဇာတာ ရက်ခုပ်အရ သော်လည်းကောင်း ၊ ကြောင်မပျိုတို့၏ ဓမ္မတာသဘောကို စစ်ကြောမိ၍ သော်လည်းကောင်း ၊သိရသည်တော့ မဟုတ်ပါ ။ အကြောင်းကား သူ့မွေးနေ့ မွေးလနှင့် နေ့နံကို ကျနော်အမှတ်အသား မပြုခဲ့မိသည့်အပြင် နက်ကျား၏ မီးယပ် ဓမ္မတာကိစ္စမှာ ကျနော့်အရေးအရာ မဟုတ်သောကြောင့်ဖြစ်ပါသည် ။ ထို့အတူ ကြောင် အပျိုဘော်ဝင်သည့် နှစ်အပိုင်းအခြားနှင့် အသက်အရွယ်ကိုလည်း သတ္တဗေဒ ပညာကို အလေ့အလာအားနည်း သဖြင့် ကျနော် မပြောနိုင်ပြန်ပါ။ မည်သို့ပင် ဆိုစေကာမူ နက်ကျား၏ ကိုယ်လုံး ကိုယ်ဖန်နှင့် သူ၏ ရှုပ်ထွေးလှသော အချစ်ရေးကြောင့် သူ ကြောင်ပျို ကြီးဖားဖား ဖြစ်ပြီဆိုသည်ကိုမူ ကျနော် တထစ်ချ သေချာပေါက် ပြောနိုင်ပါသည် ။
နက်ကျား ကြောင်ပေါက်စအရွယ် ငယ်စဉ်ကသော် နက်ကျား၏ ဘဝသည် အထီးကျန် ဖြစ်ကာ ကျနော့်အိမ်မှ လွဲ၍ ခိုကိုး ရာ မရှိခဲ့ပါပေ။ အနီးနားအိမ်အသီးသီးမှ ကြောင်ခွေးတို့၏ ဘေးရန်ကြောင့် နက်ကျားသည် ခြံထဲက ခြံပြင်လည်းမထွက်ရဲခဲ့ ချေ။ နက်ကျား အိမ်တွင်းပုန်းနေသည့်တိုင် ရံခါ နယ်ကျော် ခြံကျော် ရောက်လာတတ်သော ကြောင်အကြီးစားများ ရန် ကြောင့် နက်ကျားခမျာ ရှောင်ရတိမ်းရ ပြေးရလွှားရသည့် အကြိမ်ပေါင်းလည်း မနည်းခဲ့။တခါတရံ ဒဏ်ရာပင်ရတတ်၍ ကျနော်တတ်သမျှ ဆနွင်းသိပ် ဆေးကုပေးရသည်လည်း ရှိခဲ့ပါ၏။
တစ်နှစ်ကျော်တည်းဟူသော အချိန်သည် နက်ကျားကိုဘဝပြောင်းစေခဲ့လေပြီ။ ကြောင် အပျိုဖြန်းကလေး ဖြစ်လာလေ၍ မျက်နှာပန်း ပွင့်ခဲ့လေပြီတည်း။ ဟိုစဉ်က ခြံတွင်းသို့ နက်ကျားကို ရန်မူရန် လာတတ်လေ့ရှိသော ကြောင်ဝါကြီးပင် နက်ကျားကို မျက်နှာပေး တမျိုးပြောင်းကာ ရစ်သီရစ်သီဖြင့် မြူတခါချော့တလှည့်၊ ကိုနောက်ပိုး ဇာတ်ခင်းတတ်နေလေပြီ ။
(၂)
မကြာပါချေ။ နက်ကျားသည် ကြောင်ဝါကြီးနှင့် ကြောင်တို့ဘာဝ မေတ္တာမျှကြလေသတည်း။ နက်ကျားနှင့် ကြောင်ဝါကြီး တို့ကား ကျနော့် ရှေ့တွင်ပင် ရှက်ရကောင်းမှန်းမသိချေ။ နက်ကျားက နေရောင်အောက်က အုတ်ခုံပေါ်တွင် နေပူစာလှုံ သယောင် ဟန်ရေးပြချိန်၌ ကြောင်ဝါကြီးကလည်း နက်ကျား၏ လက်တကမ်းတွင် ရစ်ကာဝဲကာ ချစ်ရည်ရွှန်းလဲ့သော မျက်လုံးအစုံတို့ဖြင့် ကလူတုန့်တင် ချစ်ခြင်း၏ အနက်ကို ဖွင့်ခဲ့ကြဘူးသည်မှာ ကျနော့် မျက်မြင် ဖြစ်လေသည်။
အနှီကြောင်ဝါကြီးနှင့် နက်ကျား၏ အချစ်ဇာတ်လမ်းကား ကျနော့်မျက်စောင်းထိုးအိမ်မှ ကြောင်နက်ကြီး ဝင်မလာစဉ်က သော် သာယာ ဖြောင့်ဖြူးဟန်ရှိခဲ့ပါ၏။ ပြည်ပန်းညိုချိုပါလျက် ဟူ၍ပင် ဆိုရလေမည်လောမသိ။ အဆိုပါ ကြောင်နက်ကြီး သည် နက်ကျားနှင့်ကြောင်ဝါကြီးတို့၏ အချစ်ရေးကို မင်းဒဿထုံး နှလုံးမူလျက် ကြားဝင်ဖျက်လေတော့သည် ။ ချုပ်၍ဆိုရသော် ကြောင်ဝါကြီးနှင့် ကြောင်နက်ကြီးတို့ အချစ်စစ်ပွဲ ပြင်းထန်စွာ စတင်ဖြစ်ပွားလေတော့၏။ တခုသော နေ့လည်တွင် နက်ကျားနှင့်ကြောင်ဝါကြီးတို့ ပလူးနေချိန်၌ ကြောင်နက်ကြီး ရုတ်ခြည်း ဝင်လာကာ အချစ်အတွက် စိန်ခေါ်အား စမ်းခဲ့ကြလေသည်။ကြောင်ဝါကြီးကား ခင်နက်ကျားအတွက် အသက်ပင်သေသေဟူသော ချစ်ဇောဟုန်ဖြင့် ကြောင်နက်ကြီးကို ရင်ဆိုင်၏။ ကြောင်နက်ကြီးကား မေနက်ကျားမရှိရင် အသက်မရှင်ချင်တော့ ဟူသော ချစ်စိတ်မွှန်လျက် ကြောင်ဝါကြီးကို အသေဖဲ့လေ၏။တိုက်ပွဲကား သူသေ ကိုယ်သေ ဖြစ်လေသောကြောင့် ပြင်းထန်လှလေသည်။ စိန်ခေါ်ပွဲ၏ ရလာဒ်ကား ကြောင်ဝါ ကြီး ဘယ်ခြေတွင် သည်းစွာသော ဒဏ်ရာ ရခြင်းပေတည်း။ဤသည်မှသည် နက်ကျားတကောင် အနိုင်ရကြောင်နက်ကြီးဖက်သို့ လေယူရာတိမ်းကာ ယိမ်းခဲ့တော့၏။ နက်ကျား၏ နှလုံးသားတွင်းသို့ ကြောင်နက်ကြီး ဝင်လာချိန်မှ အစပြု၍ နက်ကျားနှင့် ကြောင်ဝါကြီးတို့ ညောင်ညိုပင် လမ်းခွဲ စလေသတည်း ။
နက်ကျားကား သစ္စာမဲ့သူတည်း။မျက်နှာများသူတည်း၊ အားကြီးသူကို ကိုးကွယ်သူတည်း။ ကြောင်ဝါကြီးကို မသိမသာ တမျိုး ပြောင်ပြောင်တသွယ် ရှောင်ဖယ်ရှောင်ဖယ် လုပ်လျက် ကြောင်နက်ကြီးကိုသာ စိတ်ညွှတ်နေလေတော့ရကား ပြေးသူကပြေး၍ လိုက်သူကလိုက် ဖြစ်ကုန်ပေတော့သည်။မကြာသေးမီကသော် နက်ကျားသည် သူ့အတွက် ချကျွေးသည့် သူ့အစာကိုပင် အကုန်မျိုကျဟန်မတူ ၊ချစ်ရလွန်းသူ ကိုကိုဝါအတွက် ဆိုလေဟန် ချန်ထားလေ့ရှိပါ၏။ ယခုသော် ကြောင်ဝါကြီးအနားကပ်သည်ကိုပင် မနှစ်မြို့ဟန်ပါတကား ။ မကြင်ဘယ့်အတွက် စိမ်းလေသည်မသိ။ ကြောင်ဝါကြီးကို အတွေ့မခံတော့ချေ။ ထိုမျှသာမဟုတ်သေး၊ တခါတခါ နက်ကျားတကောင် အိမ်အနီးဝန်းကျင် ခပ်လှမ်းလှမ်းသို့ပါ လှစ်ကနဲ လှစ်ကနဲ ထွက်သွားတတ်ပြန်ပေရာ သူပြန်လာသည့် အမြီးတနန့်တနန့်၊ ခပ်ကြော့ကြော့ မူဟန်သည်လည်း အခြားတပါးသော ကြောင်ပျိုတို့နှင့် အချိန်းအချက်ကိစ္စ ဖြစ်နိုင်ပေသေး၏။
ကြောင်ဝါကြီးကား အချစ်ကို လက်လွှတ်ဆုံးရှုံးရသူတို့ ၏ ဓမ္မတာအတိုင်း ကြီးစွာသော ချစ်ဒုက္ခကို ခံစားရလေတော့သည်။ ကြောင်ဝါကြီးကား ကျနော့် ထမင်းစားပွဲနားအထိပင် ရောက်လာကာ ချစ်သူပျောက်ကို ရှာလေတော့သည်။ စင်စစ် မူမှန် အချိန်၌ ထိုကြောင်ဝါကြီးသည် ကျနော့်အနားသို့ချည်းကပ်ရန် မဆိုထားဘိ အဝေးမှ မြင်လျှင်ပင် လှစ်ကနဲ ပျောက်သွား တတ်လင့်ကစား ယခုသော် ကျနော့်အနားအထိ စွန့်စွန့်စားစား ရောက်လာခြင်းမှာ အချစ်က စေ့ဆော်လိုက်သော သတ္တိ စွမ်းပကားကြောင့်ပင် ဖြစ်ပေလိမ့်မည် ။ကျနော့်လက်စွဲတော် ရန်ကုန်သားသန်းမောင်ကား လူရိုးလူကောင်းပီပီ နက်ကျား တို့၏ သုံးပွင့်ဆိုင်အချစ်ရေးတွင် နက်ကျား၏ ချစ်ဦးသူ ကြောင်ဝါကြီးဖက်မှ ပြောင်ပြောင် ရပ်တည်ထောက်ခံလျက် ကြောင် နက်ကြီးကို ခြံထဲအဝင်မခံဘဲ တွေ့ရာခဲ၊ ဒုတ်တို့ဖြင့် ပစ်ပေါက် ခြောက်လှန့်နှင်ထုတ်လေသည်။ ကျနော်မူကား လူကြီး အရာ ဖြစ်၍ ကြောင်တို့၏ချစ်ခြင်းကို ကြားဝင်ခြင်းငှာ မသင့်တော်လေသည်နှင့် မသိကျိုးကျင်ပင် ခပ်မဆိတ် နေရလေ၏။
(၃)
စင်စစ် ကြောင်မလေး နက်ကျား၏ အမူအကျင့်သည် ရေမြေလိုက်သည်ဟုပင် ဆိုရမည် ထင်ပါသည်။ ကျနော် နေထိုင်ရာ ဖူးခက်မြို့ကား ခရီးသွားမြို့ ဖြစ်သည့်အားလျှော်စွာ မျက်နှာဖြူ တို့ အဝင်အထွက် ပျားပန်းခတ်များပြားလေရာ ဖူးခက်မြို့ ရောက်မျက်နှာဖြူ အတော်များများမှာ ထိုင်းပျိုဖြူတို့နှင့် ဒွိယံ ဒွိယံ ဖြစ်လေ့ရှိကြကုန်၏။ ထိုင်းမလေးမောင်းသော ဆိုင်ကယ်နောက်က ခါးဖက်လိုက်နေသော မျက်နှာဖြူတို့ရှိသလို မျက်နှာဖြူမောင်းသော ဆိုင်ကယ်နောက်က ခါးဖက် လိုက်နေသော ထိုင်းမလေးတို့လည်း အနမတဂ္ဂပင်။ စတိုးဆိုင်ကြီးများအတွင်း ပစ္စည်းတင်လှည်းပေါ်တွင် ထိုင်းမျက်နှာဖြူ ကပြား ကလေးပေါက်စလေးများကို ထည့်ကာ တွန်းလာကြလေသော ထိုင်းမနှင့် မျက်နှာဖြူပုရိဿ အတွဲတို့သည်လည်း ရိုးအီနေသော မြင်ကွင်းပင်။ မြို့အနှံ့နေရာအနှံ့ တွေ့ရသော ထိုင်းမနှင့် မျက်နှာဖြူထီး စုံတွဲတို့ကား ဖူးခက်မြို့ ၏ သင်္ကေတပေတည်း။လင်များသော မယား၊ မယားများသောလင် ဟူသည်ကား ဤလူမျိုးတို့အတွက် အဆန်းတကြယ် မဟုတ်ပြီ။ဖူးခက်ရှိမော်တော်ကား အချို့နှင့် နေအိမ်အချို့တွင် ကဗ္မည်းတင်ရေးထိုး ချိတ်ဆွဲထား တတ်ကြသည့် ထူးဆန်း လှသော စာတမ်းကား We Love Flaung !!! We Love Money !!!(မျက်နှာဖြူကို တို့ချစ်သည် ၊အသပြာကို တို့ချစ်သည်) ဟူသတည်း ။
ဂေါဏေနဂေါဏော သမဏေနသမဏေဏော ဟူ၍ပင် ဆိုရလေမည်လော ။ ရာဇဝင် ပြောင်းပြန်ဖြစ်ကာ ပြည်တွင်းတွင် စားရေးနေရေး အလို့ငှာ ပူပြင်းခြောက်သွေ့လေသောကြောင့် ဖူးခက်သို့တဝမ်းတခါး အလို့ငှာ ရောက်ရှိလာကြသည့် မြန်မာအမျိုးကောင်းသား၊အမျိုးကောင်းသမီးတို့သည်လည်း တလွှဲဆံပင်ကောင်းကာ နက်ကျား၏ စရိုက်၊ ထိုင်းပျိုဖြူတို့၏ အကျင့်စာဂနှင့် မရိုးရင်းစွဲဖြစ် ကုန်ကြလေပြီ ။နက်ကျားသည် ထိုင်းပျိုဖြူတို့၏ အကျင့်စာဂအတိုင်း၊ရှိသည့်နည်းတူ မြန်မာအလုပ်သမား ကျားမ အချို့တို့သည်လည်း သူတို့၏ ထိုင်းအရှင်သခင်များ စရိုက်ကို အလွှဲကူးချနေကြလေကုန်ပြီ။
မြန်မာနိုင်ငံတနံတလျား မည်သည့်တိုင်းရင်းသားမဆို အရှက်အကြောက်ကြီးလှပါသည် ဆိုသော်ငြား ဖူးခက်ရောက် မြန်မာတချို့အတွက် Living together နှင့် လင်ကွာမယားကွာ ကိစ္စတို့သည် အဆန်းမဟုတ်တော့ပြီ။အချို့ သောကော်ဆန်း (ဆောက်လုပ်ရေး) လုပ်ငန်းခွင်တို့တွင် ခေတ္တလင်မယား၊ အပျော်လင်မယားစံနစ်ကို လက်ခံကျင့်သုံး နေကြပေပြီ။ အတူနေ အမျိုးသားရ အပ်သော ဝင်ငွေလုပ်အားခ၏ လေးဆယ်ရာခိုင်နှုန်းဖြင့် ခေတ္တယာယီဇနီးမယားအဖြစ် ပေါင်းသင်း နေကြသည်ဟူ၍ပင် ကြားသိလာရပြီ။ တလင်တမယား ရိုးမြေကျပေါင်းသောအလေ့ကိုပင် ရယ်စရာလှောင်စရာ ထင်မြင်ကုန်ကြလေပြီတည်း။
အချို့သော ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား မိန်းမပျိုများကား ထိုင်းတို့နှင့် ပျော်ပျော်ကြီး လက်ဆက်ကြကာ ထိုင်း၏ ဇနီးဖြစ်ရသည်ကိုပင် လောကအလယ် ဂုဏ်တင့်ဖွယ်ရာအဖြစ် ခံယူနေကြရုံမျှမက မြန်မာအချင်းချင်းကြားတွင် ကျမ ယောက်ျားက “ထိုင်း” ဆိုကာ ရင်ကော့ ဇန်းတင်စကား ဆိုနေကြလေပြီ ။ ထို့အတူ ရှားရှားပါးပါး ထိုင်းမကို လက်ဆက် ခွင့်ရသော မြန်မာယောက်ျားကလည်း “ကျနော့် မိန်းမက ထိုင်း” ဟု ဂုဏ်ယူ ဝင့်ဝါနေကြပြီတကား။ ထီးနှင့်နန်းနှင့် စံမြန်းလာရုံမျှမက မျိုးနှင့်ရိုးနှင့်တန်ခိုးရှိခဲ့သည် ဆိုသော မြန်မာတို့ သည် အဘယ်တွင်နည်း။
(၄)
ထိုင်းပျိုဖြူတို့ကဲ့သို့ လမ်းမအလယ်တွင် မသလားနိုင်လေသော ဖူးခက်ရောက် အိမ်တွင်းပုန်း မြန်မာမလေး တစ်ယောက်၏ ရင်နာစရာ အဖြစ်တစ်ခုပင် မကြာမတင်က ဖြစ်ပွား ခဲ့ပါသေး၏။ ဤအဖြစ်ကားမြန်မာရွေ့ပြောင်း အလုပ်သမားများအကြား ရေပန်းစားလှသော တယ်လီဖုန်း ချစ်သူထားခြင်း အလေ့မှ မြစ်ဖျားခံလေသည်။ လူချင်းတရံတဆစ်မျှ မမြင်ဖူးကြဘဲလျက် တယ်လီဖုန်းဖြင့် ချစ်တင်းနှောခြင်းအလေ့ကား ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတို့ မွေ့လျော်မြဲအကျင့်ဟု ဆိုပါသည်။
အနှီ အသက်တစ်ဆယ့်ကိုးနှစ်အရွယ် မြန်မာမိန်းမပျိုသည် ဖူးခက်ရောက်သည်မှာ ရက်ပေါင်း ခြောက်ဆယ်ပင် မပြည့်သေး သော်ငြား အတုမြင် အတတ်သင်လျက် သူမမြင်ဖူးသော မြန်မာပုရိဿတယောက်ကို တယ်လီဖုန်းဖြင့် လေလှိုင်းမှ ချစ်တင်းနှောခဲ့သည်ဟု ဆိုပါသည်။ထိုမှသည် တဆင့်တက်ကာ သူနေထိုင်ရာ အိမ်ခန်းသို့၊သူ့အိမ်မှ အတူနေသူများ အလုပ်ဆင်းချိန်ဖြစ်သည့် အချိန်မတော် ညသန်းခေါင်သုံးနာရီတွင် လူချင်းတွေ့ဆုံကြရန် အချိန်း အချက်ပြုကြသည်ဆို ပါ၏။ ဤသို့လျှင် တွေ့ကြသည်၌ ချိန်းဆိုရာသို့ရောက်လာသော မြန်မာယောက်ျားသည် အဆိုပါမိန်းမပျို မျှော်မှန်းထား သကဲ့သို့ လူရွယ်၊ လူပုံချော မဟုတ်ပဲ အသက်လေးဆယ် ဝန်းကျင်၊ ပုံဆိုးပန်းဆိုး ဖြစ်နေလေရာ၊ ထိုအချိန်းအချက် ဇာတ်လမ်းကား လူသတ်မုဒိန်းမှုဖြင့် အကျည်းတန်စွာ နိဂုံးချုပ်ခဲ့ရလေသည်။ထိုသတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့ခဲ့လေရာ ဖူးခက်ရောက်မြန်မာတို့ကား အမျိုး ဂုဏ် တေဇာညှိုးရသည့်အထဲ နူရာဝဲစွဲကာ၊ လူကြားထဲတွင်ပင် မျက်နှာမပြဝံ့သည့် ဘဝ ရောက်ကုန်ကြရရှာလေ၏ ။
(၅)
ကမ္ဘာမိုးမြေတွင် တေဇာတော်ဖြိုးဝေကာ ရွှေမှန်ကင်းအဆင်းကဲ့သို့ ဝင်းဝင်းတောက်ခဲ့သော ခေတ်ကာလ များကား ကုန်လွန်ခဲ့လေပြီ။ မည်သူတို့သည် မြန်မာများကို ဤပုံဤဘဝ ရောက်အောင် တွန်းပို့ခဲ့ကြပါသနည်း။ အဘယ်အရာ တို့သည် မြန်မာတို့၏ ကောင်းမြတ် သော လူမှုအကျင့်စရိုက်တို့ကို ဖျက်ဆီး ဝါးမြိုခဲ့ ကြပါသနည်း။
ကျနော့်အနေဖြင့် နက်ကျား၏ ချစ်ပုံပြင်မှသည် ဖူးခက်ရောက်မြန်မာများ၏ သနစ်ပုံအဖြစ်စုံအား ဇာတ်စုံခင်းကာ ဤပုံ ဤဘဝ ရောက်ကြရခြင်းအတွက် လက်သည်တရားခံကို ရှာဖွေချင်ပါသေးသည်။
သို့သော် ကျနော့်မွေးရပ်မြေတွင် ဒီမိုကရေစီစံနစ်သို့ ကူးပြောင်းနေပြီဟု ဆိုပါ၏။ အမျိုးသားရေး စိတ်ဓာတ်နှင့် ဇာတိမာန် မြင့်မားရေးတည်းဟူသော ဦးတည်ချက်များကို အကောင်အထည် ဖော်လျက်ရှိကြပါကုန်၏။ မြန်မာမျိုးတတွေ ခေတ်ကောင်းရောက်ပြီလေ ဟုလည်း အော်ဟစ်ကြွေးကြော် နေကြပါ၏။ ထို့ကြောင့် ခင်နက်ကျား၏ချစ်ပုံပြင်ကို ဤနေရာ တွင် ခေတ္တရပ်နားလျှင် သင့်လျော်မည်ဟု ယူဆပါသည်။
……………………..

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။