2mz (နည်းပညာစုစည်းမှု) နှင့် လှုမှုကွန်ယက်
ဒါလေးကတော့သိထားသင့်တဲ့အရာလေးမလို့ပြန်မျှဝေတာပါ။
အိုင်ကွန် သို့မဟုတ် သင့်လက်ထဲကချိန်ကိုက်ဗုံး
-----------------------------------------------
တလောက ကျွန်တော်ခရီးသွားဖို့ အဝေးပြေးဝင်းထဲက Express ကားဝင်းထဲမှာ ကားစောင့်နေရင်းပေါ့
ကားဂိတ်က ဂိတ်မှူး ကားဆရာ စပါယ်ယာ ကောင်တာထိုင် အားလုံးဟာ
တစ်ယောက်နဲ့ တစ်ယောက်
အိုင်ကွန် ခေါ် ဆက်သွယ်ရေးကိရိယာလေးတွေနဲ့ ပြောဆိုဆက်သွယ်နေတာကို တွေ့ရပါတယ်
လူပြည့်ပြီလား
ကုန်လိုသေးလား
ဒရိုင်ဘာရောက်ပြီလား စသဖြင့်ပေါ့
ပြောဆိုဆက်သွယ်နေကြပါတယ်
သိပ်အဆင်ပြေတဲ့ ကိရိယာပါ
အဝေးပြေးဝင်းလို အသံဆူညံတဲ့ ပါတ်ဝန်းကျင်မှာ အော်ပြောဖို့က မလွယ်ဘူးလေ
ပိုင်ရှင်က တော်တော် ညဏ်ပြေးပုံရပါတယ်
.....
ဒါပေမယ့် အိုင်ကွန် ကိုင်ထားတယ်ဆိုတော့
အိုင်ကွန် နဲ့ ပါတ်သက်ပြီး ဘာများသိထားပါသလဲ မေးကြည့်ချင်ပါတယ်
တကယ်လည်း ကိုင်ဆောင်သူတွေ သိထားသင့်ပါတယ်
သိပ်ကြောက်ဖို့ ကောင်းပါတယ်
အဲ့ဒီ အိုင်ကွန်လေးကြောင့်ပဲ
သင်ဟာ အစစ်အဆေး အမေးအမြန်းမရှိ ထောင်နှစ်ရှည်ကျသွားနိုင်ပါတယ်
ကျွန်တော်တို့နိုင်ငံမှာ ၁၉၉၇ ပါတ်ဝန်းကျင်မှာ အိုင်ကွန်တွေ စတင်အသုံးပြုလာပါပြီ
ပထမ တပ်မတော်တပ်ရင်းတွေ
နောက် ရဲတပ်ရင်းတွေ
လုံခြုံရေးအဖွဲ့တွေ စသဖြင့် စသဖြင့် အသုံးပြုရာကနေ
အခုဆို ဆောက်လုပ်ရေးလုပ်ငန်းတွေ
စီးပွားရေးလုပ်ငန်းတွေ တော်တော်များများမှာ အသုံးပြုလာကြပါတယ်
.....
အိုင်ကွန်ဆိုတာ ဘာလဲ
တကယ်တော့ အိုင်ကွန်ဆိုတာ က ထုတ်တဲ့ company နာမည်ပါ
Yaesu Icom Kenwood ဆိုပြီး နာမည်တွေနဲ့ ၀င်လာရာက
အလွယ်တကူ အိုင်ကွန် လို့ ခေါ်လိုက်တာပါ
သူ့အမည်ရင်းက Walkie-Talkie သို့မဟုတ် FM transceiver ပဲဖြစ်ပါတယ် လွှင့်ဖမ်းစက်ပေါ့
၁၉၄၀ မှာ
Motarola ကုမ္မဏီက ဒုတိယကမ္ဘာစစ် အမေရိကန်တပ်မတော်အတွက် တီထွင်ထုတ်လုပ်ပေးထားတာပါ
FM လှိုင်းနဲ့ အသံကို လွှင့်ထုတ်ပါတယ်
FM လှိုင်းနဲ့ပဲ အသံကို ပြန်ဖမ်းပါတယ်
Channel တူတဲ့ စက်အားလုံး ကြားရတယ် ဖမ်းလို့ရပါတယ်
စစ်တပ်အတွက်တော့
တိုက်ပွဲကြားမှာ သိပ်အသုံးဝင်တဲ့ ပစ္စည်းပေါ့
အစပိုင်းမှာ
Handie-Talkie ဆိုပြီး အမည်တွင်ပေမယ့်
နောက်ပိုင်းမှာ Walkie-Talkie ဆိုပြီး ပြောင်းလဲခေါ်ဝေါ်ပါတယ်
.....
လက်ကိုင်စက်
ကားအထိုင်စက်
မြေပြင်အခြေချ အထိုင်စက်ကြီး စသဖြင့် အမျိုးမျိုးထုတ်လုပ်ပါတယ်
နိုင်ငံတကာမှာတော့ ကလေးကစားစရာတွေတောင် ထုတ်လုပ်ထားပါတယ်
စစ်တိုက်တိုင်းကစားကြတဲ့ ကလေးတွေ အကြိုက်ပေါ့
.....
သိပ်အသုံးဝင်တဲ့ ပစ္စည်းက ဘာလို့ထောင်ထဲထည့်မှာတုန်း
ဒါကဒီလိုရှိပါတယ်
မြန်မာနိုင်ငံမှာ သင်ဟာ အိုင်ကွန်တစ်ခုကို အစိုးရအသိအမှတ်ပြုမဟုတ်ပဲ ကိုင်ထားတယ်ဆိုပါစို့
၂၀၀၄ ခုနှစ် မြန်မာနိုင်ငံ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ
1885 THE MYANMAR TELEGRAPH ACT.
တွေနဲ့
ငွေဒဏ် သုံးသိန်း မှ ထောင်ဒဏ် နှစ်နှစ် သို့ သုံးနှစ်
ဒါမှမဟုတ် ဒီထက်ကြီးလေးတဲ့ စွဲချက်တွေနဲ့
ထောင်ဒဏ် ခုနှစ်နှစ်ထိ ချမှတ်နိုင်ပါတယ်
လောလောဆယ်မှာ ၀န်ထမ်းတွေသုံးနေပေမယ့်
ဒါက တရားမ၀င်ပါဘူး
လုံခြုံရေးတပ်ဖွဲ့တွေ ရဲတို့ စစ်တပ်တို့ရော???
ဒါလည်းမရပါဘူး
တရားဝင်ခွင့်ပြုထားတာ မဟုတ်ပါဘူး
.....
တချိန်က နာမည်ကြီးအဖွဲ့အစည်းတစ်ခုကို ဖျက်သိမ်းတုန်းက
ဒီအမှုနဲ့ ထောင်ထဲရောက်သူတွေ ဒုနဲ့ဒေးပါ
အိုင်ကွန်တစ်လုံးမိ နှစ်နှစ်
နှစ်လုံးမိ လေးနှစ်
သုံးလုံးမိ ခြောက်နှစ် နဲ့ အထဲရောက်ကုန်ကြသူတွေ မနည်းပါဘူး
ဥပဒေအရ တီဗွီ ရေဒီယို ကွန်ပျူတာ အကုန်လုံးဟာ မှတ်ပုံတင်ရပါတယ်
မှတ်ပုံမတင်ထားတဲ့ ပစ္စည်းတွေဆို
လက်ဝယ်တွေ့ရှိတာနဲ့ ထောင်ဒဏ် နှစ်နှစ်မှ ခုနှစ်နှစ်ထိ ချပစ်လို့ရပါတယ်
သိပ်ကိုကြောက်ဖို့ကောင်းတဲ့ ဆိုရှယ်လစ်ဥပဒေပါ
အခုတော့ မြန်မာ့ဆက်သွယ်ရေးက Telecom Law တစ်ခု အသစ်ရေးဆွဲထားပြီး
သူတို့ website ဖြစ်တဲ့ micp.gov.mm မှာ အကြမ်းတင်ထားပါတယ်
သွားရောက်လေ့လာနိုင်ပါတယ်
ဒါပေမယ့် အခုအချိန်ထိ အပေါ်က ဖမ်းနိုင်တဲ့ ဥပဒေနှစ်ခုစလုံးက အသက်ရှိပါသေးတယ်
.....
ုမြန်မာနိုင်ငံတစ်ခုတည်းလား ဆိုတော့
မဟုတ်ပါဘူး
EU တို့ အမေရိကန်တို့မှာ လည်း ကန့်သတ်ထားပါတယ်
ဒါပေမယ့် သူတို့ဥပဒေက အသေးစိတ်တိတိကျကျ သတ်မှတ်ထားတာပေါ့လေ
ဒီမှာလို အကုန်လုံးသိမ်းကျုံးရေးထားတာ မဟုတ်ဘူးပေါ့
ဒီစက်တွေဟာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်တယ်
အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်တယ်
ပြန်ကြားရေးဝန်ဆောင်မှုတွေ အနှောင့်အယှက်ပေးတယ်ဆိုပြီး ပိတ်ဖမ်းရင်တော့
အိုင်ကွန်တင် မကပါဘူး
bluetooth device
Wifi device တွေကိုင်ဆောင်ထားသူတွေ
Nokia N900 လို FM Transceiver ပါတဲ့ device ကိုင်ဆောင်သူတွေ အကုန်ထောင်ထဲဝင်ရတော့မှာဖြစ်ပါတယ်
.....
ဒါကြောင့်
အမေရိကန်မှာဆို UHF VHF GMRS MURS လိုင်းတွေထဲက GMRS ဆိုတဲ့လိုင်းတွေကို public အသုံးပြုခွင့်မပေးပါဘူး
အခွင့်မရှိပဲ သုံးရင် ဖမ်းပါတယ်
EU မှာတော့
အသုံးပြုတဲ့ ပါဝါကိုလျှော့ခိုင်းထားပါတယ်
50 nanowatts ဒါမှမဟုတ် 100 milliwatts ထက်နည်းတဲ့ အားနဲ့လွှင့်တဲ့စက်ပဲ ကိုင်လို့ရပါတယ်
အကွာအဝေးအားဖြင့်
မီတာ ၃၀ လောက်သာ ဆက်သွယ်နိုင်တဲ့ စက်တွေကိုသာ
တရားဝင် ခွင့်ပြုထားပါတယ်
ဒီထက် ပိုအားပြင်း ပိုဝေးဝေးဆက်သွယ်နိုင်တဲ့ စက်တွေ ကိုင်လို့မရပါဘူး
အခွင့်မရှိပဲ သုံးရင် ဖမ်းပါတယ်
.....
နောက်ကြောက်စရာတစ်ချက် ကျန်ပါသေးတယ်
ဒါက တကယ့်ကြောက်စရာပါ
VHF လိုင်းသုံးတဲ့ အိုင်ကွန်တွေဟာ သုံးစွဲချိန်မှာ အပူချိန်သိပ်မြင့်ပါတယ်
အထဲမှာ မီးပွားလေးတွေတောင်ထွက်တတ်ပါသတဲ့
ဒါကြောင့်နိုင်ငံတကာမှာ
လောင်စာနဲ့ပါတ်သက်တဲ့ လုပ်ငန်းသုံးအိုင်ကွန် သက်သက်ထုတ်ထားပါတယ်
လုံးဝ အလုံပိတ် ပါ
အထဲက အပူ အပြင်မရောက်အောင်ကာကွယ်ပေးထားတာပါ
ဒီမှာတော့
တချို့ ရဲတွေ လုံခြုံရေးတွေ ဓါတ်ဆီဆိုင်တွေမှာ ဆီထည့်ရင်း အိုင်ကွန်ပြောနေတဲ့ မြင်ကွင်းတွေကတော့ ရိုးတောင်နေပါပြီ
တချို့ power pack မရှိတော့လို့ ဘက်ထရီအိုးလေး လက်ကဆွဲလို့
တွေးကြည့်ရင် သိပ်ကြောက်ဖို့ကောင်းပါတယ်
ဆင်ခြင်စရာတွေပါ
.....
ဒါကြောင့် မီးလောင်လွယ်တဲ့နေရာ ဒါမှမဟုတ် လူရှေ့သူရှေ့မှာ အသုံးပြုတာကို အတတ်နိုင်ဆုံး
ရှောင်ကျဉ်ကြဖို့နဲ့
မိမိကို ထောင်ထဲထည့်နိုင်မယ့် ပစ္စည်းကို သတိနဲ့ကိုင်တွယ်ကြဖို့ သတိပေးလိုပါတယ်ခင်ဗျာ
ကျွန်တော်က စက်ပိုင်းဆိုင်ရာပြောရအောင်
အင်ဂျင်နီယာလဲ မဟုတ်ပါဘူး
ဥပဒေအကြောင်းပြောရအောင် ရှေ့နေလဲ မဟုတ်ပါဘူး
သိတာလေးတွေ ပြန်လည်မျှဝေတာပါ
အသေးစိတ်ကိစ္စတွေမှာ အမှားပါခဲ့ရင် ခွင့်လွှတ်ပါခင်ဗျာ
=======================
Credit to KO Ko OO

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။