နှင်းဆီဖူးလေးများ-Love BUDS
~လိပ်ခေါင်းရှိသူများအတွက်အလွယ်ကုသနည်း~
၁။ ရေကုထုံးသုံးပါ...
ရောင်ရမ်း နာကျင်နေတဲ့ လိပ်ခေါင်းကို သက်သာစေဖို့ စအိုတစ်ဝိုက်ကို ကြက်သီးနွေးရေထဲ ၁၀ မိနစ်လောက် စိမ်ပေးပါ။ လိပ်ခေါင်းရှိသူ အများစုဟာ အိမ်သာသုံးစက္ကူ အစား စိုစွတ်တဲ့ အိမ်သာသုံး တစ်သျှူးနဲ့ ညင်ညင်သာသာ သုတ်ပေးတာကြောင့် လိပ်ခေါင်း သက်သာတာကို တွေ့ရှိရပါတယ်။
၂။ အမျှင်ဓာတ် များများစားပါ...
အမျှင်ဓာတ်ဟာ ၀မ်းမှန်မှန် သွားစေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေက လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပြီး ၀မ်းပျော့ပျော့ သွားစေပါတယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုး၊ ပေါင်မုန့်ညို၊ ကွေကာ စတာတွေကို များများ စားပေးပါ။၃။ ဖြည့်စွက်ဆေး မှီဝဲပါ...
သင်စားတဲ့ အစားအသောက်ကနေ အမျှင်ဓာတ် အလုံအလောက် မရခဲ့ရင် အမျှင်ဓာတ် ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ ၀မ်းပျော့ပျော့သွားပြီး လိပ်ခေါင်းရောဂါကြောင့် နာကျင်မှုတွေကို လျော့ကျနိုင်ပါတယ်။
post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note copy goodhealth via nainghtwe
photo credit to original uploader
photo from google

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။