Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 11, 2013

ဘမ်ဂါဇီ မဲခေါင်မြစ်နဲ့  ဆာလာရမ်း

 
Burma-Newselite
ဘမ်ဂါဇီ မဲခေါင်မြစ်နဲ့  ဆာလာရမ်း
ထားထားမြင့်( 7days သတင်းစာတွင် ဖော်ပြပြီးဆောင်းပါး)

 အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဟီလာရီကလင်တန် ဆိုသည်မှာ များသောအားဖြင့်  အမေရိကန်လွှတ်တော်တွင် တော်ရုံတန်ရုံ အမျိုးသားအမတ်တွေပြန်မလှန်ရဲသည့်
အရှိန်အ၀ါကြီးသည့် အမျိုးသမီးတဦး။ ခင်ပွန်းဖြစ်သူသမ္မတဟောင်းဘီကလင်တန်က အရည်အချင်းရှိသောသမ္မတအဖြစ်ကျော်ကြားကာ သမ္မတသက်တမ်းနှစ်ကြိမ် ပြန်လည်အရွေးခံခဲ့ ရသည့်အတွက် အမေရိကန်သမ္မတကတော်အဖြစ် နှစ်ကြိမ်ဆက်တိုက်အိမ်ဖြူတော်တွင် နေခဲ့ရသူဖြစ်သည်။ ထို့ အပြင် ၂၀၀၈ခုနှစ်ရွေးကောက်ပွဲတွင်လည်း ဒီမိုကရက်တစ်ပါတီက သမ္မတကိုယ်စားလှယ်လောင်းအဖြစ် လက်ရှိသမ္မတ အိုဘားမားနှင့် အကြိတ်အနယ်နေရာလုခဲ့ သူ။ ပြီးတော့ ကမ္ဘာမှာစစ်ရေးအင်အားအကြီးဆုံးဖြစ်သည့် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အောင်မြင်စွာတာဝန်ထမ်းဆောင်ခဲ့သည်။

ထိုသို့သောအမျိုးသမီးကြီးမှာနိုင်ငံခြားရေးဝန်ကြီးအဖြစ်ရာထူးမှ အနားမယူခင်လေးမှာ အမေရိကန်လွှတ်တော်၌ တခြားလွှတ်တော်အမတ်များ၏ ပြင်းထန်သော စွပ်စွဲပြစ်တင်ချက်များကြောင့် ကြားနာခြင်းကိုရင်ဆိုင်ခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် လစ်ဗျားနိုင်ငံ ဘမ်ဂါဇီဒေသတွင် အမေရိကန်သံအမတ်နှင့် သံအရာရှိသုံးယောက် မွတ်ဆလင်အကြမ်းဖက် ဆန္ဒပြသူများကြောင့် သေဆုံးခဲ့မှုနှင့်ပတ်သတ်ပြီး တာဝန်ရှိသူအဖြစ်က အမေရိကန်လွှတ်တော်က ဟီလာရီကို ကြားနာစစ်ဆေးခဲ့ သောကြောင့်ဖြစ်သည်။ အလွန်တရာမှ သြဇာအာဏာကြီးသော အမျိုးသမီးကြီးမှာ ရီပါဘလက်ကန်လွှတ်တော်များ၏ ပြင်းထန်သော စွဲချက်များအကြားမှာ စကားပြောရင်းပင် သီးသွားပြီး မျက်ရည်များပင်ကျခဲ့ ရ၏ ။လွှတ်တော်အမတ်ပေါလ်အပါအ၀င် ရီပါဘလစ်ကန်အမတ်တွေက ဟီလာရီသည် လစ်ဗျားမှ နောက်ဆုံးဝင်လာသော ကြေးနန်းသတင်းများကို လစ်လျူရှူပြီး ထိုကိစ္စကို ထိထိရောက်ရောက်မကိုင်တွယ်သဖြငိ့ အမေရိကန်သံတမန်များသေဆုံးရသည်ဟု လွှတ်တော်တွင် လက်ညိုးငေါက်ငေါက်ထိုးကာ အပြင်းထန်ဆုံးစကားလုံးများဖြင့် နှိပ်ကွပ်ခဲ့ သည်။

လစ်ဗျားကအမေရိကန်နိုင်ငံသားများသေဆုံးရသည်ကိုနိုင်ငံခြားရေးဝန်ကြီးတဦးအနေဖြင့် မျက်နှာလွှဲခဲပစ်မလုပ်ရပါကြောင်း အားလုံးရှေ့ မှာ ဟီလာရီကလင်တန်ကမျက်ရည်လည်ရွဲဖြေရှင်းခဲ့ရပါသည်။

“ကျမအကြိမ်ကြိမ်ပြောပြထားတဲ့ အတိုင်း ကျမမှာတာဝန်ရှိပါတယ် ။ကျမအတွက်တော့ဒီကိစ္စဟာ ကိုယ်ရေးကိုယ်တာပါဘဲ သေဆုံးသွားသူတွေရဲ့ အလောင်းကို အင်ဒရုးလေဆိပ်ကို ပြန်သယ်လာတော့ ကျမလဲ သမ္မတအိုဘားမားရဲ့ ဘေးမှာရှိခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ အမေအဖေနဲ့  မိဘညီအကိုမောင်နှမတွေကို ကျမပွေ့ ဖက်နှစ်သိမ့်ခဲ့ပါတယ်”

နိုင်ငံရေးရည်မှန်းချက်အလွန်ကြီးမားသူ ဟီလာရီကလင်တန်က ၂၀၁၆ခုနှစ်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ရွေးဖို့ အထိရည်မှန်းထားသူ။
နိုင်ငံခြားရေးဝန်ကြီးဘ၀တွင်လည်း အောင်မြင်စွာစွမ်းစွမ်းတမံတာဝန်ထမ်းဆောင်နိုင်သူ။ သို့ သော်လည်း ၂၀၁၂ခုနှစ်စက်တင်ဘာလက လစ်ဗျားမှာ အမေရိကန်သံတမန်များအသတ်ခံလိုက်ရသည့် ကိစ္စကို ထိထိရောက်ရောက်မကိုင်တွယ်နိုင်မှုက သူ၏နိုင်ငံရေးသမိုင်းတွင် အစွန်းအထင်းဖြစ်သွားလေပြီ။

သူနှင့်အဖြစ်ချင်းတူသူကား ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် ထိုအချိန်က တာဝန်ယူထမ်းဆောင်ခဲ့သည့် ဆူဆန်ရိုက်စ်ပင်ဖြစ်သာ်။ဆူဆန်ရိုက်စ်က ကုလသမဂ္ဂသံတမန်လောကမှာ သြဇာကြီးပြီး ထက်မြက်သော အမျိုးသမီးသံတမန်တဦးဖြစ်သည်။ အမေရိကန်သမ္မတအိုဘားမား၏ နိုင်ငံခြားရေးရာအကြံပေးတဦးလည်းဖြစ်သည်။

သူ၏ထုးချွန်သောအရည်အချင်းကြောင့် သမ္မတအိုဘားမားက နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုတင်သွင်းသော်လည်း ဘမ်ဂါဇီပြသာနာကြောင့် လွှတ်တော်အမတ်များက ဝေဖန်ကန့်ကွက်ကြသဖြင့် သမ္မတအိုဘားမားက လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကိုသာ အစားထိုးရွေးချယ်ခဲ့ရသည်။
ထိုအဖြစ်အပျက်များက ခေါင်းဆောင် အစိုးရ တာဝန်ရှိသူတို့ မည်သည် မိမိနိုင်ငံသားတို့ ၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် တာဝန်ရှိပြီး တချက်လေးလစ်ဟာသွားပါက ပြသာနာမည်မျှထိကြီးသွားနိုင်သည်ဆိုသည်ကိုပြသနေသည်။ ထို့ အပြင် သူတို့ တည်ဆောက်လာခဲ့သော နိုင်ငံရေးသြဇာအာဏာများ တချက်တည်းနှင့် ဘုံးဘုံးလဲသွားစေသည့် အကြောင်းရင်းလည်းဖြစ်သည်။
ဒီမိုကရေစီနိုင်ငံများတွင်ပင်မဟုတ်ပါ။ကွန်မြုနစ် အာဏာရှင်အဖြစ်နိုင်ငံသားများကို နှိပ်စက်သည်ဟု ကမ္ဘာတ၀ှန်းလုံးက ပြစ်တင်ဝေဖန်နေသော တရုတ်နိုင်ငံကပင် ထိုအချက်ကိုကောင်းကောင်းသိပြီး လှလှပပကစားသွားခဲ့ သည်။
၂၀၁၁ အောက်တိုဘာလ ၅ရက်နေ့ မနက်စောစောမှာ မြန်မာ၊တရုတ်နှင့်ထိုင်းဆက်စပ်နေသော မဲခေါင်မြစ်ပေါ်က တရုတ်နိုင်ငံကုန်တင်သဘောင်္တစင်းပေါ်က သဘောင်္သား ၁၃ဦးအသတ်ခံလိုက်ရ၏ တရုတ်ပြည်သူများအုန်းအုန်းကြွက်ကြွက်ဖြစ်ကုန်ကြသည်။ တရုတ်အစိုးရက လာအို၊ထိုင်း၊မြန်မာ၊ တရုတ် နိုင်ငံများကို မြေလှန်ရှာကာ အဆင့်မြင့်ဆုံးထောက်လှမ်းရေးနည်းပညာများသုံးပြီး တရုတ်သဘောင်္သားများသတ်သူကို ရေဆုံးရေဖျားရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ထိုအသတ်ခံရမှုအတွက်တရားခံဟုယူဆသော မြန်မာနိုင်ငံသားဘိန်းရာဇာနှင့်အပေါင်းအပါတွေကို လူသိရှင်ကြားကွပ်မျက်လိုက်သည်။

ကွပ်မျက်ပုံကိုနိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသဖြင့် လူ့ အခွင့်အရေးချိုးဖောက်သည်ဟု အနောက်နိုင်ငံများက ဝေဖန်ပြစ်တင်ခဲ့ ကြ၏ သို့ သော်တရုတ်လူမျိုးအများစုက တရုတ်အစိုးရ၏လုပ်ရပ်ကို တခဲနက်ထောက်ခံကြသည်။

ကွန်မြုနစ်ဖြစ်ချင်ဖြစ်မည်အာဏာရှင်ဖြစ်ချင်ဖြစ်မည်။ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကိုမှု စွမ်းစွမ်းတမံကာကွယ်ပေးသူအဖြစ် ချီးကျူးကြသည်။

မြန်မာနိုင်ငံတွင်ပြီးခဲ့သည့် မေလက ဘာသာရေး မငြိမ်သက်မှုများကြောင့် ပြည်တွင်းမှ အစွန်းရောက်သူအချို့ကြောင့်  မွတ်ဆလင်ဘာသာဝင်အချို့ ထိခိုက်ဒဏ်ရာသေဆုံးမှုရှိခဲ့သည်။ ထိုမှတဆင့် မွတ်ဆလင်ဘာသာဝင်အများစုရှိသည့် နိုင်ငံများအထိ ဂယက်ရိုက်ခဲ့ ပြီး ပြီးခဲ့ သည့်အပတ်က မလေးရှားနိုင်ငံဆာလာရမ်းဒေသတွင်အလုပ်လုပ်နေကြသည်. မြန်မာလူမျိုး ဆယ်ဦးထက်မနည်းအသတ်ခံရသည်
။တချို့ လည်းဒဏ်ရာနှင့်ဆေးရုံရောက်ကုန်ကြသည်။ထိုသတင်းများက ဓတ်ပုံများနှင့်တကွ မလေးရှားသတင်းစာတွေကဖော်ပြကြသည်။
ဆာလာရမ်းတွင်နေသော မြန်မာအလုပ်သမားကိုရဲထိုက်က
“မလေးရှားမွတ်ဆလင်နဲ့ မြန်မာပြည်ကလာတဲ့ မွတ်ဆလင်လို့ ယူဆရတဲ့ လူ ၂၀၀လောက်ရှိတဲ့ လူအုပ်စုကြီးက မြန်မာတွေကို လိုက်ရိုက်ဒါးနဲ့ ခုတ်နေကြတယ်။ ကျနော်တို့ အိမ်သာတောင်မသွားရဲပါဘူး။အလုပ်ဆင်းရင်လည်းသဌေးက ကားနဲ့ လာခေါ်မှသွားတယ်။တော်တော်လေးကိုကြောက်ရပါတယ်’ဟု ဆဲဗင်ဒေးကိုတယ်လီဖုန်းကနေ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်ကဇွန်လလေးရက်နေ့  နေ့လည်မှာ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ် ကြီးကို တွေ့ဆုံပြီး မြန်မာနိုင်ငံသားများတိုက်ခိုက်ခံရမှုအတွက် ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူ ပေးဖို့၊ မြန်မာနိုင်ငံသားများရဲ့ လုံခြုံရေးအတွက် သတိထောက်လွှာပေးအပ်ခဲ့ သည်။ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတိကြီး ဦးတင်လတ်ကလည်း ဒဏ်ရာရသူများ.ကိုဆေးရုံမှာသွားတွေ့ ဆုံပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့်လည်း တွေ့ ဆုံဆွေးနွေးခဲ့သည်။
သို့ သော်ပြသာနာများက ထိုတင်မပြီးဘဲ ဘာသာရေးတင်းမာမှုများနှင့်ပတ်သတ်ပြီး မလေးရှားမှာ အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများကို အလုံးအရင်းဖြင့် မလေးရှားအစိုးရကဖမ်းဆီးခဲ့ သည်။

သို့ သော်လည်းမလေးရှားမှာနေသောစိုးရမ်မကင်းဖြစ်နေသော မြန်မာများက မြန်မာသံရုံးနှင် မြန်မာအစိုးရကို ယခုထက်ပိုပြီးထိထိရောက်ရောက်ဆောင်ရွက်စေချင်သည်။ မြန်မာပြည်ကသူတို့ ၏မိဘဆွေမျိုးများကလည်းရတတ်မအေးနိုင်ကြပါ။သေဆုံးသူတွေကလည်းလစ်ဗျားဘမ်ဂါဇီမှာသေဆုံးခဲ့ သည့်အမေရိကန်သံအမတ်များကဲ့ သို့  အလောင်းကို သမ္မတကိုယ်တိုင်လာကြိုရန်မဆိုထားနှင့် ဘယ်ဝါဆိုသည်ကိုယ်တိုင်မြန်မာသံရုံးက တိတိကျကျပြောကြားခြင်းမရှိသေးပါ။

မြန်မာအစိုးရတာဝန်ရှိသူများကနေပြည်တော်တွင်ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သောနိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ် ၉၀၀ ကျော်တက်ရောက်ခဲ့သည့် ကမ္ဘာစီးပွားရေးဖိုရမ်အတွက် အလုပ်များနေကြသည်။
စီးပွားရေးကိုယ်စားလှယ်များနှင့်အလုပ်ရှုပ်နေသော မြန်မာဝန်ကြီးများက မလေးရှားက ပြသာနာကို ထိထိရောက်ရောက်မကိုင်တွယ်နိုင်ကြသေးပါ။
ထို့ အတွက်မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားအများစုမှာ ကိုယ့် အသက်ဘေးကိုယ်ကာကွယ်နေရသလို တချို့ ကလည်းရေနစ်သူကောက်ရိုးမျှင်ဆွဲသည့်အလား ဖေ့ဘုတ်အင်တာနက်စာမျက်နှာပေါ်က ပြန်ကြားရေးဝန်ကြီး ဦးရဲထွတ်၏စာမျက်နှာပေါ်မှာလာရောက်တောင်းပန်နေကြသည်။

“ဝန်ကြီးဦးရဲထွတ် ခင်ဗျား ကျွန်တော်က မလေးရှား မှာအလုပ်လုပ်နေတဲ့ မြန်မာတစ်ယောက်ပါ ဒီနေ့ ညနေ မလေးရှား subang jayaမှာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် ခြောက်ယောက် ထပ်အသတ်ခလိုက်ရတယ်လို့ သိရပါတယ် အခုလည်း sungai bulohမှာ ထပ်ဖြစ်နေတယ်လို့ သိရပါတယ် မလေးအစိုးရက့ စစ်ဆေးမှုတွေ ဖမ်းဆီးမူတွေ လုပ်နေပေမယ့် ကျွန်နော်တို့ မြန်မာတွေအတွက် မလုံခြုံပါဘူး ဝန်ကြီးတို့ အစိုးရပိုင်းက ပြည်ပက မြန်မာနိုင်ငံသား မြန်မာတွေကို ကာကွယ်ပေးမယ့် အစီအစဥ အမြန်ဆုံးလုပ်ပေးဖို့ တောင်းဆိုပါတယ် ခင်ဗျား” ကျော်ခရုစိတ်အမည်ရှိ မြန်မာတယောက်က ဦးရဲထွတ်၏ စာမျက်နှာပေါ်မှာရေးသားထားခြင်းဖြစ်သည်။

အမှန်ကတော့ ထိုကဲ့ သို့ ပြည်ပကမိမိနိုင်ငံသားများအရေးပြသာနာက ပြည်တွင်းမှတာဝန်ရှိသူများအရည်အချင်းကွပ်ကဲမှုညံဖျင်းမှုနှင့်မဆိုင်။ အကြောင်းမညီညွတ်သဖြင့် ဖြစ်လာသော ကံဆိုးမှုများသာဖြစ်သည်။ သို့ သော် ကမ္ဘာဦးအစ မဟာသမ္မတမင်းမှသည်ယနေ့ ပါလီမန်ဒီမိုကရေစီအထိခေါင်းဆောင်အစိုးရမင်းတို့ ၏တာဝန်ကား ဘယ်လိုပင်ဖြစ်ပါစေ မိမိနိုင်ငံသားတို့ ၏အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်ဖြစ်သည်။ တရုတ်အစိုးရ၏မဲခေါင်မြစ်သဘောင်္သားများအသတ်ခံရပုံကိုင်တွယ်မှုက ထင်ရှားသည့် သက်သေတခုဖြစ်သည်။

မြန်မာနိုင်ငံသားတွေကြုံတွေ့ နေရသည့် မလေးရှားနိုင်ငံဆာလာရမ်းက ပြသာနာသည် သေးသိမ်မှိန်ဖျော့လည်းသွားနိုင်သည်။ ဘမ်ဂါဇီကဲ့ သို့ ပြသာနာပိုကြီးလာကောင်း ကြီးလာနိုင်သည်။

သို့သော်လည်း တချက်မှားချော်ပါက ထိုဖြစ်ရပ်မှ မြန်မာနိုင်ငံရေးသမိုင်းတွင်
အမဲစက်များ စွန်းထင်းလာနိုင်လာစရာရှိပါသည်။

ထားထားမြင့်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။