Myanmar News Update
နှလုံးရောဂါဖောက်လာရင်
Monday, June 24, 2013
လူတော်တော်များများဟာ နှလုံးရောဂါ ရုတ်တရက်ထဖောက်တဲ့အချိန်မှာ တစ်ယောက်ထဲရှိနေခဲ့ရင် ကူကယ်ရာမဲ့ ဖြစ်တတ်ကြပါတယ်... အကယ်လို့ နှလုံးခုန်တာပုံမမှန်တော့ဘူး... စပြီး မူးဝေအားနည်းလာပြီဆိုရင် သတိမလစ်ခင်အထိ အချိန် ၁၀ စက္ကန့်လောက်ရပါတယ်...
ဒီလိုအခြေအနေမျိုးကြုံရတဲ့ ဝေဒနာရှင်တွေဟာ အားပြင်းပြင်းနဲ့ ထပ်ခါထပ်ခါ ချောင်းဆိုး/ချောင်းဟန့်ပြီး ကိုယ့်ကိုယ်ထိန်းထားနိုင်ပါတယ်...
ချောင်းတစ်ခါမဆိုးခင်တိုင်းမှာ လေကိုတဝကြီးရှူသွင်းရပါမယ်... ချောင်းဆိုးတဲ့အခါ ခပ်ပြင်းပြင်းနဲ့ ကြာကြာဆိုးဖို့လိုပါမယ်... ရင်ဘတ်ထဲက ချွဲသလိပ်တွေကို ဟက်ထုတ်လိုက်သလိုမျိုး ဖြစ်ရပါမယ်...
...

အသက်ရှူတာနဲ့ ချောင်းဆိုးတာကို နှစ်စက္ကန့်တိုင်း ထပ်ခါထပ်ခါလုပ်ရပါမယ်... အကူအညီတွေရောက်လာတဲ့အထိ ဒါမှမဟုတ် နှလုံးခုန်တာ ပုံမှန်ဖြစ်သွားပြီလို့ ခံစားလာရတဲ့အထိ ဆက်လုပ်နေရပါမယ်...
အသက်ပြင်းပြင်းရှူလိုက်တာဟာ အဆုတ်ထဲကို အောက်ဆီဂျင်တွေရောက်သွားစေပါတယ်... ချောင်းဆိုးလိုက်တဲ့လှုပ်ရှားမှုတွေကြောင့် နှလုံးကို ညှစ်ပေးပြီး သွေးလည်ပတ်မှုကို ထိန်းပေးထားပါတယ်...
နှလုံးအပေါ်ညှစ်ထားတဲ့ဖိအားဟာလည်း နှလုံးခုန်နှုန်းပုံမှန်ရအောင် ကူညီပေးပါတယ်... ဒီနည်းနဲ့ နှလုံးရောဂါဖောက်နေတဲ့လူနာတွေဟာ ဆေးရုံရောက်တဲ့အထိ တောင့်ခံထားနိုင်မှာဖြစ်ပါတယ်...
Ref: General knowledge
နှိုင်းရင့်နွေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။