Popular Journal
"အထက် မြန်မာပြည်ရဲ့ နာမည်ကျော် လူရွှင် တော်ဘဲတော ဗီဒီယို လောကဘက် ခြေဦးလှည့်"
အထက် မြန်မာပြည်က နာမည်ကျော် လူရွှင်တော် ဘဲ တောက အခုအခါ မှာတော့ ဗီဒီယို သရုပ်ဆောင် ဘက်ကို ခြေဦး လှည့်လာပြီး ခင်လှိုင် ၊ဒိန်းဒေါင် တို့နဲ့ ဗီဒီယိုတွေ ရိုက်ကူး နေတယ်လို့ သိရပါတယ်။ အခု လတ်တလော ခင်လှိုင်၊ ဒိန်း ဒေါင် တို့နဲ့ ဗီဒီယို၇ကား၊ နေထူးနိုင်နဲ့ တစ်ကား ရိုက်ကူး ထားတယ်လို့ ပြောပါတယ်။
ဘဲတောက အခုအခါမှာတော့ ဗီဒီယို ၁၅ကား ရိုက်ထားပြီး ၆ကားကတော့ ပရိသတ်ဆီ ရောက်သွားပါပြီ ထွက်သွား တဲ့၆ကားနဲ့ပတ်သက်ပြီး ပရိသတ်ဆီ ကဘာ အသံကြားရလဲ မေးတော့ “အထက် မြန်မာပြည် ပရိသတ်ကတော့ ဘဲတောပါတယ် ဆိုတော့ ကြည့်ကြပါတယ်။ ကျွန်တော့် ပရိသတ်က တော့ စကားကို တအားအော် မပြော ဖို့ အကြံပေးပါတယ်” လို့ ပြေ...ာပါတယ်။ ဘဲတောက ဦးဝင်းနိုင် (အနုပညာ) ရဲ့ ကူညီပေးမှုကြောင့် နေထူးနိုင်နဲ့ “အမေဆူရင် ငါ့ဆီ ပြေးခဲ့” ဆိုတဲ့ကားနဲ့ ဗီဒီယိုလော က ထဲကို ရောက် ရှိခဲ့တယ် လို့သိရပါတယ်။

ဘဲတောက ခင်လှိုင် ၊ဒိန်းဒေါင် တို့နဲ့ တွဲပြီး ပြက်လုံး အသစ်တွေ နဲ့ ခွေတစ်ခွေ ထွက်လာဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ဘဲတော ကို ကြည့်ဖူးတဲ့ လူ တိုင်း ကြိုက်ကြ ပါတယ်။ ဘဲတောရဲ့ ဟာသတွေ ခိုးကူး အနေနဲ့ ထွက်ကြပြီး အထက် မြန်မာပြည်မှာ နာမည် ကြီးလာတာပါ။ အဲဒါ ကြောင့် ခိုးကူးက ဘဲတောရဲ့ ကျေးဇူးရှင် လို့ ပြောရပါ မလားမေးတော့….“ခိုးကူးကတော့ ဘဲတောရဲ့ ကျေးဇူးရှင်ပါပဲ။
ပရိ သတ်ကိုလည်း ကျေးဇူးတင်ရမှာပါ။ သူတို့အားပေးလို့ ပါ”လို့ ပြောပြခဲ့ပါတယ်။
နေကွန်းထင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။