“ဆိုက်ပရပ်စ်ချဉ်ပေါင်”
..............................
“ချဉ်ပေါင်ဟင်းရည်” “ချဉ်ပေါင်ကြော်”လို့ဆိုလိုက်တာ နဲ့ နိုင်ငံရပ်ခြားမှာရောက်ရှိနေကြတဲ့
မြန်မာလူမျိုးများအားလုံးဟာ “ဂလု ဂလု” ဖြစ်နေကြလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။
...
မြန်မာပြည်နဲ့ဝေးကွာနေကြတဲ့ မြန်မာလူမျိုးများဟာ ချဉ်ပေါင်ကြော် ၊ ချဉ်ပေါင်ရွက်ခြောက်များကို မြန်မာနိုင်ငံတွင်ရှိသော မိမိတို့ရဲ့ မိသားစုများမှတဆင့် မှာယူစားသောက်နေရတဲ့အချိန်မှာ ဆိုက်ပရပ်စ်နိုင်ငံမှ မြန်မာလူမျိုးများကတော့ နေရာအနှံ့မှာ သဘာဝပေါက်ရောက်လျှက်ရှိသော ဆိုက်ပရပ်စ်ချဉ်ပေါင်များကို အလိုရှိသလို ခူးယူစားသုံးနိုင်ကြပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံတွင်သာမက တချို့သောနိုင်ငံများတွင်ပါ ပေါက်ရောက်လျှက်ရှိသော ထိုအပင်ကို ဆိုက်ပရပ်စ်ဘာသာစကားဖြင့် “စီနိသ်ကာ”(Ksinithkia) ဟုခေါ်သည်။
“စီနော့ဂ်” (Ksino) ၏ အဓိပ္ပါယ်မှာ “ချဉ်သော“ ဟု အဓိပ္ပါယ်ရသည်။
အသဲပုံသဏ္ဍာန်အရွက်(၃)ရွက် ခေါင်းချင်းဆိုင်အနေအထားမျိုးဖြ စ်ပြီး အနီ နှင့် အစိမ်း ၊ အရောင်(၂)မျိုးကိုတွေ့ရှိနိုင်သ ည်။
အပင်ပုမျိုး(တနည်းအားဖြင့်) မြေကြီးမှ အမြင့် တထွာခန့်သာရှိသည်။
အရွက်များမှာ ပါးလွှာပြီး နူးညံ့သည် ။ အဝါရောင်ပန်းပွင့်သော ဆိုက်ပရပ်စ်ချဉ်ပေါင်ရွက်၏ အရသာမှာ မြန်မာပြည်မှ ချဉ်ပေါင်ရွက်၏ အရသာနှင့် ၉၀%ဆင်တူသည်။
ဆိုက်ပရပ်စ်နိုင်ငံ၏ ဆောင်းတွင်းဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ လများတွင် နေရာအနှံ့တွင် မျက်ခင်းစိမ်းကြီးသဖွယ် အလေ့ကျ ပေါက်ရောက်လေ့ရှိသော ဆိုက်ပရပ်စ်ချဉ်ပေါင်များ၏ အကြောင်းကို တင်ပြရင်း တခြား တခြားသော နိုင်ငံများမှ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်များကို လွမ်းဆွတ်တောင်းတနေကြသော မြန်မာသူငယ်ချင်းများအတွက် လက်တို့ပြီးတော့ ပြောလိုက်ရပါတယ်..။
..............................
“ချဉ်ပေါင်ဟင်းရည်” “ချဉ်ပေါင်ကြော်”လို့ဆိုလိုက်တာ
မြန်မာလူမျိုးများအားလုံးဟာ “ဂလု ဂလု” ဖြစ်နေကြလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။
...
မြန်မာပြည်နဲ့ဝေးကွာနေကြတဲ့ မြန်မာလူမျိုးများဟာ ချဉ်ပေါင်ကြော် ၊ ချဉ်ပေါင်ရွက်ခြောက်များကို မြန်မာနိုင်ငံတွင်ရှိသော မိမိတို့ရဲ့ မိသားစုများမှတဆင့် မှာယူစားသောက်နေရတဲ့အချိန်မှာ ဆိုက်ပရပ်စ်နိုင်ငံမှ မြန်မာလူမျိုးများကတော့ နေရာအနှံ့မှာ သဘာဝပေါက်ရောက်လျှက်ရှိသော ဆိုက်ပရပ်စ်ချဉ်ပေါင်များကို အလိုရှိသလို ခူးယူစားသုံးနိုင်ကြပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံတွင်သာမက တချို့သောနိုင်ငံများတွင်ပါ ပေါက်ရောက်လျှက်ရှိသော ထိုအပင်ကို ဆိုက်ပရပ်စ်ဘာသာစကားဖြင့် “စီနိသ်ကာ”(Ksinithkia) ဟုခေါ်သည်။
“စီနော့ဂ်” (Ksino) ၏ အဓိပ္ပါယ်မှာ “ချဉ်သော“ ဟု အဓိပ္ပါယ်ရသည်။
အသဲပုံသဏ္ဍာန်အရွက်(၃)ရွက် ခေါင်းချင်းဆိုင်အနေအထားမျိုးဖြ
အပင်ပုမျိုး(တနည်းအားဖြင့်) မြေကြီးမှ အမြင့် တထွာခန့်သာရှိသည်။
အရွက်များမှာ ပါးလွှာပြီး နူးညံ့သည် ။ အဝါရောင်ပန်းပွင့်သော ဆိုက်ပရပ်စ်ချဉ်ပေါင်ရွက်၏ အရသာမှာ မြန်မာပြည်မှ ချဉ်ပေါင်ရွက်၏ အရသာနှင့် ၉၀%ဆင်တူသည်။
ဆိုက်ပရပ်စ်နိုင်ငံ၏ ဆောင်းတွင်းဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ လများတွင် နေရာအနှံ့တွင် မျက်ခင်းစိမ်းကြီးသဖွယ် အလေ့ကျ ပေါက်ရောက်လေ့ရှိသော ဆိုက်ပရပ်စ်ချဉ်ပေါင်များ၏ အကြောင်းကို တင်ပြရင်း တခြား တခြားသော နိုင်ငံများမှ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်များကို လွမ်းဆွတ်တောင်းတနေကြသော မြန်မာသူငယ်ချင်းများအတွက် လက်တို့ပြီးတော့ ပြောလိုက်ရပါတယ်..။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။