Zawgyi ျဖင့္ဖတ္ရန္
ဘာမ်ဴဒါၾတိဂံေဒသသည္ ကမၻာ့ေရသခ်ၤဳိင္းမ်ားအနက္ ေၾကာက္မက္ဖြယ္ အေကာင္းဆံုးျဖစ္႐ံုမွ်မက လ်ိဳ႔ဝွက္ဆန္းၾကယ္၍ အသိရခက္လွေသာ ေရျပင္ၾကီးလည္း ျဖစ္သည္။ ယင္းေဒသတြင္ ေရျပင္၌ သာသေဘၤာႏွင့္လူတို႔ ေပ်ာက္ၾကရသည္ မဟုတ္၊ ထိုေရျပင္အထက္မွ ေကာင္းကင္ျပင္တြင္ ျဖတ္ေက်ာ္ပ်ံသန္း သြားေသာ ေလယာဥ္မ်ားပင္ ထူးဆန္းစြာ ေပ်ာက္ခဲ့ၾကရသည္။ ထို႔ေၾကာင့္ ဗာမ်ဴဒါၾတိဂံ ေဒသကို မရဏလမ္းဆံုဟူ၍ တင္စားၾကသည္။
ဘာမ်ဴဒါၾတိဂံဟူေသာ ပထဝီဝင္ေဝါဟာရကို ပထဝီဝင္ သုေသသီတစ္ဦးျဖစ္သည့္ ဗင္ဆင့္ အိတ္ခ်္ဂါဒစ္ ဆိုသူ က ၁၉၆၄ ခုႏွစ္တြင္ သူ၏ေဆာင္းပါးတစ္ပုဒ္၌ အမွတ္မထင္ သံုးစဲြလိုက္ရာမွ ေပၚေပါက္လာျခင္းျဖစ္သည္။ ထိုၾတိဂံေဒသသည္ အေမရိကန္ျပည္ ဖေလာ္ရစ္ဒါ ကမ္းေျခမွ ပြာတိုရီကိုသို႔ မ်ဥ္းေၾကာင္းဆဲြ၍ ယင္းမွ ေျမာက္ဘက္ရွိ ဘာမ်ဴဒါကြၽန္းသို႔ဆက္လက္၍ ဆဲြသြားျပီးထိုမွတစ္ဖန္ မူလ ဖေလာ္ရစ္ဒါ ကမ္းေျခသို႔ျပန္ဆဲြ သည့္ စိတ္ကူးထဲမွၾတိဂံ တစ္ခုသာျဖစ္သည္။
ယင္းဖိုခေနာက္သံုးပြင့္ဆိုင္အတြင္း သက္ဆင္းမိေသာ ေရယာဥ္၊ ေလယာဥ္ဟူသမွ် မည္သည့္ သတင္းမွ် ေနာက္ထပ္မၾကားသိရေတာ့ဘဲ စုပ္စျမဳပ္စ ေပ်ာက္ကြယ္ရသည္ခ်ည္း ျဖစ္ေနသည္မွာ ယခုကဲ့သို႔ သိပၸံပညာထြန္းကားမႈ အားေကာင္းေနေသာ ေခတ္ၾကီးတြင္ ေခါင္း႐ႈပ္စရာျပႆနာတစ္ရပ္ျဖစ္ေနေလသည္။
ပင္လယ္တြင္း၌ သေဘၤာပ်က္သည္ဆိုလွ်င္ သာမန္အားျဖင့္ သေဘၤာေပၚမွ ဖိတ္အန္က်လာေသာ ဆီကြက္ၾကီးမ်ားသည္ ေရျပင္တစ္ေၾကာ၌ မိုင္ေပါင္းမ်ားစြာအထိ ပ်ံ႕ႏွံ႔ေနတတ္သည္။ သေဘၤာေပၚရွိအသံုးအေဆာင္ ပစၥည္းတို႔သည္လည္း ေရေပၚတြင္ ေပါေလာေမ်ာေနႏိုင္ၾကသည္။ ေနာက္ဆံုးတြင္ လူေသေလာင္း မ်ားပင္ေရစီး အတိုင္း ပါလာႏိုင္ၾကသည္။
ဘာမ်ဴဒါၾတိဂံေဒသ အတြင္း၌ ေပ်ာက္သြားေသာ သေဘၤာမ်ားကမူ သဲလြန္စဟူ၍ ဘာမွ်မေတြ႔ရေတာ့ေခ်။ အလြန္႔အလြန္ကံၾကီး လြန္းသူမ်ားသာလွ်င္ မိမိတို႔၏ သဲထိတ္ရင္ဖို အေတြ႔အၾကံဳကို ျပန္လည္ေျပာႏိုင္ခဲ့ၾက သည္။ ထိုသူတို႔၏ ေျပာျပခ်က္မ်ားအရ ထိုေဒသတြင္ ျဖတ္ သန္းမိေသာ ေလယာဥ္မ်ားသည္ ေကာင္းကင္၌ နိမ့္ခ်ည္ ျမင့္ခ်ည္ႏွင့္ လႈိုင္းေပၚမွ ေလွကဲ့သို႔ ခံစားၾကရသည္ဟု သိရ၏။ ေလယာဥ္မႉးတို႔သည္လည္း ေရွ႕တူ႐ူ ဆီတြင္ဘာကိုမွ်မျမင္ရဘဲ ပတ္ဝန္းက်င္ ျမင္ကြင္းအားလံုးေပ်ာက္ကြယ္၍ ေနၾကသည္။
မိမိတို႔ေလယာဥ္မည္သည့္ ေဒသေရာက္ေနသည္ကို မသိႏိုင္ၾကေတာ့ဟု ဆိုေလသည္။ ေလယာဥ္စက္ခန္းထဲရွိ စက္ခလုတ္ ခံုေပၚ တြင္ကိရိယာအားလံုး ရပ္ဆိုင္းေနသည္ကိုသာ ေတြ႔ရတတ္ၾက သည္။ ယင္းသည္ ဘာမ်ဴဒါၾတိဂံေဒသတြင္ အခ်ိန္ ႏွင့္ ေနရာတို႔ ေပ်ာက္ေနျခင္း သေဘာပင္ျဖစ္ေလသည္။ ထိုမွ်မက ေရဒီယို အဆက္အသြယ္လည္း လံုးဝေပ်ာက္ကြယ္သြားကာ အသံတိတ္ ကမၻာေလးတစ္ခုအျဖစ္ ဖန္တီးျဖစ္ေပၚလာတတ္ေလ့ရွိသည္။
ဘာမ်ဴဒါၾတိဂံကဲ့သို႔ အုတ္ေအာ္ ေသာင္းနင္းမျဖစ္ေသာ္လည္း အလားတူ ေၾကာက္မက္ဖြယ္ ေကာင္း ေသာ ေရသခၤ်ိဳင္းၾကီး တစ္ခုလည္း ရွိေပေသးသည္။ ယင္းမွာ ပစိဖိတ္သမုဒၵရာတြင္းမွ ဗိုနင္ကြၽန္းစု၏ အေရွ႕ ဘက္တြင္ရွိ သည္။ ဂ်ပန္ျပည္မွဆိုလွ်င္ ေတာင္ဘက္က်သည္။ ထို႔ေၾကာင့္ ယင္းေရသခၤ်ိဳင္းထဲတြင္ ဂ်ပန္ငါးဖမ္း သေဘၤာမ်ား အမ်ားဆံုး ေပ်ာက္ဆံုးခဲ့ၾကရသည္။
ဒုတိယကမၻာစစ္ျပီးဆံုးေသာအခါ အေမရိကန္ ေလတပ္ အေျခစိုက္စခန္း ထားရွိရာ ဂူအမ္ကြၽန္း ႏွင့္ ဂ်ပန္ျပည္တို႔အၾကား ကူးလူးပ်ံသန္းၾကေသာ အေမရိကန္ စစ္ေလ ယာဥ္တို႔ပါ ထပ္မံေပ်ာက္ဆံုးၾကရျပန္သည္။
သိပၸံပညာျဖင့္ ေျဖရွင္း၍ မရေသးေသာ ကိစၥရပ္မ်ား ေလ့လာေရး အသင္းၾကီးကို တည္ ေထာင္ခဲ့ေသာ အိုင္ဗန္တီဆင္ဒါ့ဆန္ ဆိုသူ သုေတသီ၏အလိုအရ ကမၻာ့သမုဒၵရာခုနစ္စင္းတို႔တြင္ အႏၲရာယ္ၾကီးေသာ ေရသခၤ်ိဳင္း ၾကီးေပါင္း ၁၂ ခုရွိသည္ဟု သိရသည္။ ထိုစာရင္းမွ အထက္ ပါ ေရသခၤ်ိဳင္းၾကီး ႏွစ္ခု ကိုႏုတ္လိုက္ေသာ္ ဆယ္ခုက်န္ သည္။ ယင္းတို႔သည္ ကမၻာ့ေျမာက္ဘက္ျခမ္း၌ငါးခု၊ ေတာင္ ဘက္ျခမ္း၌ငါးခု စီရွိၾကသည္။ ေျမာက္ဘက္မွ ေရသခၤ်ိဳင္းၾကီး မ်ားသည္ ေလာင္ဂ်ီတြဒ္ ၇၂ ဒီဂရီခန္႔တြင္ ဗဟိုျပဳလ်က္ ရွိသည္။
အခ်ိဳ႕ေသာ သိပၸံပညာရွင္တို႔ကမူ ထိုေရသခၤ်ဳိင္းမ်ားရိွရာ ေဒသတစ္ဝိုက္၌ သံလိုက္ဆဲြအားမ်ား ျပင္း ထန္စြာက်ေရာက္ ေနလိမ့္မည္ဟု ထင္ျမင္ၾကသည္။ အခ်ိဳ႕ကလည္း အာကာသ ထဲမွ ေကာ့စမစ္ေရာင္ျခည္တို႔က စုပ္ယူလိုက္သျဖင့္ အေငြ႔ျဖစ္ ျပီး ေပ်ာက္ကြယ္သြားျခင္းျဖစ္သည္ဟု ယူဆၾကသည္။
အမွန္ဆိုေသာ္ အာကာသထဲမွ က်လာေသာ ဓာတ္မႈန္ တို႔ကား မ်ိဳးမည္မခဲြျခား ႏိုင္ေလာက္ေအာင္ပင္ မ်ားျပား႐ႈပ္ေထြး ၾကပါေပ၏။ ထိုဓာတ္မႈန္တို႔သည္ အခ်ိန္ႏွင့္အမွ် လူတို႔ေနရာ ဤကမၻာကို ထိမွန္က်ေရာက္ လ်က္ရွိသည္။ ယင္းတို႔အနက္ အခ်ိဳ႕မွာ အလြန္ထူးျခားဆန္းၾကယ္ေသာ ဂုဏ္သတၱိရွိၾကေလသည္။
ႏ်ဴထရီႏိုေခၚ ဓာတ္မႈန္သည္ ယင္းဓာတ္မႈန္က်ေရာက္ရာ နယ္ပယ္တြင္ ေျမဆဲြအားမရွိဘဲေပ်ာက္ေန တတ္သည္။ လွ်ပ္စစ္ ဓာတ္ အဖိုအမတို႔လည္းမရွိေပ။ ျဒဗ္ကိုလည္း အေကာင္အထည္ ေပ်ာက္သြားေစႏိုင္သည္။ အခ်ဳပ္အားျဖင့္ ႐ူပေဗဒ ဂုဏ္သတၱိ အားလံုးပင္ ယင္းႏ်ဴထ႐ီႏိုစက္ကြင္း နယ္ပယ္တြင္ ေပ်ာက္ကြယ္ေနႏိုင္ေပသည္။ ဘာမ်ဴဒါၾတိဂံေရျပင္တစ္ဝိုက္၌ ႏ်ဴထရီႏိုစက္ဝန္း ျဖစ္ေပၚႏိုင္သေလာဟု အခ်ိဳ႕သိပၸံပညာရွင္တို႔က ယူဆၾကသည္။
Ref: Bermuda Triangle
Unicode
ဘာမျူဒါတြိဂံဒေသသည် ကမ္ဘာ့ရေသင်္ချိုင်းများအနက် ကြောက်မက်ဖွယ် အကောင်းဆုံးဖြစ်ရုံမျှမက လျို့ဝှက်ဆန်းကြယ်၍ အသိရခက်လှသော ရေပြင်ကြီးလည်း ဖြစ်သည်။ ယင်းဒေသတွင် ရေပြင်၌ သာသင်္ဘောနှင့်လူတို့ ပျောက်ကြရသည် မဟုတ်၊ ထိုရေပြင်အထက်မှ ကောင်းကင်ပြင်တွင် ဖြတ်ကျော်ပျံသန်း သွားသော လေယာဉ်များပင် ထူးဆန်းစွာ ပျောက်ခဲ့ကြရသည်။ ထို့ကြောင့် ဗာမျူဒါတြိဂံ ဒေသကို မရဏလမ်းဆုံဟူ၍ တင်စားကြသည်။
ဘာမျူဒါတြိဂံဟူသော ပထဝီဝင်ဝေါဟာရကို ပထဝီဝင် သုသေသီတစ်ဦးဖြစ်သည့် ဗင်ဆင့် အိတ်ချ်ဂါဒစ် ဆိုသူ က ၁၉၆၄ ခုနှစ်တွင် သူ၏ဆောင်းပါးတစ်ပုဒ်၌ အမှတ်မထင် သုံးစွဲလိုက်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုတြိဂံဒေသသည် အမေရိကန်ပြည် ဖလော်ရစ်ဒါ ကမ်းခြေမှ ပွာတိုရီကိုသို့ မျဉ်းကြောင်းဆွဲ၍ ယင်းမှ မြောက်ဘက်ရှိ ဘာမျူဒါကျွန်းသို့ဆက်လက်၍ ဆွဲသွားပြီးထိုမှတစ်ဖန် မူလ ဖလော်ရစ်ဒါ ကမ်းခြေသို့ပြန်ဆွဲ သည့် စိတ်ကူးထဲမှတြိဂံ တစ်ခုသာဖြစ်သည်။
ယင်းဖိုခနောက်သုံးပွင့်ဆိုင်အတွင်း သက်ဆင်းမိသော ရေယာဉ်၊ လေယာဉ်ဟူသမျှ မည်သည့် သတင်းမျှ နောက်ထပ်မကြားသိရတော့ဘဲ စုပ်စမြုပ်စ ပျောက်ကွယ်ရသည်ချည်း ဖြစ်နေသည်မှာ ယခုကဲ့သို့ သိပ္ပံပညာထွန်းကားမှု အားကောင်းနေသော ခေတ်ကြီးတွင် ခေါင်းရှုပ်စရာပြဿနာတစ်ရပ်ဖြစ်နေလေသည်။
ပင်လယ်တွင်း၌ သင်္ဘောပျက်သည်ဆိုလျှင် သာမန်အားဖြင့် သင်္ဘောပေါ်မှ ဖိတ်အန်ကျလာသော ဆီကွက်ကြီးများသည် ရေပြင်တစ်ကြော၌ မိုင်ပေါင်းများစွာအထိ ပျံ့နှံ့နေတတ်သည်။ သင်္ဘောပေါ်ရှိအသုံးအဆောင် ပစ္စည်းတို့သည်လည်း ရေပေါ်တွင် ပေါလောမျောနေနိုင်ကြသည်။ နောက်ဆုံးတွင် လူသေလောင်း များပင်ရေစီး အတိုင်း ပါလာနိုင်ကြသည်။
ဘာမျူဒါတြိဂံဒေသ အတွင်း၌ ပျောက်သွားသော သင်္ဘောများကမူ သဲလွန်စဟူ၍ ဘာမျှမတွေ့ရတော့ချေ။ အလွန့်အလွန်ကံကြီး လွန်းသူများသာလျှင် မိမိတို့၏ သဲထိတ်ရင်ဖို အတွေ့အကြုံကို ပြန်လည်ပြောနိုင်ခဲ့ကြ သည်။ ထိုသူတို့၏ ပြောပြချက်များအရ ထိုဒေသတွင် ဖြတ် သန်းမိသော လေယာဉ်များသည် ကောင်းကင်၌ နိမ့်ချည် မြင့်ချည်နှင့် လှိုင်းပေါ်မှ လှေကဲ့သို့ ခံစားကြရသည်ဟု သိရ၏။ လေယာဉ်မှူးတို့သည်လည်း ရှေ့တူရူ ဆီတွင်ဘာကိုမျှမမြင်ရဘဲ ပတ်ဝန်းကျင် မြင်ကွင်းအားလုံးပျောက်ကွယ်၍ နေကြသည်။
မိမိတို့လေယာဉ်မည်သည့် ဒေသရောက်နေသည်ကို မသိနိုင်ကြတော့ဟု ဆိုလေသည်။ လေယာဉ်စက်ခန်းထဲရှိ စက်ခလုတ် ခုံပေါ် တွင်ကိရိယာအားလုံး ရပ်ဆိုင်းနေသည်ကိုသာ တွေ့ရတတ်ကြ သည်။ ယင်းသည် ဘာမျူဒါတြိဂံဒေသတွင် အချိန် နှင့် နေရာတို့ ပျောက်နေခြင်း သဘောပင်ဖြစ်လေသည်။ ထိုမျှမက ရေဒီယို အဆက်အသွယ်လည်း လုံးဝပျောက်ကွယ်သွားကာ အသံတိတ် ကမ္ဘာလေးတစ်ခုအဖြစ် ဖန်တီးဖြစ်ပေါ်လာတတ်လေ့ရှိသည်။
ဘာမျူဒါတြိဂံကဲ့သို့ အုတ်အော် သောင်းနင်းမဖြစ်သော်လည်း အလားတူ ကြောက်မက်ဖွယ် ကောင်း သော ရေသင်္ချိုင်းကြီး တစ်ခုလည်း ရှိပေသေးသည်။ ယင်းမှာ ပစိဖိတ်သမုဒ္ဒရာတွင်းမှ ဗိုနင်ကျွန်းစု၏ အရှေ့ ဘက်တွင်ရှိ သည်။ ဂျပန်ပြည်မှဆိုလျှင် တောင်ဘက်ကျသည်။ ထို့ကြောင့် ယင်းရေသင်္ချိုင်းထဲတွင် ဂျပန်ငါးဖမ်း သင်္ဘောများ အများဆုံး ပျောက်ဆုံးခဲ့ကြရသည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ အမေရိကန် လေတပ် အခြေစိုက်စခန်း ထားရှိရာ ဂူအမ်ကျွန်း နှင့် ဂျပန်ပြည်တို့အကြား ကူးလူးပျံသန်းကြသော အမေရိကန် စစ်လေ ယာဉ်တို့ပါ ထပ်မံပျောက်ဆုံးကြရပြန်သည်။
သိပ္ပံပညာဖြင့် ဖြေရှင်း၍ မရသေးသော ကိစ္စရပ်များ လေ့လာရေး အသင်းကြီးကို တည် ထောင်ခဲ့သော အိုင်ဗန်တီဆင်ဒါ့ဆန် ဆိုသူ သုတေသီ၏အလိုအရ ကမ္ဘာ့သမုဒ္ဒရာခုနစ်စင်းတို့တွင် အန္တရာယ်ကြီးသော ရေသင်္ချိုင်း ကြီးပေါင်း ၁၂ ခုရှိသည်ဟု သိရသည်။ ထိုစာရင်းမှ အထက် ပါ ရေသင်္ချိုင်းကြီး နှစ်ခု ကိုနုတ်လိုက်သော် ဆယ်ခုကျန် သည်။ ယင်းတို့သည် ကမ္ဘာ့မြောက်ဘက်ခြမ်း၌ငါးခု၊ တောင် ဘက်ခြမ်း၌ငါးခု စီရှိကြသည်။ မြောက်ဘက်မှ ရေသင်္ချိုင်းကြီး များသည် လောင်ဂျီတွဒ် ၇၂ ဒီဂရီခန့်တွင် ဗဟိုပြုလျက် ရှိသည်။
အချို့သော သိပ္ပံပညာရှင်တို့ကမူ ထိုရေသင်္ချိုင်းများရှိရာ ဒေသတစ်ဝိုက်၌ သံလိုက်ဆွဲအားများ ပြင်း ထန်စွာကျရောက် နေလိမ့်မည်ဟု ထင်မြင်ကြသည်။ အချို့ကလည်း အာကာသ ထဲမှ ကော့စမစ်ရောင်ခြည်တို့က စုပ်ယူလိုက်သဖြင့် အငွေ့ဖြစ် ပြီး ပျောက်ကွယ်သွားခြင်းဖြစ်သည်ဟု ယူဆကြသည်။
အမှန်ဆိုသော် အာကာသထဲမှ ကျလာသော ဓာတ်မှုန် တို့ကား မျိုးမည်မခွဲခြား နိုင်လောက်အောင်ပင် များပြားရှုပ်ထွေး ကြပါပေ၏။ ထိုဓာတ်မှုန်တို့သည် အချိန်နှင့်အမျှ လူတို့နေရာ ဤကမ္ဘာကို ထိမှန်ကျရောက် လျက်ရှိသည်။ ယင်းတို့အနက် အချို့မှာ အလွန်ထူးခြားဆန်းကြယ်သော ဂုဏ်သတ္တိရှိကြလေသည်။
နျူထရီနိုခေါ် ဓာတ်မှုန်သည် ယင်းဓာတ်မှုန်ကျရောက်ရာ နယ်ပယ်တွင် မြေဆွဲအားမရှိဘဲပျောက်နေ တတ်သည်။ လျှပ်စစ် ဓာတ် အဖိုအမတို့လည်းမရှိပေ။ ဒြဗ်ကိုလည်း အကောင်အထည် ပျောက်သွားစေနိုင်သည်။ အချုပ်အားဖြင့် ရူပဗေဒ ဂုဏ်သတ္တိ အားလုံးပင် ယင်းနျူထရီနိုစက်ကွင်း နယ်ပယ်တွင် ပျောက်ကွယ်နေနိုင်ပေသည်။ ဘာမျူဒါတြိဂံရေပြင်တစ်ဝိုက်၌ နျူထရီနိုစက်ဝန်း ဖြစ်ပေါ်နိုင်သလောဟု အချို့သိပ္ပံပညာရှင်တို့က ယူဆကြသည်။
Ref: Bermuda Triangle
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။