Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 13, 2013

ပဋိပက္ခလွန်ကာလ ရ ခိုင်ပြည်နယ်ရေးရာကိုလှမ်းမျှော်ကြည့်ခြင်း (၁+၂)

By Yangon Press International on Sunday, January 13, 2013 at 1:47pm ·
မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)တွင် ပါရှိသော မျက်နှာဖုံးဆောင်းပါးကိုပြန်လည်ဖော်
ပြခြင်းဖြစ်ပါသည်။

ဉာဏ်လင်း၊ ကျော်ဇေယျာထွန်းနှင့် ဇေယျာလှိုင်ရေးသည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀၁၂

ပဋိပက္ခလွန်ကာလ ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးများနှင့် အစိုးရအခေါ် ဘင်္ဂါလီ၊ နိုင်ငံတကာအခေါ် ရိုဟင်ဂျာများအား ပြန်လည်နေရာချထားရေးကိစ္စမှာ ဦးသိန်းစိန်ခေါင်းဆောင်သော အရပ်သားအစိုးရအတွက် ခေါင်းခဲစရာကိစ္စကြီးတစ်ခုဖြစ်လာသလို အစိုးရသစ်၏ အရည်အချင်းကို စိန်ခေါ်စမ်းသပ်မည့် စာမေးပွဲကြီးတစ်ခုလည်း ဖြစ်လာလိမ့်မည်။

ဇွန်လ ၈ ရက်မှ စတင်ဖြစ်ပွားခဲ့သော လူအုပ်စုနှစ်ခုကြားက သွေးမြေကျပဋိပက္ခမှာ ယခုအချိန်ထိ ပြေ လည်မည့် အခြေအနေမရှိသေးသလို မည်မျှအထိကြာရှည်နိုင်ဦးမည်ကိုလည်း မသိရှိနိုင်သည့်အနေအထားမျိုး ဖြစ်နေသည်။ အစိုးရထုတ်ပြန်သောကိန်းဂဏန်းများအရ လောလောဆယ်အထိ သေဆုံးသူဦးရေမှာ ၁၆၇ ဦးရှိပြီး အိုးအိမ်မဲ့အရေအတွက်မှာ တစ်သိန်းကျော်ရှိနေသည်ဟုဆိုပါသည်။

လတ်တလောကာလတွင် ပဋိပက္ခနောက်ကွယ်မှ အကြောင်းတရားများအား ဖော်ထုတ်နေသော စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီမှ မည်သည့်ရလဒ်မျိုး ထွက်ပေါ်လာမည်ကို မသိရှိရသေးသလို အစိုးရအနေနှင့် ဤကိစ္စကိုမည်သို့ ကိုင်တွယ်မည်ဆိုသည်ကိုလည်း သဲသဲကွဲကွဲ မသိရှိရ သေးပေ။



ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (Rakhine Nationalities Development Party -RNDP) ဥက္ကဌဒေါက်တာအေးမောင်က “အစိုးရအဖွဲ့ ရှေ့ဆက်ဘာလုပ်မယ်ဆိုတာမသိရဘူး။ ပွင့်လင်း မြင်သာမူမရှိဘူး”ဟု ဝေဖန်ပြောဆို သည်။

“သူတို့ (အစိုးရ) အစီအစဉ်ကို ကျွန်တော်တို့ ဘာမှကိုပွင့်ပွင့်လင်းလင်းမသိရဘူး။ ဘာမှမပြောဘူး။ အစီအစဉ်ကို ပြည်သူကို ချပြတာလည်းမရှိဘူး။ သူတို့ဘာတွေလုပ်နေတယ်၊ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကိုလည်း ထုတ်ပြန်တာမရှိဘူး”

ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ အစိုးရက မည်သို့ဆောင်ရွက်မည်ကို ပြည်သူများထံ ပွင့်ပွင့်လင်းလင်း မပြော သေးသော်လည်း ဒေသခံရခိုင်လူမျိုးများကတော့ ၎င်းတို့ အနေနှင့် ယခင်ကကဲ့သို့ အတူယှဉ်တွဲနေထိုင်သွားရေးမှာ မဖြစ် နိုင်တော့ကြောင်း ၎င်းတို့၏ သဘောဆန္ဒများကို ကျယ်လောင် စွာထုတ်ဖော်ပြောဆိုလာနေကြပါသည်။

မြန်မာပြည်အနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်တွင် ရခိုင်လူအုပ်စုနှင့် ဘင်္ဂါလီတို့အကြား သွေးမြေကျ တိုက်ခိုက်မှုများ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးပါသည်။ သို့သော် တစ်ပြည်နယ်လုံး အနေအထားနှင့် သွေးမြေကျရသည့် ယခုကဲ့သို့သောပဋိပက္ခမျိုးကို ယခင်က လုံးဝကြုံခဲ့ဖူးခြင်းမရှိဟု ဆိုကြသည်။

အမျိုးမတူ၊ ဘာသာကွဲသော ဤလူအုပ်စုနှစ်ခုသည် ယခင်က တစ်ရပ်ကွပ်တည်း၊ တစ်ရွာတည်း အတူနေကြသည်များလည်းရှိသလို စီးပွားရေးအရ တစ်ဖက်နှင့်တစ်ဖက် ကူးလူးဆက်ဆံခဲ့ ကြခြင်းများလည်းရှိခဲ့ကြပါသည်။

သို့သော် ယခုအကြိမ်သွေးမြေကျ ပဋိပက္ခဖြစ်ပွားအပြီးမှာတော့ စီးပွားရေးအရ ဆက်ဆံကြဖို့ကိုပင် နှစ်ဖက်အကြားမှာ တွန့်ဆုတ်နေကြသည့်သဘောကိုတွေ့ရသည်။

စစ်တွေနှင့် အနီးတစ်ဝိုက်တွင် မော်ကွန်းက သွားရောက်တွေ့ဆုံမေးမြန်းကြည့်ခဲ့ပြီး သိရသလောက်မှာ နှစ်ဖက်စလုံးမှ အဓိကစိုးရိမ်ကြသည်က နောက်တစ်ကြိမ် အလားတူသွေးမြေကျဖြစ်ရပ်မျိုးနှင့် ထပ်မံကြုံတွေ့ရမည့် ကိစ္စပင်ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ထဲတွင်ပါဝင်ပြီး အမျိုးသား ဒီမိုကရေစီအင်အားစု (National Democratic Force - NDF) ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် ဦးခင်မောင်ဆွေကတော့ အခြေအနေများ ယခင်အတိုင်း ပြန်လည်ဖြစ်တည်လာဖို့ ဟူသည်မှာ ခက်ခဲလိမ့်မည်ဟုဆိုသည်။

“နှစ်ဖက်စလုံးမှာ အကျိတ်အခဲတွေ ရှိနေတဲ့ဟာတွေ၊ သံသယတွေပေါ့။ အဲဒီသံသယတွေပြေပျောက်အောင် လုပ်နိုင် ချေရှိ၊ မရှိ ဆိုတာကိုပဲ စဉ်းစားရမှာပဲ” ဟု ၎င်းက ဆိုသည်။

“နောက်ဆုံးတစ်နေ့မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေ ထိုင်ရေးဆိုတာကိုတော့ ရောက်အောင်သွားရမှာပေါ့ဗျာ ...”

ယုံကြည်မှုတည်ဆောက်ရေး

နှစ်ဖက်အုပ်စု ယခင်ကလို ပြန်လည်နေထိုင်နိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ယုံကြည်မှုတည်ဆောက်ရမည်ဟု လေ့လာသူများကဆိုသည်။ သို့သော်လည်း လောလောဆယ် တွင် နှစ်ဖက်လူအုပ်စုကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရေးမှာ ဖြစ်နိုင်ဦးမည် မဟုတ်သေးကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့တွင်ပါဝင်သူများက ဆိုပါသည်။

ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး ထောက်ပြသည်က သွေးထွက်သံယို ဖြစ်ပြီးနောက်ပိုင်းတွင် နှစ်ဖက်ကြား၌ ယုံ ကြည်မှုများ ပျောက်ဆုံးသွားပြီး သံသယတွေလည်း ကြီးထွား လာကြသည်ဟု ဆိုသည်။

“ကောလာဟလတွေကို ယုံကြည်လာကြတယ်။ နှစ်ဖက် ကြားမှာ ချက်ချင်း ယုံကြည်မှုတည်ဆောက်ပေးဖို့က မဖြစ်နိုင်ဘူး။ တဖြည်းဖြည်းနဲ့တော့ လုပ်ယူရမယ်” ဟု ၎င်းကဆိုသည်။

လေ့လာသူအချို့ကတော့ လောလောဆယ်ကာလတွင် ပြန်လည်နေရာချထားရေးဟူသော အချက်ကို စဉ်းစားဆွေးနွေး ရန်မှာ စောနေသေးသည်ဟုဆိုကြသည်။ အကြောင်းကတော့ သွေးမြေကျ ပဋိပက္ခမှာ လွယ်လွယ်နှင့် အဆုံးသတ်သွားဖွယ် မရှိသေးသောကြောင့် ဟုဆိုပါသည်။

လောလောဆယ်လက်ရှိအနေအထားတွင် ပဋိပက္ခ ပြေလည်သွားရေးမှာ နံပါတ်တစ်အရေးကြီးဆုံးဖြစ်ပြီး မပြေလည်နိုင်ပါက နောက်နောင်တွင်လည်း အလားတူပဋိပက္ခမျိုး ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း လေ့လာသူများကထောက်ပြကြသည်။

လက်ရှိအခြေအနေထိတော့ နှစ်ဖက်ကြားတင်းမာမှုမှာ မြင့်တက်နေဆဲ အခြေအနေတွင်ရှိနေဆဲဖြစ်ပြီး အချိန်မရွေး တစ်ခုခု ထဖြစ်သွားနိုင်လောက်အောင် အခြေအနေက အကဲ ဆတ်နေသည့် အနေအထားမျိုးဖြစ်နေသည်။

ရခိုင်ပြည်နယ်တွင်းဖြစ်ရပ်များကို လေ့လာဆန်းစစ်နေ သည့် ပညာရှင်များ သုံးသပ်သည်က နုငယ်သေးသော အရပ် သားအစိုးရအတွက် ဤပြဿနာမှာ အမှန်ပင် ဖြေရှင်းရခက် လိမ့်မည်ဟုဆိုကြသည်။

ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်ပညာရှင် ဒေါက်တာ ဂျာ့က်ပီလိုက်ဒါ (Jacques P. Leider) က ရခိုင်ပြည်နယ်၌ ဖြစ် ပွားနေသည့် ပုံစံမှာဘယ်နေရာနှင့်မှ မတူဘဲ တစ်မူထူးခြားသည့် ပြဿနာဖြစ်သည်ဟုဆိုပါသည်။

“အစိုးရအတွက်က တော်တော်ကြီးကို ခက်ခဲတဲ့ အခြေ အနေတစ်ခုကို ရောက်နေတယ်။ တည်ငြိမ်အေးချမ်းမှုရရှိဖို့ဆို ရင် အစကနဦးမှာ အုပ်စုနှစ်ခုကို ခွဲထားလိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာမရှိဘူး” ဟု မစ္စတာလိုက်ဒါကဆိုသည်။

သို့သော်လည်း ယခုကဲ့သို့ လိုအပ်မှုအရ အုပ်စုနှစ်ခုအား ခွဲထားမှုသည် အချိန်ကာလအားဖြင့် အခိုက်အတန့်သာ ဖြစ် သင့်ပြီး ကြာရှည်ထားပါက ယင်းသို့ခွဲထားသည့်အတွက် အစိုးရ အပေါ် ဝေဖန်ပြစ်တင်မှုများ ပေါ်ထွက်လာကြဖွယ်ရာ ရှိကြောင်း ပညာရှင်များက ထောက်ပြပါသည်။

ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်လည်းဖြစ်သည့် ဦးအောင်နိုင်ဦး ပြောပြ သည်က သူသိရသလောက် အစိုးရအနေဖြင့် ရခိုင်နှင့်မွတ် ဆလင်များကိုခွဲထားဖို့ အစီအစဉ်မရှိဟုဆိုသည်။

“နိုင်ငံတကာကလည်း (ခွဲထားမယ်ဆိုရင်) ထောက်ခံမှာ မဟုတ်ဘူး”

(PHOTO: Khine Thurein) စစ်တွေမြို့ပြင်ရှိ အနောက်စံပြရွာမှ မီးလောင်ပြင်


အတူနေရေး၊ မနေရေး


အချို့ကတော့ အတူပြန်နေရေး၊ မနေ ရေးနှင့်ပတ်သက်ပြီး လူအုပ်စုနှစ်ဖက် စလုံး၏ သဘောဆန္ဒကိုလည်း နားထောင်ပေးကြဖို့ လိုအပ်ကြောင်း ထောက်ပြပြောဆိုကြသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League for Democracy - ALD) ရန်ကုန်တိုင်းဥက္ကဌ ဦးလှမြင့် ယုံကြည်ထားသည်က “အနာဂတ်မှာအတူနေခြင်း၊ မနေ ခြင်းက ကျွန်တော်တို့ရဲ့ ဆန္ဒနဲ့ပြောလို့မရဘူး။ ပြည်သူရဲ့ဆန္ဒ၊ အတူနေကြမယ့်သူတွေရဲ့ ဆန္ဒနဲ့ပဲ လုပ်လို့ရမယ်”ဟုဆိုသည်။

“အဲဒါကို လက်လွတ်စပယ် ပြောလို့မရသလို နေပါ့မယ် ဆိုပြီးတော့လည်း ကျွန်တော်တို့က ပြောလို့မရဘူး”

အမျိုးသားဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် ဒီမိုကရက်တစ်ပါတီ (National Democratic Party for Development - NDPD) မှ နိုင်ငံရေးရာဌာနမှူးနှင့် သုတေသနဌာနမှူး ဦးသာအေး (ခ) အဘူတာဟေးကတော့ လူမျိုးစုနှစ်စုသည် နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာသော လူမျိုးစုများဖြစ်သည့်အတွက် ပဋိပက္ခများပြေငြိမ်းသွားသည့် တစ်နေ့တွင် အတူယှဉ် တွဲနေထိုင်နိုင်ကြလိမ့်မည်ဟု ဆိုသည်။

“နှစ် ရာ၊ ထောင်ချီပြီး နေခဲ့တဲ့သူတွေဟာ ခုမှမနေနိုင်ဘူး ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ကမ္ဘာမှာလည်း မတူတဲ့လူတွေ၊ ဘာသာ ကွဲတွေ အတူတူ နေနေကြတာပဲ” ဟု ၎င်းကဆိုသည်။

ယနေ့ကမ္ဘာတွင် မည်သည့်နိုင်ငံမှာမှ လူမျိုးတစ်မျိုးတည်း မနေကြဟူသည့် အချက်ကို လက်ခံသော်လည်း ဘင်္ဂါလီတို့၏လုပ်ရပ်မှာ အိမ်ရှင်ကိုဧည့်သည်က အမနာပ ပြုမူဆက်ဆံသည့် အနေအထားမျိုးဖြစ်နေသည့်အတွက် ၎င်းတို့အနေနှင့် အတူမနေနိုင်တော့ကြောင်း အရေးဆိုနေရခြင်းဖြစ်သည်ဟု ရခိုင်အရေး တက်ကြွလှုပ်ရှားသူများကဆိုသည်။

ရခိုင်အမျိုးသမီးခေါင်းဆောင် ဒေါ်စောမြရာဇာလင်းယူဆသည်ကလည်း “ဧည့်သည်အဖြစ်နဲ့ လာတဲ့သူက အိမ်ရှင်ကိုကန်ချတဲ့ အမူအကျင့်မရှိသင့်ဘူး” ဟုဆိုသည်။

“အိမ်တစ်ဆောင်မှာ နားခိုတယ်ဆိုရင် မူလရှိနေတဲ့ အိမ်ရှင်နဲ့သင့်တင့်လျောက်ပတ်အောင်နေမှရမယ်။ ထိုအိမ်ရှင်ကို မကြိုက်ရင်ထွက်သွားပြီး အခြားနေရာမှာနေဖို့ အေးအေးဆေးဆေး ကြိုးစားရမယ်။ အခုက နေတာလည်း ကြာလာကြတော့ အိမ်ရှင်လိုမျိုးလည်း ခံစားလာကြတယ်။ အိမ်သားတွေကိုလည်း အားမနာတော့ဘူး၊ အိမ်ကိုလည်း သူပိုင်ငါပိုင် ပြုလာတဲ့ သဘော မျိုးဖြစ်နေတယ်”

၎င်းတို့ပြည်နယ်၌ ရခိုင်အပြင် အခြားတိုင်းရင်းသားများ နှင့် ဘာသာစုံကိုးကွယ်သူများရှိသော်လည်း ၎င်းတို့နှင့် ပြဿနာ ကြီးကြီးမားမားမရှိခဲ့ဘဲ ဘင်္ဂါလီများနှင့်မှ ပြဿနာအကြီး အကျယ်ကြုံရသည်ဟု ဒေါ်စောမြရာဇာလင်းက ယခုလို ပြော ပြသေးသည်။

“ရခိုင်မှာ လူမျိုးတစ်မျိုးတည်းနေတာတော့ မဟုတ်ဘူး။ ဥပမာပြောရရင် တရုတ်ရှိတယ်၊ ဗမာရှိတယ်၊ မွန်ရှိတယ်၊ ချင်း ရှိတယ်၊ ခမီးရှိတယ်၊ မြိုရှိတယ်၊ ဘူရ၀ါ(ခေါ်) မရမာကြီး ရှိတယ်။ ဟိန္ဒူဘာသာ ကိုးကွယ်သူတွေ၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ တွေ၊ နတ်ကိုးကွယ်သူတွေ၊ အစ္စလာမ်ဘာသာကိုးကွယ်သူ စသဖြင့် အများကြီးရှိနေကြတယ်။ ဘယ်လူမျိုးနဲ့မှ ကြီးမားတဲ့ ပြဿနာ မဖြစ်ဘူး။

“ဒီအထဲ အမည်သစ်တစ်မျိုးနဲ့ သူတို့ကိုယ်သူတို့ ကင်ပွန်းတပ်ပြီး ခေါ်နေတဲ့လူတွေနဲ့မှ ပြဿနာ မကြာမကြာဖြစ်တယ်”

ပဋိပက္ခ၏ ဇာစ်မြစ်

ရှုပ်ထွေးနက်နဲလှသည့် ဤရခိုင်ပြည်နယ်အရေးကို နား လည်ရန်မှာ လောလောလတ်လတ် ပြဿနာတစ်ခုတည်းကိုပဲ အခြေတည်ပြီး စဉ်းစားခြင်းမျိုးမဟုတ်ဘဲ ဖြစ်ပွားလာရသည့် နောက်ခံ အကြောင်းတရားပေါင်း မြောက်မြားစွာကိုပါ ထည့်သွင်းစဉ်းစား ပါမှ ပြဿနာ၏ဇာစ်မြစ်ကို နားလည်ကာ နောက်နောင် အလား တူ သွေးမြေကျပဋိပက္ခ မျိုးဖြစ်နိုင်ခြေများကို လျှော့ချ ဟန့်တား နိုင်လိမ့်မည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

ပြောရလျှင် ထိုဒေသ၌ လူအုပ်စုနှစ်စုကြား လောင်စာ တွေ စုပုံလာနေသည်ကို အစိုးရအဆက်ဆက်က မသိခဲ့၍မဟုတ်။ နိုင်ငံရေးအရ တစ်ချိန်မှာ အမြတ်ထုတ်ယူဖို့ ဆက်လက်ထားခဲ့ကြ သည်လား၊ သို့မဟုတ် မိမိတို့လက်ထက်တွင် အပြီးသတ် မဖြေရှင်းဘဲ ရည်ရွယ်ချက်တစ်ခုခုဖြင့် နှောင်းလူတို့လက်သို့ ယင်းဆိုးမွေကို လက်ဆင့်ကမ်းခဲ့သည်လားဆိုသည်ကိုတော့ သက်ဆိုင်သူတို့သာ သိရှိပါလိမ့်မည်ဟု လေ့လာသူများက ဝေဖန်ကြသည်။

ထို့ကြောင့်လည်း နှစ်ဖက်အကြားက ပဋိပက္ခ ဆက်ထုံး (သို့) လူမျိုးရေး မုန်းတီးမှုများကို ဖြေထုတ်ဖို့ဆိုလျှင် နှစ် ဖက်စလုံး၏ စိုးရိမ်သောကများနှင့် အငြင်းပွားဖွယ်ရာ ကိစ္စများ ကိုပါ နားထောင်ပေးကြပြီး ဖြေရှင်းပေးကြဖို့ လိုအပ်မည်ဖြစ် ကြောင်း လေ့လာသူအချို့က ထောက်ပြနေကြခြင်း ဖြစ်ပါသည်။

ရခိုင်လူမျိုးများဘက်မှ ခံစားနေကြရသည်က လူမျိုးမတူ၊ ဘာသာခြားသော ဘင်္ဂါလီများ၏ လူဦးရေတိုးပွားနှုန်းက ၎င်းတို့ ဒေသကို ခြိမ်းခြောက်လာနေသည်ဟုဆိုသည်။

(PHOTO: Newscape) စစ်တွေမြို့ပေါ်ရှိဘုန်းကြီးကျောင်းတစ်ကျောင်းမှ ဒုက္ခသည်စခန်းတစ်ခု


နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဌေး၏ အဆိုအရ ရခိုင်ပြည်နယ်၌ ၁၉၈၀ ပြည့်နှစ်တွင် ဘင်္ဂါလီ လူဦးရေ နှစ်သိန်းခွဲသာရှိပြီး၂၀၁၂ ခုနှစ်အရောက်တွင် ဆယ်သိန်းထိ ရှိလာခဲ့သည်ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ထိစပ်နေသော မောင်တော မြို့ နယ်တွင် ဘင်္ဂါလီဦးရေသည် ၉၄ ရာခိုင်နှုန်းရှိပြီး ရခိုင်လူဦးရေနှင့် အခြားတိုင်းရင်းသားများကတော့ ခြောက်ရာခိုင်နှုန်းသာရှိသည်ဟုဆိုပါ သည်။

တစ်နှစ်ပြီးတစ်နှစ် သိပ်သည်းများပြားလာသော ဘင်္ဂါလီ လူဦးရေကို ကြည့်ကာ အစကတည်းက မိမိတို့မြေကို လွှမ်းမိုးကြ လိမ့်မည်ဟု အတွေးဓာတ်ခံရှိသော ရခိုင်များအတွက်မူ အချိန်ရှိသမျှ သောကပွားစရာတွေချည်း ဖြစ်နေသည်။

ထိုသို့ လွှမ်းမိုးခံရမည်ဆိုပါက သူတို့ပိုင်သော ဗုဒ္ဓဘာသာ ထွန်းကားရာ နယ်မြေအား လက်လွှတ်ဆုံးရှုံးခံရမည်ကို ရခိုင် လူမျိုးများ စိုးရွံ့နေကြသည်။

၎င်းတို့ကို သိမ်းပိုက်ခဲ့သော ဗမာ(မြန်မာ)ဘုရင့်လက် အောက်မှာနေကြရင်းက ဗြိတိသျှတို့၏ သိမ်းပိုက်မှုကို ခံခဲ့ကြ ရပြီးဖြစ်သည်။ သို့သော် ထိုစဉ်က အမျိုး၊ ဘာသာ၊ သာသနာ မပျောက်ခဲ့ကြ။

ယနေ့ ၂၁ ရာစု ခေတ်၌ မြန်မာပြည်ထောင်စုထဲတွင် နေ ထိုင်ကြရင်း ဘင်္ဂါလီများက တိုင်းရင်းသားနာမည်တစ်ခုကို မွေးမြူတည်ဆောက်ကာ သိပ်သည်းထူထပ်လှသော ၎င်းတို့ လူဦးရေဖြင့် ရခိုင်မြေအား လွှမ်းခြုံသွားမည်ဆိုလျှင် သူတို့တန်ဖိုး ထားသည့်အရာများ ပျက်စီးခြင်းနှင့်ကြုံရမည်ကို ရခိုင်လူမျိုး များက အင်မတန် စိုးထိတ်နေကြသည်။

သိပ်မဝေးလှသေးသော အတိတ်မှာလည်း ရခိုင်ပြည်နယ် ၏ အချို့ဒေသများကို လက်နက်စွဲကိုင်တောင်းဆိုသည့် ဖြစ် စဉ်များ လည်းရှိခဲ့ဖူးသောကြောင့် ရခိုင်များအဖို့ စိုးရိမ်စရာတွေ ချည်း ဖြစ်နေသည်။

ဘင်္ဂါလီများဘက်ကလည်း ၎င်းင်းတို့၏သားစဉ်မြေးဆက် တစ်လျှောက်လုံး တိုင်းမဲ့၊ ပြည်မဲ့၊ နိုင်ငံသားမဲ့တွေအဖြစ် ဆင်း ဆင်း ရဲရဲ၊ ကျပ်ကျပ်တည်းတည်း နေထိုင်သွားကြရမည့်အရေးကို စိုးထိတ်နေကြသည်။

လူရယ်လို့ဖြစ်လာသော်လည်း လူသားတစ်ဦး ရသင့်ရ ထိုက်သော ရပိုင်ခွင့်များကိုဆုံးရှုံးနေရသည့် အခြေအနေတွင် လူချင်းအတူတူ တန်းတူဆက်ဆံခံလိုကြသည်။ အငြင်းပွားဖွယ် ရာ သမိုင်းအချက်အလက်အချို့ကို ထောက်ပြကာ ၀န်ကြီးချုပ် ဦးနုခေတ်ကရရှိခဲ့သော အခွင့်အရေးများကို ပြန်လည်ရယူလိုကြ သည်။

ထို့ကြောင့်လည်း ပြည်ပရှိ၎င်းတို့မျိုးတူ လှုပ်ရှားသူများက နိုင်ငံတကာ၏အားကိုရယူပြီး နှစ်ပေါင်းများစွာ ကြိုးစားနေကြ ခြင်းလည်းဖြစ်ပါသည်။

ထို့ပြင် ဘင်္ဂါလီများက ရခိုင်ပြည်နယ်သည် သမိုင်းကြောင်း အရ ရခိုင်များနှင့်သာမက ၎င်းတို့နှင့်လည်းဆိုင်သည့် နယ်မြေ ဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိလာခဲ့သည်။

သို့ဖြစ်ရာ မျိုးမတူ၊ ဘာသာခြားများ လွှမ်းမိုးလာမည်ကို စိုးရွံ့ သော ရခိုင်လူမျိုးများနှင့် ၎င်းင်းတို့၏ လူ့အခွင့်အရေးအတွက် နည်းပေါင်းစုံဖြင့် အရေးဆိုနေပြီး ရခိုင်ပြည်သည်လည်း ၎င်းင်း တို့နှင့်သက်ဆိုင်သည်ဟု ပြောဆိုလာသော ဘင်္ဂါလီ လူအုပ်စု နှစ်ခုကြားတွင်တစ် ဖက်နှင့်တစ်ဖက် မကျေနပ်မှုများ၊ အမုန်းတရားများပေါ်ပေါက်ဖြစ်ထွန်းလာတော့သည်။

လေ့လာသူများ ယူဆကြသည်ကတော့ ဤရခိုင်ပြည်နယ် သည် သမိုင်းတစ်လျှောက် အုပ်စိုးသူအဆက်ဆက်၏ နိုင်ငံရေး ကစားစရာ ကွင်းပြင်ကြီးတစ်ခုဖြစ်ခဲ့သည်ဟူ၍ဖြစ်သည်။

ဦးနုလက်ထက်က ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရရှိရေး အတွက် ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဧရိယာကို အားကိုးခဲ့ရသည်ဟုဆိုသည်။

ထိုစဉ်က ဘင်္ဂလားဘက်ခြမ်းမှ ဘင်္ဂါလီအမြောက်အမြားကို လှေများဖြင့် အသုတ်လိုက်၊ အသုတ်လိုက်ခေါ်သွင်း၍ နိုင်ငံ သားလက်မှတ်ပေးကာ မဲရယူခဲ့မှုများရှိခဲ့သည်ဟု လေ့လာသူ အချို့က ထောက်ပြကြသည်။ ဦးနုဝန်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့ စဉ်ကလည်း ရိုဟင်ဂျာအသံဆိုသည့် အစီအစဉ်တစ်ခုကို ရေဒီယိုမှ ထုတ်လွှင့်ခွင့်ပြုခဲ့သည်။

ဦးနေ၀င်းအစိုးရ လက်ထက်ရောက်သည့်အခါ ဦးနုလက် ထက်တွင် အစုလိုက်၊ အပြုံလိုက်ဝင်ရောက်လာသော မြန်မာနိုင်ငံ သားဖြစ်နှင့်ပြီးသားဘင်္ဂါလီများကို မောင်းထုတ်ပစ်ခဲ့သည်။ ထို့အပြင် ဦးနုလက်ထက်တွင် နိုင်ငံသားဖြစ်သွားသော ဘင်္ဂါလီ များကိုလည်း နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းပစ်ခဲ့သည်။

ထိုစဉ်မှစကာ ဘင်္ဂါလီများမှာ ချို့တဲ့ကျပ်တည်းသော အခြေအနေတွင် ယနေ့အထိ နေလာခဲ့ကြရသည်။ သူတို့ကို အစိုး ရက လူဟု ပင် သတ်မှတ်ခြင်းကို မခံစားရဟု ဘူးသီးတောင်၊ မောင်တောဘက်မှ ဘင်္ဂါလီများက ဖွင့်ဟကြသည်။

သို့သော်လည်း စစ်အစိုးရလက်ထက်တွင် ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲတွင်တော့ အမေ့ခံ ဘင်္ဂါလီများကို အစိုးရ က နိုင်ငံရေးအရ၊ တစ်နည်းအားဖြင့် နိုင်ငံရေး လိုအပ်ချက်အရ အသိအမှတ်ပြုခဲ့ရပြန်ပါသည်။ တိုင်းရင်းသားအဖြစ်သာမက နိုင်ငံသားအဖြစ်ပါ သတ်မှတ်မခံရသည့် ဘင်္ဂါလီများကို အစိုးရက ရွေးကောက်ပွဲတွင် ပျော်ပျော်ကြီးမဲထည့်ခွင့် ပေးခဲ့ပါသည်။

ထို့ပြင် ရခိုင်ပြည်နယ်စပ် လူဝင်လူထွက်ကို စောင့်ကြည့်ကိုင် တွယ်ရသည့် အစိုးရအာဏာပိုင်များ၏ အဂတိလိုက်စားမှုများ ကလည်း ယခုဖြစ်ပွားနေသော ပဋိပက္ခများကို ချဉ်းကပ်ရာတွင် ထည့်သွင်း စဉ်းစားစရာ ကိစ္စတစ်ခုဖြစ်နေပါသည်။

တစ်ဖက်ကို ကြည့် မည်ဆိုလျှင် “မြေမျိုလို့လူမျိုး မပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်” ဟူသော ဆောင်ပုဒ်များကို အစိုးရ က နေရာတော်တော်များများမှာ စိုက်ထူထားပေးသည်။ ဤ ဆောင်ပုဒ်များမှာ အစကတည်းက အမျိုး၊ ဘာသာ၊ သာသနာကို ချစ်ခင်တွယ်တာ၊ စောင့်ရှောက်သည့်နေရာတွင် နာမည်ကြီးလှ သော ရခိုင်လူမျိုးများ၏ စိုးရိမ်စိတ်ကို ပိုမိုကြီးထွားခိုင်မာလာအောင် လှုံ့ဆော်ပေးနေသကဲ့ပင်။

ထိုသို့ဖြင့် အစိုးရအဆက်ဆက်အတွက် လိုရင်လိုသလို၊ မလိုရင် မလိုသလို အသုံးတော်ခံပေးခဲ့ရသည့် ရခိုင်ပြည်နယ်၌ လူအုပ်စုနှစ်ခုကြားမှာ မကြာခဏဆိုသလို တိုက်ခိုက်မှုများ ဖြစ် ပွားခဲ့လေ့ရှိပါသည်။ သို့သော် တစ်ပြည်နယ်လုံး အတိုင်းအတာ နှင့်တော့ မဖြစ်ပွားခဲ့ပါ။

အရပ်သားအစိုးရတက်လာပြီး ပထမဆုံးအကြိမ်ဖြစ်ပွား သော ယခုအကြိမ် ပဋိပက္ခကျမှသာ တစ်ပြည်နယ်လုံးနီးပါး အပြန်အလှန် တိုက်ခိုက်မှုများ၊ လူနေအိမ် မီးရှို့မှုများဖြစ်ပွားခဲ့ ရခြင်းဖြစ်ပါသည်။

“အစိုးရအဆက်ဆက်ဟာဒီပြဿနာဖြစ်ရတဲ့ဇာတ်ကြောင်း ရဲ့ အဓိကတရားခံပဲ” ဟု ဒေါက်တာအေးမောင်က သုံးသပ်သည်။

“အခုမှ ပြဿနာတွေ ဖောင်းပွလာတော့မှ အနီးစပ်ဆုံး လူမျိုးနွယ်စုပြဿနာဖြစ်ရတယ်။ ကျွန်တော်တို့တစ်တွေ ခံနေရ တယ်။ သူတို့ ဖွင့်ပေးခဲ့တဲ့အပေါက်တွေကိုမပိတ်ဘူး။ သူတို့ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာမူမရှိဘူး။ ဥပ ဒေရဲ့ အားနည်းချက်တွေနဲ့ နိုင်ငံသားပေးချင်တဲ့သူကို ပေးတယ်” ဟု ဒေါက်တာအေးမောင်က ဝေဖန်ပြောဆိုသည်။

အစိုးရ၏ မူဝါဒသည် ဘယ်လိုမူဝါဒမျိုးလဲဟုလည်း ဒေါက်တာအေးမောင်က မေးခွန်းထပ်ထုတ်သည်။

“ကျွန်တော်တို့ကို သုံးခဲ့တာက ကြက်လည်းမောစေ၊ ယာလည်း ညက်စေ။ ကုလားနဲ့ ရခိုင်ပြဿာနာ ဖြစ်ချင်သလိုဖြစ်ဆိုပြီး ထား လိုက်တာလား။ ရခိုင်တွေလည်း စီးပွားရေးကျ၊ ကုလားတွေ လည်း ဒုက္ခဖြစ်။ကျွန်တော်တို့ အသုံးချခံနေရပြီလား”

ပဋိပက္ခလွန်ကာလ ရ ခိုင်ပြည်နယ်ရေးရာကိုလှမ်းမျှော်ကြည့်ခြင်း (၂)

မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)တွင် ပါရှိသော မျက်နှာဖုံးဆောင်းပါးကိုပြန်လည်ဖော်
ပြခြင်းဖြစ်ပါသည်။

ဉာဏ်လင်း၊ ကျော်ဇေယျာထွန်းနှင့် ဇေယျာလှိုင်ရေးသည်

ကုထုံးကို ဖွေရှာ

အစိုးရကမူ ပဋိပက္ခနောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူ များကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟုဆိုသည်။ သမ္မတ ရုံးက အောက်တိုဘာ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေ ညာချက်တစ်စောင်တွင် ပြဿနာနောက်ကွယ်၌ ပြည်တွင်း ပြည်ပ အဖွဲ့အချို့၊ နိုင်ငံရေးအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေသည်ဟု ဆိုထားသည်။

ထိုသို့ ဖော်ပြထားသော်လည်း အဆိုပါ သွေးထိုးလှုံ့ဆော် သူများမှာ မည်သူမည်ဝါတွေဖြစ်သည်ကို တိတိပပ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပေ။

စင်စစ်တွင် ပြဿနာ၏နောက်ကွယ်မှ မီးထိုးပေးသူများကို စုံစမ်းဖော်ထုတ် အရေးယူလိုက်ရုံနှင့် ပဋိပက္ခက ပြေလည်သွား လိမ့်မည်တော့မဟုတ်။ နှစ်ပေါင်းများစွာစုပုံလာသည့် အမုန်း တရားလောင်စာများကို ရှင်းထုတ်နိုင်မှသာ အာဃာတမီး တောက်များကို ဟန့်တားနိုင်လိမ့်မည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

လောင်စာရှိနေသမျှတော့ လူမျိုးရေး၊ နိုင်ငံရေး အမြတ် ထုတ်လိုသူများ တစ်နည်းမဟုတ် တစ်နည်းဖြင့် မီးလာရှို့နိုင်ဦး မည်သာ ဖြစ်သည်။



ယခုပြဿနာမှာ နှစ်ဖက်ကြားတိုက်ခိုက်မှုများ ရပ်စဲသွား ချိန် အိုးအိမ်မဲ့သူတွေကို အိုးအိမ်ပြန်လည်ဆောက်ပေးပြီး ယခင်အတိုင်းပိုနေမြဲ၊ ကျားနေမြဲထားလိုက်ရုံနှင့် ပြီးစီးသွားမည့် ကိစ္စတော့မဟုတ်ပေ။

ခံစားနေရသော ရောဂါလက္ခဏာကို သက်သာလာအောင် ဆေးပေးခြင်းသည် ရေတိုသဘောသာဖြစ်ပြီး ရေရှည်အတွက် စဉ်းစားမည်ဆိုပါက ရောဂါဇာစ်မြစ်ကိုရှာ၍ ကုသလိုက်ရတော့ မည်ဖြစ်သည်။

ပြဿနာ၏ ဇာစ်မြစ်များထဲတွင် ဘင်္ဂါလီများ၏ နိုင်ငံသား မဲ့မှု ပြဿနာကို မည်သို့ဖြေရှင်းပေးမည်နည်းဟူသော အချက် သည်လည်းပါဝင်သည်။ မည်သူတွေသည် နိုင်ငံသားဖြစ်သင့် သနည်း။ မည်သူတွေသည် နိုင်ငံသားမဖြစ်ထိုက်သူများနည်း။

နယ်စပ်မှ တရားမ၀င် ၀င်ရောက်လာသူများ ရှိမည်မှန် သော်လည်း နှစ်ပေါင်းများစွာ ဆွေစဉ်မျိုးဆက် ရခိုင်ပြည်တွင် နေထိုင်လာသည့် ဘင်္ဂါလီများလည်းရှိသည်ဆိုသည့်အချက်မှာလည်း ငြင်းမရသော အချက်တစ်ခုဖြစ်ပါသည်။

ထို့ကြောင့်လည်း တည်ဆဲဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူ များအား နိုင်ငံသားဖြစ်ခွင့်ပေးသင့်သလို နိုင်ငံသားဖြစ်ခွင့်မရှိ သူများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံဆောင်ရွက်မှုများ ပြုလုပ်ပေးသင့်သည်ဟု တောင်းဆိုနေကြခြင်းလည်း ဖြစ်ပါ သည်။

NDPD မှ ဦးသာအေး (ခ) အဘူတာဟေးကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေသည် ထိုဥပဒေမပြဋ္ဌာန်းမီက နိုင်ငံသားဖြစ်နှင့်ပြီးသူများကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းပစ် ခွင့်ရှိမရှိဆန်းစစ်ဖို့လိုသည်ဟု အဆိုပြုသည်။

“တရားမ၀င် ၀င်လာကြတဲ့သူတွေရှိရင်လည်း ဥပဒေအရ အရေးယူဖို့လိုပါလိမ့်မယ်” ဟူ၍လည်း ဦးသာအေး(ခ)အဘူ တာဟေး ကဆိုသည်။

ယခုနောက်ပိုင်း နိုင်ငံတကာ အဖွဲ့အစည်းများ တောင်း ဆိုလာသည့်အထဲတွင်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားပြုရေး ဥပဒေ ကိုပြန်လည်သုံးသပ်ရေး၊ ပြင်ဆင်ရေးကိစ္စတွေ ပါလာခဲ့သည်။


နိုင်ငံတကာ ဖိအား

ရခိုင်အရေးကိစ္စ မပြေလည်သေးသည်နှင့်အမျှ နိုင်ငံ တကာကလည်း နေ့ရှိသရွေ့ ဖိအားတွေပေးနေကြဦးမည်သာ ဖြစ်သည်။ အစ္စလာမ္မစ်နိုင်ငံများကလည်း ၎င်းင်းတို့နှင့် ဘာသာချင်း တူသည့် ဘင်္ဂါလီများအရေးကို အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်ကာ ဆက်လက်ပြီးဖိအားတွေပေးနေကြဦးမည်သာဖြစ် သည်။

အာရပ်နိုင်ငံများ၏ ရန်ပုံငွေနှင့် လည်ပတ်နေသည့် ဗူဖြေနနမေ ကဲ့သို့သော ရုပ်သံဌာနကလည်း ရခိုင်ပြည်နယ် အတွင်းတွင် “လူမျိုးတုံးသတ်ဖြတ်နေပြီ”ဟူသော စကားလုံးကို သုံးကာ ရခိုင်ကိစ္စကို နိုင်ငံတကာက အာရုံစိုက်လာအောင် မီးမောင်းထိုးပြလျက်ရှိသည်။

(လူမျိုးတုံးသတ်ဖြတ်ခြင်းဟူသော ထိုအသုံးအနှုန်းကို သုံးမည်ဆိုလျှင် ဂရုတစိုက်လေ့လာပြီးမှသာ သုံးသင့်သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာအကူ အညီ ပေးရေးရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဗယ်လာရီအေးမို့စ်ကဆိုသည်။ ၎င်းင်းအနေဖြင့်မူ ရခိုင်ပြည်နယ်ဖြစ် ရပ်ကို လူအုပ်စုနှစ်ခုကြား ဖြစ်ပွားသည့် တိုက်ခိုက်မှုများအဖြစ် သာ ရှုမြင်သည်ဟုဆိုသည်။)

မကြာသေးခင်ကမှ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အထုတ်ခံရသူနှစ်ဦးထဲက တစ်ဦးဖြစ်သည့် အစ္စလာမ်ကောင်စီ ဌာနချုပ်မှ အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက “သက်ဆိုင် ရာတာဝန်ရှိတဲ့လူတွေက ဖြေရှင်းတာမှန်ရင် အေးအေးချမ်းချမ်း အမြန်ဆုံးချုပ်ငြိမ်းပြေလည်သွားမယ့်ပြဿနာပါ။ ကျွန်တော်က တော့ ဒီလိုပဲယုံကြည်တယ်ဟု” ဆိုသည်။

“အပြစ်ကျူးလွန်တဲ့ လူတစ်စုကို ဘက်မလိုက်ဘဲနဲ့ ၊ကျော သား၊ ရင်သားမခွဲခြားဘဲနဲ့၊ လူမျိုး၊ ဘာသာမခွဲခြားဘဲနဲ့ ထိထိ ရောက်ရောက် အရေးယူလိုက်ရင်၊ တရားဥပဒေစိုးမိုးမှုကို ထိထိရောက်ရောက် ဆောင်ရွက်လိုက်ရင် ရခိုင်ပြည်နယ်(ရဲ့) အနာဂတ်ရော၊ ပြည်ထောင်စု(ရဲ့) အနာဂတ်အတွက်ပါ အကောင်းချည်းပဲ”

တရားမ၀င်ခိုးဝင်လာသူများရှိလျှင်လည်း စစ်ဆေးကာ သူ့ နိုင်ငံကို ပြန်ပို့သင့်ကြောင်း ဦးတင်မောင်သန်းကဆိုသည်။

“နိုင်ငံသားမဟုတ်ဘဲ ခိုးဝင်လာတဲ့သူကို သူ့နိုင်ငံကို ပြန်ပို့ လိုက်။ ကိုယ့်ဆီမှာ ထားမနေနဲ့။ ဒါတွေအားလုံးရှင်းသွားရင် အဲ့ဒီ နယ်စပ်မှာ ခြံစည်းရိုးပါခတ်လိုက်ဦး။ ကြက်တစ်ကောင်တောင် အ၀င်မခံနဲ့”

(PHOTO: Newscape) မောင်တောနယ်စပ်ခြံစည်းရိုး


ပဋိပက္ခဖြစ်ပွားအပြီး ထွက်ပေါ်လာသော မေးခွန်းများထဲ တွင် နိုင်ငံသားဖြစ်ခွင့်မရှိသူများကို မည်သို့စီမံပေးမည်နည်း၊ ၎င်း တို့အားလုံးကို ယခင်အတိုင်း ရခိုင်ပြည်နယ်ထဲ၌ပင် ဆက်လက် ပိတ်လှောင်ထား မည်လားဟူသော အချက်လည်း ပါဝင်သည်။

RNDP မှ ဒေါက်တာအေးမောင်ကတော့ “ရခိုင်လူထုရဲ့ တောင်းဆို ချက်အရ ဒီလူတွေနဲ့အတူတူ နေလို့မရတော့ဘူးဆိုရင် ဒီလူတွေကို ခပ်လှမ်းလှမ်းမှာထားပြီး နိုင်ငံသားလို့ သတ်မှတ် နိုင်တဲ့ လူတွေကိုခေါ်ယူပြီး နိုင်ငံသားလို့မသတ်မှတ်နိုင်တဲ့ လူတွေ ကို ထိုင်းမှာလို အလုပ်လုပ်ခွင့်ပါမစ် (Work Permit) ပေးမလား”ဟု အကြံပြုသည်။
“နိုင်ငံသားဖြစ်တယ်ဆိုရင် နိုင်ငံသားဥပဒေ ပြည့်ပြည့်၀၀ ပေးလိုက်ပေါ့ဗျ။ မ္တလေးမှာ နေချင်တယ်ဆိုရင် မ္တလေးထား၊ ရှမ်းမှာလည်းထား၊ ရခိုင်က လက်မခံဘူးဆိုရင် ရခိုင်ကို အပြစ် တင်လို့ မရဘူး”

ဘင်္ဂါလီများအနေနှင့်လည်း ရခိုင်ပြည်နယ်တွင် ဆက်လက် နေထိုင်လိုစိတ် မရှိကြသည့်အကြောင်းကို ဒေါက်တာ အေးမောင်က ယခုလိုပြောသည်။

“သူတို့ (ဘင်္ဂါလီတွေ) ကိုလည်း မေးကြည့်၊ ရခိုင်မှာနေချင် ရဲ့လားလို့။ သံအမတ်တွေလာရင် သူတို့ကိုယ်တိုင်က ရခိုင်မှာ မနေချင်ပါဘူးလို့ပြောနေတာ”

ဆင်းရဲလှသည့် ရခိုင်ပြည်နယ်တွင် နိုင်ငံသားဖြစ်ခွင့် မရသည့် ဘင်္ဂါလီများကို ယခင်အတိုင်း အခြေအနေဆိုး တစ်ခု အောက်တွင် ဆက်လက်ပိတ်လှောင်ထားမည်၊ ကန့်သတ် ချုပ် ချယ်မှုများဖြင့် ဆက်လက်ထားရှိမည်ဆိုပါက နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုကို ဆက်လက်ခံကြရဖွယ်ရှိပါသည်။

တစ်ဖက်တွင်လည်း ဘင်္ဂါလီများ ဆင်းရဲတွင်း နက် သထက်နက်ကာ ယင်းဆင်းရဲတွင်းမှ နှောင်းပိုင်းကာလတွင် မလို လားအပ်သော လူမှုစီးပွားပြဿနာများနှင့် အခြားပြဿနာများ ဆက်လက် ဖြစ်ပွားလာမည်ကို စိုးရိမ်ရကြောင်း လေ့လာသူများ ကဆိုသည်။

အစစအရာရာ ပြည်မကြီးနှင့်ယှဉ်လျှင် နောက်ကျ ကျန် ရစ်ခဲ့ပြီး စီးပွားရေးလည်း မကောင်းလှသော ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းကလည်း ရှားပါးလှသည်။

တစ်နိုင်ငံလုံးနှင့် ယှဉ်ကြည့်လျှင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယမြောက် အဆင်းရဲဆုံးဖြစ်သော ဤရခိုင်ပြည်နယ်တွင် လူဦးရေ၏ ၄၁ ဒသမ ၅ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှု မျဉ်း ကြောင်းအောက်သို့ ရောက်နေပါသည်။ ဤမျှဆင်းရဲလှသော ရခိုင်ပြည်နယ်အတွင်းတွင် ဆယ်တန်းအောင်၊ ဘွဲ့ရများ အတွက်ပင် အလုပ်ကိုင်အခွင့်လမ်းက များများစားစားရှိလှ သည်မဟုတ်ပေ။

ရခိုင်ကမ်းလွန် ပင်လယ်ပြင်မှရေနံနှင့် သဘာဝဓာတ်ငွေ့ တို့ကို အစိုးရက ထုတ်ယူနေသော်လည်း ရခိုင်ပြည်သူ၊ ပြည် သားများမှာ ဘာမှမခံစားရသည့်အပြင် မြန်မာနိုင်ငံတွင် အမြင့် ဆုံးလျှပ်စစ် မီတာခကိုပေးဆောင်နေကြရသည်။ တစ်ဖက်မှာ လည်း ကျောက်ဖြူရေနက်စီမံကိန်းကို တရုတ်ကုမ္ပဏီများက အကြီးအကျယ်အကောင်အထည်ဖော်လျက်ရှိပါသည်။ သို့သော် ဒေသခံများအတွက် ယင်းစီမံကိန်းက ဘာတွေဆောင်ကြဉ်း လာ မည်နည်း။လောလောဆယ်အထိတော့မသိရ၊ မမြင်ရ၊ မကြားရပေ။

(ရခိုင်အရေးတက်ကြွလှုပ်ရှားသူများကတော့ အဆိုပါစီမံ ကိန်းသည် ဒေသခံများအတွက် အကျိုးမဖြစ်ထွန်းနိုင်သည့် စီမံ ကိန်းဟုဆိုကာ ကန့်ကွက်နေခဲ့သည့် ကိစ္စဖြစ်သည်။ ပဋိပက္ခ မဖြစ်ပွားမီ အချိန်ထိ ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး ပြောသံ၊ ဆိုသံအချို့ အထိုက်အလျောက်ရှိခဲ့သော်လည်း ယနေ့အခါ အဆိုပါအသံများမှာ ပဋိပက္ခသံများအောက်တွင် တိမ်မြုပ်သွား ကုန်ကြသည်။)

အစိုးရအရာရှိအချို့က ပြောနေကြသည့် စကားတစ်ခွန်း လည်းရှိပါသည်။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားရသည့် အထဲတွင် စာမတတ်သူများပြားနေခြင်းသည်လည်း အကြောင်းတစ်ခု ဖြစ်သည် ဟူသော စကားပင်ဖြစ်သည်။

ပညာတတ်များအတွက်ပင် ပြည်နယ်အတွင်း အလုပ် အကိုင် အခွင့်အလမ်း မည်မည်ရရ မရှိသော အခြေအနေတွင် ပညာတတ်ဖြစ်ရေးဟူသည်မှာ တစ်နေ့တာ မိသားစု ထမင်းစား ရိတ်ရရှိရေးလောက် ဆွဲဆောင်မှုမကောင်းလှပေ။ အနာဂတ်မဲ့ သော ဘင်္ဂါလီများအတွက်မူ ပညာရေးဟူသည်မှာ ၎င်းတို့၏ ဦးစားပေးစာရင်းထဲတွင် လုံးလုံးမပါပေ။

နိစ္စဓူဝ စားဝတ်နေရေးအတွက် ကုန်ထမ်းရသည့် အလုပ်ကဲ့သို့ အလုပ်ကြမ်းမျိုးကို လုပြီးလုပ်ကြရုံ၊ ကုန်သည် ပွဲ စားများထံတွင် ရရာအလုပ်ဝင်လုပ်ကြရုံ၊ လယ်သူရင်းငှားအဖြစ် ၀င်လုပ်ကြရုံ၊ အမြင့်ဆုံးဟိုဘက်မြို့နှင့် ဒီဘက်မြို့ ကုန်စည်ကူး သန်းကြရုံလောက်သာ ဘင်္ဂါလီများအတွက် အိပ်မက်မက်နိုင်သည်။

ယင်းကဲ့သို့ အခြေအနေဆိုးများ ရှိနေသော်လည်း ဖြေရှင်း မှုတစ်စုံတစ်ရာမပြုလုပ်ဘဲ ဆက်လက်ဖိနှိပ် အုပ်ချုပ်ခဲ့သော ကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘင်္ဂါလီကိစ္စနှင့် ပတ် သက်ပြီး အစိုးရကို နှစ်ပေါင်းများစွာဝေဖန်ထိုးနှက်လာခဲ့ကြ ခြင်းဖြစ်ပါသည်။

စစ်အုပ်ချုပ်ရေးအောက်မရောက်ရေး

ထိုကဲ့သို့ ဘက်ပေါင်းစုံမှ နောက်ကျကျန်ရစ် ဆင်းရဲခြင်း နွံထဲတွင်ကျွံနစ်နေသော ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများကို ပိတ်လှောင်မထားဘဲ မြန်မာပြည်အ၀န်း လွတ်လပ်စွာ သွားလာ နေထိုင် လုပ်ကိုင်စားသောက်ခွင့် ပေးမည်ဆိုလျှင်လည်း ရခိုင် မဟုတ်သည့် ကျန်ရှိသည့် တိုင်းရင်းသားများက ကြည်ဖြူစွာ လက်ခံနိုင်ကြပါမည်လား။ ဤသည်လည်း ခေါင်းခဲစရာ ကိစ္စတစ်ခုဖြစ် နေသည်။

ပြောရလျှင်အစိုးရအတွက်တော့ အင်မတန်ကိုင်တွယ်ရ ခက်သည့် ကိစ္စတစ်ခုဖြစ်လာပါလိမ့်မည်။ ယခုအကြိမ်မှာ ပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်မည့် လုပ်ဆောင်မှုများကို မစွမ်းဆောင်နိုင်ခဲ့ပါက နောက်နောင်တွင်လည်း ပဋိပက္ခများ ထပ်မံ ကြုံတွေ့ရမည်ကို ဒေသခံများရော၊ လေ့လာသူများပါ စိုးရိမ်လျက်ရှိကြသည်။

လောလောလတ်လတ်အရေးကြီးဆုံးဟု လေ့လာသူများ ခံယူထားကြသည်က ပဋိပက္ခ နောက်တစ်ကျော့ ထပ်မံမဖြစ်ပေါ် စေရေးပင်ဖြစ်သည်။

အကြောင်းမူ နောက်တစ်ကြိမ် မငြိမ်မသက် ထပ်ဖြစ်ပါက တစ်တိုင်းပြည်လုံး ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ပြီး ရှေ့သို့ သွားနေစဉ်မှာ ရခိုင်ပြည်နယ်ကတော့ စစ်အုပ်ချုပ်ရေး ယ္တရား အောက်သို့ ရောက်ရှိပြီး နောက်ကျကျန်ရစ်ခဲ့မည်ကို စိုးရိမ်ရ သောကြောင့်ပင်ဖြစ်သည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။