Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 13, 2013

ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး

By Ko Kyi Win on Monday, January 14, 2013 at 2:52am ·
(ယခုပတ်ထုတ် Eleven Journal မှာရေးသားထားသောဆောင်းပါးကို ပြန်လည်ဝေမျှပါသည်)

မြန်မာ့နိုင်ငံရေးဖြစ်စဉ်၊ နိုင်ငံရေးခေါင်းဆောင်အများစုနှင့် နိုင်ငံရေးသမား အများစုတို့သည် အလွန်နက်နဲ၊ ရှုပ်ထွေးသည့်အပြင်၊ တခါတရံ အလွန် နားလည်ရခက်သည်ဟုဆိုသော သက်ကြီးဝါကြီးတို့၏ စကားကို ကျွန်တော်တို့ မှတ်သားခဲ့ရသည်။ ယနေ့ခေတ်၊ ကျွန်တော်တို့ လူလတ်ပိုင်း အရွယ်ရောက်သော အချိန်တိုင်အောင် နိုင်ငံရေးဖြစ်စဉ်၊ ခေါင်းဆောင်အများစုနှင့် နိုင်ငံရေးသမား အများစုတို့သည် ရှုပ်ထွေးနေဆဲ၊ နားလည်ရန် ခက်ခဲနေဆဲဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်နေ့၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဆဌမအစည်းအဝေး၊ ပထမနေ့၊ နေ့လည်ပိုင်း အစည်းအဝေး ခေတ္တရပ်နားချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သတင်းမီဒီယာများနှင့် နွေးနွေးထွေးထွေး တွေ့ဆုံစကားပြောရင်း လဘက်ရည်ဝိုင်းဖွဲ့ခဲ့သည်။ အဆိုပါ နွေးထွေးသော လဘက်ရည်ဝိုင်းသည် သတင်းထောက်တစ်ဦး၏ ခရိုနီများနှင့် ပတ်သက်သော မေးခွန်းကြောင့် ပိုမိုသက်ဝင် လှုပ်ရှားလာခဲ့သည်ဟု ဆိုနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလုပ်ရာတွင် အာဃာတကို အခြေခံပြီး၊ လုပ်သည်ကို မကြိုက်ကြောင်း ဦးစွာ ပြောကြားခဲ့သည်။ အကယ်စင်စစ်၊ မကျေနပ်မှု၊ ဖိနှိပ်ခံရမှု၊ မတရားခံရမှု၊ နှိပ်စက်ခံရမှုတို့ကြောင့် အာဃာတဖြစ်ပြီး၊ အာဃာတကြောင့် မသင့်မမြတ် ဖြစ်ကြရသည်။ အာဃာတသည် အကြောင်းမဲ့ ဖြစ်လာခြင်းမဟုတ်။ ထို့ကြောင့် ဖြစ်ရသည့် အကြောင်းများကို ချေဖျက်မှ၊ အာဃာတလည်း ပျောက်မည်ဖြစ်သည်။ လတ်တလော ခရိုနီများကိစ္စကို ကြည့်လျင်၊ မြန်မာနိုင်ငံတွင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူအတော်များများက မည်သူတို့သည် ခရိုနီကြီးများဖြစ်သည်ကို ကောင်းကောင်း သိကြသည်။ ထိုခရိုကြီးများအနေဖြင့်၊ အများပြည်သူအနေဖြင့်၊ အာဃာတ ဖြစ်စေခဲ့ရသော အကြောင်းများကို ဦးစွာ အထုပ်ဖြေ၊ ရှင်းပြခြင်းသည် အကောင်းဆုံး အာဃာတ ဖြေဖျောက်ခြင်းဖြစ်သည်ဟု သုံးသပ်မိသည်။

စကားမစပ်၊ လက်ရှိမြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင်လည်း အာဃာတကို ဘေးဖယ်ထားသည့်မူ၊ လမ်းစဉ်တို့ကို ကိုင်စွဲဆောင်ရွက်မည်ဆိုလျင် ကောင်းလေစွဟု မြည်တွန်တောက်တီးမိသည်။ ပြည်တွင်း နိုင်ငံရေးပါတီများနှင့် ဒီမိုကရက်တစ်အင်အားစုများ အကြားတွင် မျက်နှာချင်းဆိုင် စကားမပြောနိုင်သည်မှာလည်း ထိုအာဃာတကြောင့်ပင် ဖြစ်သည်ဟု ကောက်ချက်ပြုနိုင်သည်။ ပြည်နယ်များ၏ လက်ရှိနိုင်ငံရေး အနေအထားကို ကြည့်လျင်၊ အာဃာတတရားများကို ဘေးဖယ်ထားပြီး၊ အတူလက်တွဲ အလုပ်လုပ်နေကြသည်မှာ အားရစရာဖြစ်သည်။ ပြည်နယ်တစ်ခုအတွင်းရှိ တိုင်းရင်းသားပါတီများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တစ်ပါတီတည်း ပြင်ဆင် ဖွဲ့စည်းနိုင်ရေးတို့အတွက် ဆွေးနွေးမှုများသည် အတိုင်းအတာတစ်ခုအထိ ခရီးပေါက်နေပြီဖြစ်သည်။ သို့သော် တဖက်တွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အခြားနိုင်ငံရေးပါတီများ၊ ဒီမိုကရက်တစ် အဖွဲ့အစည်းများ၊ တိုင်းရင်းသားပါတီများနှင့် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေးအတွက် အလုပ်သဘောဆွေးနွေးမှုများ၊ အစည်းအဝေးများကို ယနေ့အထိ ပုံမှန်ပြုလုပ်နိုင်မှု မရှိခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် နှုတ်ထွက်မိန့်ကြားသည့် အာဃာတမဲ့ မူဝါဒအပေါ် အခြေပြု၊ သုံးသပ် ဆင်ခြင်နိုင်မည်ဆိုလျင် အလွန်ကောင်းလေစွဟု ထပ်မံကောက်ချက်ပြုမိပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ခရိုနီအမျိုးမျိုးရှိကြောင်း၊ ခရိုနီဟုခေါ်ရသည်မှာ န၀တ၊ နအဖခေတ်တွင် ချမ်းသာလာကြသူများကို ခေါ်ခြင်းဖြစ်ကြောင်း၊ ခရိုနီများ ချမ်းသာလာကြပုံများသည် မတူညီကြကြောင်း၊ ချမ်းသာပုံ ချမ်းသားနည်းတွင် မတရားမှုများ ပါ၊ မပါကို စိစစ်ရမှာဖြစ်ကြောင်း၊ မည်သူဖြစ်ဖြစ် ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့သည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ကြေညာမောင်းခတ်ခဲ့သည်။ ခရိုနီကြီးတို့ ခုန်ပေါက် ပျော်မြူးကြသည့်အချိန်တွင် ပြည်သူလူထုကြီးက ဆင်းရဲတွင်း နက်နေဆဲဖြစ်သည်။ ပြည်သူလူထုကို ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့ရာတွင် အဓိကနေရာမှ ပါခဲ့သည့် ခရိုနီများကို သက်သေအထောက်အထား မရှိသဖြင့် အပြစ်မှ ကွင်းလုံးကျွတ် လွတ်စေဟု တစ်ချက်လွှတ် အမိန့်ချလိုက်ခြင်းပင် ဖြစ်သည်။ အကယ်စင်စစ်၊ မြန်မာပြည် တနံတလျားမှ ပြည်သူလူထု အများစုကြီးသည် အာဏာပိုင်များနှင့် လက်ဝါးချင်းရိုက်ပြီး၊ မတရား ချမ်းသာကြွယ်ဝလာသော ခရိုနီများအကြောင်းကို ဘ၀နှင့်ရင်း၊ တွေ့ကြုံခဲ့ရ၊ တွေ့ကြုံနေရသဖြင့် ဒေါ်အောင်ဆန်းစုကြည်ထက် များစွာ နားလည် သဘောပေါက်ပြီးဖြစ်သည်ဟု သုံးသပ်နိုင်သည်။ အပြစ်ရှာမရအောင် လုပ်နိုင်သည့် အခြေအနေများ၊ ပံ့ပိုးမည့်သူများ၊ အင်နှင့်အားနှင့် ရှိနေချိန်တွင် ဘယ်ခရိုနီကြီးကို ပြစ်မှုထင်ရှားကြောင်း ပြနိုင်ပါမည်နည်း။ အခြေအနေအရ၊ ပြစ်မှုထင်ရှားအောင် မပြနိုင်လင့်ကစား၊ အများပြည်သူ၏ နှလုံးသားတွင် မည်သူတို့သည် ခရိုနီကြီးများ ဖြစ်သည်ကို သံမှိုဆွဲထားပြီးဖြစ်သည်။

ပြစ်မှုကျူးလွန်သူများသည် ကိုယ့်ကိုယ်ကို ပြုပြင်ပိုင်ခွင့်ရှိသည်ကို လက်ခံသော်လည်း၊ တရားဥပဒေကြောင်းအရ ထိုက်သင့်သော ပြစ်ဒဏ်ကို ခံယူရင်း၊ ပြုပြင်ခွင့် ပေးရမည်ဖြစ်ပြီး၊ ပြန်လည်ထူထောင်ရေးကိုလည်း နှလုံးသွင်းရမည်ဖြစ်သည်။ သို့သော် မိမိ၏နှုတ်ထွက်စကားသည် ခရိုနီများဖက်မှ မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း၊ ရပ်တည်သည့်သဘော သက်ရောက်သွားမည်ကို သတိထားဆင်ခြင်သင့်သည်ဟု အကျိုးမျော် နှိုးဆော်လိုပါသည်။
လက်ရှိ ခရိုနီရှင်းတမ်း၏ အဓိကဇစ်မြစ်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အခါလည်အံ့ဆဲဆဲအချိန်တွင် ကမ္ဘာသိ၊ နိုင်ငံသိ ခရိုနီကြီးများနှင့် လက်ချင်းချိတ်ပြီး၊ ပြည်သူလူထုရှေ့ ထွက်ရပ်ပြခြင်းကို ထောက်ခံသူများ၊ စိတ်ဝင်စားသူများနှင့် အများပြည်သူတို့က စိတ်မကောင်းဖြစ်ခြင်း၊ နားမလည်နိုင်ခြင်းပင် ဖြစ်သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ခရိုနီများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပတ်သက်သော တိကျပြတ်သားသည့် မူဝါဒတစ်ရပ် ချမှတ်ထားမှု မရှိခြင်းကိုလည်း အထင်းသား လှစ်ပြလိုက်ခြင်းပင် ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး၊ ပညာရေးကွန်ယက်သည် ပါတီ၏ ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ခု ဖြစ်သည်။ နိုင်ငံရေးပါတီသည် မူဝါဒ၊ လမ်းစဉ်၊ သဘောထားတို့နှင့် ရပ်တည်ရသည့်အလျောက်၊ ပညာရေးကွန်ယက်သည်လည်း ပါတီ၏ မူဝါဒ၊ လမ်းစဉ်အောက်တွင်သာ အလုပ်လုပ်ရမည်ဖြစ်သည်။ ထိုအခြေအနေတွင် ပြည်သူလူထုက လေးစားအားကိုးသော ပါတီကြီးသည် ခရိုနီကြီးများထံ လက်ဝါးဖြန့်ခဲ့သည်ကို ကြားသိရသောအခါ အများသူငါတို့သည် ရင်ထုမနာ ဖြစ်ကြရသည်။ သူတို့မှလွဲ၍ လှူနိုင်တန်းနိုင်သူ မရှိတော့ပြီလားဟုလည်း ဂရုဏာပွားခဲ့ကြသည်။

ခရိုနီများကို ဘေးဖယ်ထားရမည်၊ ကျဉ်ထားရမည်၊ လူရာမသွင်းဘဲ ထားရမည်ဟု ဆော်သြနေကြခြင်း မဟုတ်ပါ။ စီးပွားရေးလုပ်ငန်းရှင်တိုင်းသည် ခရိုနီမဟုတ်သော်လည်း၊ ခရိုနီတိုင်းသည် စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင် အများစုသည်လည်း ခရိုနီကြီးများကို မနှစ်မြို့ကြပါ။ လွန်ခဲ့သောကာလများက စီးပွားရေးလုပ်ငန်းရှင်များသည် ခရိုနီကြီးများကို အကျောပေးပြိုင်ခဲ့ရသဖြင့်မကျေနပ်ခဲ့ကြပါ။ သို့သော် ခရိုနီ အကြီး၊ အလတ်၊ အငယ်တို့သည် တိုင်းပြည်စီးပွားရေး ထူထောင်ရာတွင်လည်းကောင်း၊ ဆင်းရဲမွဲတေမှု လျော့ချရာတွင်လည်းကောင်း၊ အထောက်အကူ ပြုနိုင်သည်ကို နားလည်ကြပါသည်။ ခရိုနီများကိုယ်တိုင် အသိစိတ်ဓာတ်ရှိရှိ ပြည်သူလူထုအတွက် ထိထိရောက်ရောက် လုပ်လာပြီဆိုပါက၊ လက်ခုပ်တီး ချီးကျူးမည့်သူများလည်း ဒုနှင့်ဒေး ရှိနေပါသည်။ သို့သော် ခရိုနီကြီးအများစုသည် မယောင်ရာဆီလူးတတ်၊ အကျိုးမျော် ညောင်ရေလောင်းတတ်သော စရိုက်ကို ယနေ့အထိ မပြင်နိုင်သေးသည်က ခက်နေခြင်းဖြစ်ပါသည်။ စေတနာအကျိုးမျော် နှိုးဆောင်ရလျင်၊ ခရိုနီကြီးများ အနေဖြင့်၊ ပြည်သူလူထု ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် စနစ်တကျ၊ လုပ်နိုင်၊ ကိုင်နိုင်၊ လှူနိုင်၊ တန်းနိုင်သည့် နေရာများ မြန်မာနိုင်ငံတွင် အများအပြား ရှိနေပါသည်။ သို့သော် ပါတီကြီးတစ်ခု၏ ပညာရေးကွန်ယက်၊ ရန်ပုံငွေပွဲတွင် စပွန်ဆာပေးခြင်းကြောင့် ပြန်ရသည့် ဂုဏ်သိက္ခာ အမြတ်အစွန်းနှင့် နှိုင်းယှဉ်လျင် ကွာခြားနိုင်သည်မှာ ချွင်းချက်ဖြစ်သည်။

ခရိုနီကြီးများ၏ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုကို ကန့်သတ်ပိတ်ပင်ခြင်းမဟုတ်။ ပေါ်ပြူလာမဆန်၊ ပေါ်ပင်မဟုတ်၊ လက်တွေ့မျက်တွေ့လှူဒါန်းမှုမျိုးနှင့် ပြည်သူကို လက်တွေ့အကျိုးပြုခြင်းသည် အကောင်းဆုံး ဂုဏ်သိက္ခာ အဖတ်ဆည်ခြင်းဖြစ်ကြောင်း လမ်းပြနေခြင်းသာဖြစ်သည်။ လက်တွေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ လုပ်နည်းလုပ်ဟန်၊ နည်းဗျူဟာပိုင်းကို ဆွေးနွေးခြင်းသာဖြစ်သည်။ တိုင်းပြည် ပြန်လည်ထူထောင်ရေးတွင် အားလုံးပါဝင်ဖို့ လိုသည်ကို လက်ခံသော်လည်း၊ လူထုကိုယ်စားပြု နိုင်ငံရေးပါတီများ အနေဖြင့်၊ လူထုအမြင်မကြည်သော ခရိုနီကြီးများနှင့် ဆက်ဆံရေးအပိုင်းတွင် သီးခြားမူဝါဒ၊ သီးခြားဗျူဟာ ချမှတ်ထားရန် လိုအပ်ခြင်းကို ထောက်ပြခြင်းဖြစ်သည်။ ရင့်ကျက်၊ ပြည့်ဝသော နိုင်ငံရေးစနစ်တစ်ခုကို ဦးတည်မည်ဆိုပါက၊ အဆိုပါနိုင်ငံရေးစနစ်တွင် အဓိက ပါဝင်နေသည့် နိုင်ငံရေးပါတီများ၏ မူဝါဒ၊ လမ်းစဉ်၊ သဘောထားများ မည်မျှ ခိုင်မာသည်နှင့်သာ တိုင်းတာရမည်ဖြစ်သည်။
ပြည်သူလူထုကို ကိုယ်စားပြုသော၊ ကိုယ်စားပြုလိုသော အစိုးရများ၊ နိုင်ငံရေးပါတီများသည် လူထုက ငြိုငြင်သော ခရိုနီကြီးများနှင့် ဆက်ဆံရာတွင် တိကျပြတ်သားသော မူဝါဒ၊ လမ်းစဉ်ချမှတ်ထားရန် အလွန်အရေးကြီးသည်။ စည်းကမ်းတကျ၊ မူဘောင်ထဲမှ ခရိုနီကြီးများ၏ ပါဝင်ခွင့်ကို သတ်မှတ်ရမည်ဖြစ်သည်။ ခရိုနီများသည် ကိုယ့်အကျိုး၊ ကိုယ့်ဆွေမျိုးနှင့် မိသားစုအကျိုး၊ ကိုယ့်ဆရာသမား အကျိုးများကိုသာ ရှေ့တန်းတင်ပြီး၊ နိုင်ငံနှင့် ပြည်သူအကျိုးကို လစ်လျူရှု၊ အလေးမထားခဲ့သည့် နှစ်နှစ်ဆယ်ကျော် မှတ်တမ်းများအရ၊ ခရိုနီများအပေါ် အယုံမလွယ်ပဲ၊ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သတိနှင့် ထိတွေ့ဆက်ဆံဖို့ အကြံပြုခြင်း သက်သက်သာဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ပြဿနာများကို ဖြေရှင်းရာတွင် ဆေးမြီးတိုကို အသုံးပြု၍ မဖြစ်နိုင်သကဲ့သို့၊ လတ်တလောဝေဒနာ သက်သာရုံကုသ၍လည်း မဖြစ်နိုင်ပါ။ အနာရှိလျင် ဆေးရှိမည်သာ။ ထို့ကြောင့် ခရိုနီအရင်းရှင်စနစ်ကို စနစ်တကျ ချဉ်းကပ်ပြီး၊ အမြစ်ပြတ်ပျောက်အောင် ကုသဖို့ တိုက်တွန်းခြင်းသာ ဖြစ်ပါသည်။ ထိုသို့ ပုံဖော်နိုင်ရန် မဟာဗျူဟာ၊ နည်းဗျူဟာများ စနစ်တကျ ရေးဆွဲချမှတ် အကောင်အထည် ဖော်ရမည်ဖြစ်သည်။
တဖက်ကလည်း၊ အစိုးရများ၊ နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ခရိုနီများနှင့် ဆက်ဆံရေးအပိုင်းတွင် ယခုထက် ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်။ ပွင့်လင်းမြင်သာမှု အားနည်းခဲ့သည့်အတွက် လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလမှာ တိုင်းပြည်သည် ခရိုနီများအတွက် လိုတရသေတ္တာကြီး ဖြစ်ခဲ့ရသည်။ ပွင့်လင်မြင်သာမှု နည်းခြင်းသည် ခရိုနီများအတွက် အခွင့်အလမ်းကောင်းဖြစ်ခဲ့သည်။

''လူများတွေ ဒုက္ခရောက်နေချိန်မှာ ချမ်းသာနေတာ ရှက်စရာကောင်းတယ်'' ဟု တချိန်က အမည်မသိ၊ အမည်သိသလိုလို၊ မသိသလိုလို ခေါင်းဆောင်ကြီးတစ်ဦးက မိန့်ဖူးပါသည်။ ယနေ့ခေတ်တွင် အဆိုပါစကားကို ပြောင်းပြန် လုပ်ပစ်ရတော့မည်ထင်သည်။ လူများတွေ ဒုက္ခရောက်နေချိန် မှာ ချမ်းသာနေတာ ဂုဏ်ယူစရာပါဟု ပြောင်းပစ်ရမည်ထင်သည်။ အဆိုပါ ချမ်းသာကြွယ်ဝမှုများကို ကျစ်ကျစ်လစ်လစ်၊ မယိုမဖိတ်သိမ်းထားပြီး၊ ခေတ်စနစ်ပြောင်းသည့် အချိန်တွင် လူထုထောက်ခံမှု အများဆုံးခေါင်းဆောင်နှင့် နိုင်ငံရေးပါတီကို ပြည်သူလူထုဘန်းပြ၊ လှူဒါန်းမှုပြုလိုက်ရုံဖြင့်၊ ရှက်စရာမဟုတ်၊ ဂုဏ်ယူစရာ၊ အတုယူစရာ၊ ကြီးကျယ်ခန်းနားသော အရာ ဖြစ်သွားနိုင်ပါသည်ဟု ပြန်ပြောင်း မိန့်ကြားရမလို ဖြစ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူလူထုကို စက်မှုတော်လှန်ရေးဆီ ပြန်ခေါ်သွားပြီး၊ အမေရိကန်ပြည်ထောင်စုမှာလည်း လွန်ခဲ့သော နှစ် နှစ်ရာကျော်က ယနေ့ မြန်မာနိုင်ငံမှာကဲ့သို့ ခရိုနီကြီးများ ကြီးစိုးခဲ့သော်လည်း ယနေ့ကမ္ဘာတွင် နံပါတ်တစ် ဒီမိုကရေစီနိုင်ငံ ဖြစ်နေသည်ကို စံနမူနာယူလျက်၊ မြန်မာ့ခရိုနီကြီးများအပေါ် နားလည်မှုပေးကြပါဟု လော်ဘီလုပ်ပေးနေသယောင် ခံစားမိလိုက်ကြရပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ခရိုနီဟု အခေါ်ခံရသူများက အန်အယ်လ်ဒီနှင့် အခြားလူမှုရေးလုပ်ငန်းများကို ပံ့ပိုးသည်ဆိုပါက၊ ပံ့ပိုးစေသင့်ကြောင်း၊ အဆိုပါငွေများကို အခြားနေရာတွင် အလာဟာသဖြစ်အောင် သုံးမည့်အစား၊ ပံ့ပိုးသင့်သောနေရာတွင် သုံးခြင်းသည် အလွန်ကောင်းကြောင်း၊ အန်အယ်လ်ဒီကို ချဉ်းကပ်လာသည်လား၊ အခြားအဖွဲ့ကို ချဉ်းကပ်သည်လားကို မကြည့်လိုကြောင်း၊ ဘယ်ကိုထောက်ပံ့သည်၊ ဘာလုပ်သည်၊ ပြည်သူကို အကျိုးပြုမည်၊ ဒီမိုကရေစီအပြောင်းအလဲကို အကျိုးပြုမည်၊ လိုအပ်နေသော ကျန်းမာရေး၊ ပညာရေးကိစ္စများကို အကျိုးပြုမည်ဆိုလျင် ကြိုဆိုရမည့် ကိစ္စဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။ သို့သော် သွားသတိ၊ လာသတိ၊ စားသတိ၊ ပြောသတိ၊ တွေးသတိ၊ အစစအရာ ရာသတိရှိခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ထပ်လောင်း အကြံပြုလိုသည်။ စကားနောက် တရားပါ။ ကြမ်းကျွံလျင်နှုတ်ရ၊ စကားကျွံလျင်နှုတ်မရ။ စသည် စသည်တို့သည် ဆင်ခြင်ရဦးမည့် အကိုးအကားများဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော်၊ မြန်မာ့နိုင်ငံရေး ဇာတ်ပေါင်းခန်းသည် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအလွန်တွင် ပုံပေါ်လာမည်လားဟု မှန်းဆထားမိသည်။ အဆိုပါ ဇာတ်ပေါင်းခန်းတွင် မြန်မာ့ခရိုနီကြီးများသည် ခရိုနီငိုချင်းကို ကြူးရင့်ပြီးသကာလ၊ ခရိုနီနှစ်ပါးသွားကို နိုင်ငံရေးခေါင်းဆောင်ကြီးများနှင့် တွဲကကြမည်လားဟု စိုးထင့်နေမိသည်။ သေချာသည်ကတော့၊ ၂၀၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေး ဇာတ်ပေါင်းခန်းအတွက် ခရိုနီကြီးများက အကြီးအကျယ် စပွန်ဆာပေးကာ၊ နိုင်ငံရေး ခေါင်းဆောင်ကြီးများနှင့် လက်ချင်းချိတ်လျက်၊ အောင်ပွဲခံနေမည့် အချိန်တွင် မြန်မာပြည်သူလူထု အများစုကြီးကတော့၊ တစ်နေ့ရှင်သန်ဖို့အတွက် တစ်နေ့လုပ်စာကို ချွေးတဒီးဒီးကျ၊ ခက်ခက်ခဲခဲရှာဖွေလျက်၊ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မည့်ဘ၀တွင် ရေတိမ်နစ်နေဆဲ ဖြစ်နေဦးမည်မှာ မလွဲနိုင်သော တရားပင်ဖြစ်သည်။

(ဒေါက်တာ ရန်မျိုးသိန်း)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။