Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 13, 2013

လိပ်ပြာ၏ ပိုက်ဆံအိတ်ထဲမှ နှုတ်ဆက်စာ

လိပ်ပြာ၏ ပိုက်ဆံအိတ်ထဲမှ နှုတ်ဆက်စာ


မှတ်မှတ်ရရအဲဒီနေ့က တော်တော်အေးသည်။ နေ့လယ်ရောက်နေသည့်တိုင် အနွေးထည် ၀တ်ပြီး လမ်းလျှောက်ထွက်ရင်း အမျိုးသားကိုင် ပိုက်ဆံအိတ်တစ်လုံးကို ကျွန်တော် ကောက်ရ ခဲ့သည်။ ပိုက်ဆံအိတ်ထဲတွင် တွေ့ရသည့် ပစ္စည်းများမှာ များများစားစား မရှိပါ။ တစ်ထောင် တန် ငွေစက္ကူ သုံးရွက်နှင့် နှစ်ပေါင်းများစွာ ကြာမြင့်နေဟန်တူသော ခေါက်ရိုးကျိုးပြီး ဟောင်းနွမ်းနေသည့်... စာတစ်စောင်သာ ဖြစ်ပါသည်။

စာထည့်ထားသည့် စာအိတ်သည် အလောတကြီး စုတ်ဖြဲခံခဲ့ရပုံပေါ်သည်။ ခါးလယ်မှ ဖြဲထားပြီး ပေးပို့သူ၏ လိပ်စာပါဝင်သော တစ်ခြမ်းသာပါသည်။ လက်ခံမည့်သူ၏ အမည်၊ လိပ်စာများပါသည့် တစ်ခြမ်းသည် မရှိတော့ပါ။ စာအိတ်ပြဲထဲမှ စာခေါက်လေးကို ထုတ်ပြီး ကျွန်တော် ဖတ်ကြည့်သည်။ ၁၉၄၇ ခုနှစ်က ရေးသားထားခဲ့သော စာဖြစ်သည်။ နှစ်ပေါင်း (၆၀)ခန့် ကြာမြင့်နေပြီဖြစ်သည်။ ပိုက်ဆံအိတ်ပိုင်ရှင်၏ အမည်၊ နေရပ်လိပ်စာများ သိရှိနိုင်ရန် အတွက် သဲလွန်စ ရလိုရငြား စာကို အသေးစိတ် ဂရုတစိုက် ဖတ်ကြည့်လိုက်သည်။
စာသည် ချစ်သူနှစ်ဦး နှုတ်ဆက်လမ်းခွဲစာ ဖြစ်သည်။ စာရေးသူသည် ခံစားချက်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားပြီး ၀မ်းနည်းစွာ ရေးခဲ့ပုံပေါ်သည်။ စာလက်ခံမည့်သူကို ကိုကျော်စွာဟု ခေါ်သည်။ ကိုကျော်စွာအား အလွန်ချစ်မြတ်နိုးကြောင်း သို့သော် သူမ၏ မိခင်သည် ကိုကျော်စွာနှင့် အဆက်အသွယ် ဖြတ်ခိုင်းကြောင်း၊ ကိုကျော်စွာနှင့် မတွေ့ရတော့ပေမယ့် ကိုကျော်စွာအား တစ်သက်လုံး မေတ္တာမပျက် ချစ်မြတ်နိုးသွားမည်ဖြစ်ကြောင်း ရေးသားထားပြီး မသီတာဟု လက်မှတ်ထိုးထားသည်။
ရေးထားသော စာသည် လွမ်းမောဖွယ် ကောင်းသော စာတစ်စောင်ဖြစ်ပါသည်။ စာထဲတွင် ကျွန်တော် သိလိုသည့် ပိုက်ဆံအိတ်ပိုင်ရှင်နှင့် ပတ်သက်၍မူ ကိုကျော်စွာဟူ သော သဲလွန်စမှလွဲ၍ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ စသည်တို့ တစ်ခုမှ မပါ။ ထို့ကြောင့် ကျွန်တော်သည် အော်ပရေတာသို့ ဖုန်းဆက်ကာ ပိုက်ဆံအိတ်ပိုင်ရှင်အား စတင်စုံစမ်းပါ တော့သည်။
““ညီမရေ။ အစ်ကို သိချင်တာက နည်းနည်း တော့ ထူးဆန်းနေလိမ့်မယ်။ အစ်ကိုက ကောက် ရထားတဲ့ ပိုက်ဆံအိတ်ပိုင်ရှင်ကို ရှာနေတာပါ။ ပိုက်ဆံအိတ်ထဲမှာ စာတစ်စောင်ပါတယ်။ စာ ပေါ်မှာ စာပို့သူရဲ့ လိပ်စာပါတယ်။ အဲဒီလိပ်စာရဲ့ ဖုန်းနံပါတ်ကို သိနိုင်မယ့်နည်းလမ်းများ ညီမ မြင် မိလား””
အော်ပရေတာ ညီမငယ်သည် သူမ၏ အထက်လူကြီးနှင့် ဆက်သွယ်ပေးပါသည်။ အထက်လူကြီးက စိတ်ရှည်၍ စည်းကမ်းကြီးပုံ ပေါ်ပါသည်။ သူ့တွင် အဆိုပါလိပ်စာ၏ ဖုန်းနံပါတ် ရှိပါသည်။ သို့သော် ကျွန်တော့်အား ၎င်းင်းနံပါတ်ကို ချက်ချင်း မပေးနိုင်ပါ။ ၎င်းင်းဖုန်းနံပါတ်ကို သူ ကိုယ်တိုင် ဖုန်းဆက်ကာ အကျိုးအကြောင်း ရှင်းပြ ပါမည်။ ဖုန်းပိုင်ရှင်က ကျွန်တော်နှင့် လက်ခံ စကားပြောမည်ဟု ခွင့်ပြုချက်ပေးမှသာ ကျွန်တော့် အား ဖုန်းနံပါတ်ပေးမည်ဟု ယဉ်ယဉ်ကျေးကျေး ရှင်းပြပါသည်။ ကျွန်တော် သုံးမိနစ်ခန့်ပဲ စောင့် လိုက်ရသည်။ အော်ပရေတာလေး၏ အသံကို ပြန်ကြားရသည်။
““ဖုန်းပိုင်ရှင်အမျိုးသမီးက အစ်ကိုနဲ့ လက်ခံ စကားပြောပါမယ်တဲ့။ ဖုန်းလိုင်းကို ကျွန်မ လွှဲပေးပါ့မယ်””
အမျိုးသမီး၏ အသံကို ကြားရသောအခါ
““မသီတာကို သိပါသလား””ဟု ကျွန်တော် မေးကြည့်ပါသည်။
““အို သိတာပေါ့။ ကျွန်မတို့ ဒီအိမ်ကို မသီတာတို့ မိသားစုဆီက ၀ယ်ခဲ့တာလေ””
““ဒါဆို မသီတာတို့မိသားစု အခုဘယ်မှာ နေတယ်ဆိုတာကို သိပါသလား ခင်ဗျာ”” ဟု ကျွန်တော် မေးလိုက်သည်။
““လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ထင် တယ်။ အင်း ...အဲဒီလောက် မကတော့ဘူး။ အဲဒီတုန်းက မသီတာ သူ့အမေကို ဘိုးဘွားရိပ်သာ ကို ပို့လိုက်ရတယ်လို့ ပြောတယ်။ အဲဒီ ဘိုးဘွား ရိပ်သာကို သွားကြည့်လိုက်ပါလား။ မသီတာကို သူတို့ လမ်းညွှန်ပေးနိုင်မယ် ထင်တယ်””
အမျိုးသမီးသည် ကျွန်တော့်အား ဘိုးဘွား ရိပ်သာ၏ အမည်ကို ပြောပြပါသည်။ ၎င်းဘိုးဘွားရိပ်သာသို့ ကျွန်တော် ဖုန်းဆက်ကြည့် သောအခါ မသီတာ၏ မိခင်သည် ဆုံးသွားပြီဖြစ် ကြောင်း၊ မသီတာကို ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ် တစ်ခုရှိကြောင်းပြောပြီး ကျွန်တော့်အား ဖုန်းနံပါတ်ပေးပါသည်။ ကျွန်တော် ချက်ချင်း ဖုန်း ဆက်လိုက်ပါသည်။ တစ်ဖက်မှ အမျိုးသမီးကြီး တစ်ဦး ဖုန်းကိုင်ကာ မသီတာကိုယ်တိုင် အခု ဘိုးဘွားရိပ်သာတစ်ခုသို့ ရောက်ရှိပြီး နေ,နေရ ကြောင်း ပြောပါသည်။ ကျွန်တော့်အား ဘိုးဘွား ရိပ်သာ၏ အမည်ကို ပြောပြပါသည်။ ကျွန်တော် လည်း ၎င်းဖုန်းနံပါတ်ကို ဆက်သွယ်လိုက်ပါ သည်ဟု အမျိုးသားတစ်ဦးက ဖြေပါသည်။
““ဟုတ်ကဲ့ပါ။ ဒေါ်သီတာ ကျွန်တော်တို့ ဘိုးဘွားရိပ်သာမှာ ရှိပါတယ်ခင်ဗျာ””
ကျွန်တော် သူမကို လာရောက်တွေ့ဆုံ၍ ရ/မရ မေးကြည့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယခု ည (၉)နာရီ ထိုးတော့မည်ဖြစ်သည်။ တာဝန်ခံက လာရောက်တွေ့ဆုံကြည့်ပါ။ သို့သော် ကျွန်တော်ရောက်သည့်အချိန်တွင် ဒေါ်သီတာ အိပ်မောကျနေပါက မနက်ဖြန်မှ တစ်ခေါက် ထပ်လာတွေ့ပါ။ ယခုအထိတော့ ရုပ်မြင်သံကြား ကြည့်နေလျက်ရှိသည်ဟု ဆိုပါသည်။ တာဝန်ခံ နှင့် ညစောင့်ဝန်ထမ်းသည် ကျွန်တော့်အား ဘိုးဘွားရိပ်သာအ၀တွင် စောင့်ကြိုနေကြပါသည်။ ထို့နောက် တတိယထပ်သို့ လိုက်လံပို့ဆောင် ပေးကြပါသည်။ သူနာပြုဆရာမက ဒေါ်သီတာ သည် မအိပ်သေးဘဲ ရုပ်မြင်သံကြား ကြည့်နေ သည်ဟု ဆိုပါသည်။
ကျွန်တော်တို့ ရုပ်မြင်သံကြား ကြည့်ရှုသည့် အခန်းထဲသို့ ၀င်ရောက်ကာ ဒေါ်သီတာအား မိတ်ဆက်ပါသည်။ ဒေါ်သီတာသည် ငွေရောင် သန်းနေသော ဆံပင်များရှိပြီး အမူအရာမှာ နှစ်လို ဖွယ် ကောင်းပါသည်။ နွေးထွေးပျူငှာသော အပြုံး၊ ရင်းနှီးကျွမ်းဝင်သော မျက်လုံးတို့ဖြင့် လက်ခံစကား ပြောပါသည်။ ကျွန်တော်သည် သူမအား ကျွန်တော်ကောက်ရသော ပိုက်ဆံအိတ်အကြောင်း ပြောပြပြီး စာကို ထုတ်ပြလိုက်ပါသည်။ စာကိုမြင်လိုက်ရသည့် အချိန်တွင် ဒေါ်သီတာသည် သက်ပြင်းရှည် တစ်ချက်ချလိုက် ပြီး ..
““သား အဲဒီစာက ကိုကျော်စွာနဲ့ အမေကြီး နောက်ဆုံး အဆက်အသွယ် လုပ်ခဲ့တဲ့စာပဲ””ဟု ပြောသည်။
သူမသည် ပြတင်းပေါက်မှတစ်ဆင့် မှောင် နေသော အပြင်ဘက်သို့ ရီဝေစွာကြည့်ရင်း တစ်ယောက်တည်း ရေရွတ်နေသလိုမျိုး ဆက် ပြောပါသည်။
““အမေ ကိုကျော်စွာကို အရမ်းချစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက အမေကြီး အသက်က (၁၆)နှစ်ပဲ ရှိသေးတယ်။ အမေကြီးရဲ့ အမေက အရမ်းငယ်သေးတယ်ဆိုပြီး တားခဲ့တယ်။ ကိုကျော်စွာက အရမ်းချောတယ်။ ရုပ်ရှင်မင်းသား ၀င်းဦးကို သိတယ်မှတ်လား။ သူ့လိုရုပ်မျိုးပဲ””
ကျွန်တော်တို့ နှစ်ယောက်လုံး ရယ်လိုက် ကြပါသည်။ ဘိုးဘွားရိပ်သာ တာဝန်ခံနှင့် ညစောင့် သည် ကျွန်တော်တို့ နှစ်ယောက်အား ထားခဲ့ပြီး ထွက်သွားပါသည်။ ဒေါ်သီတာက စကားဆက်ပါ သည်။
““ကိုဝဏ္ဏကျော်စွာလို့ ခေါ်တယ်။ သူ့နာမည် အပြည့်အစုံက။ တကယ်လို့ သူ့ကို ရှာတွေ့ခဲ့ရင် အမေကြီးသူ့ကို အမြဲသတိရနေတယ်ဆိုတာ ပြော ပြလိုက်ပါ။ ပြီးတော့ အမေကြီး အခုထိ အိမ်ထောင်မပြုခဲ့ပါဘူးလို့ ပြောလိုက်ပါကွယ်””
ဒေါ်သီတာက ပြုံး၍ပြောနေသော်လည်း သူမ၏ မျက်ဝန်းအိမ်မှ မျက်ရည်များ ကျလာ ပါသည်။
““အမေကြီး သိနေတယ်။ ကိုကျော်စွာ့ အပေါ် အမေကြီးလောက် မေတ်္တာရှိတဲ့သူ နောက်ထပ်ရှိမှာ မဟုတ်ဘူး””
ကျွန်တော်သည် ဒေါ်သီတာအား ကျေးဇူး တင်ကြောင်းပြောပြီး နှုတ်ဆက်ကာ မြေညီထပ်သို့ ဆင်းလာခဲ့ပါသည်။ အဆောက်အဦ တံခါးဝသို့ ရောက်သောအခါ ညစောင့်က
““အစ်ကို သိချင်တာကို ဒေါ်သီတာဆီက သိခဲ့လား””ဟု မေး၏။
““အင်း..နာမည် အပြည့်အစုံပဲ သိခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် ရှာဖြစ်တော့မယ် မထင်ဘူး။ ကျွန်တော် ဒီပိုက်ဆံအိတ်ပိုင်ရှင် လိုက်ရှာလိုက်တာ ဒီနေ့တစ်နေကုန်သွားပြီ””
ကျွန်တော်က ညစောင့်ကို ပြန်ပြောရင်း သားရေခေါက် လက်ကိုင်အိတ် အညိုရောင်လေး ကို ပြမိလိုက်သည်။ ညစောင့်သည် ပိုက်ဆံအိတ် ကို မြင်သောအခါ
““နေဦး ကျွန်တော် အဲဒီပိုက်ဆံအိတ်ကို တစ်နေရာမှာ ကောင်းကောင်း မြင်ဖူးပါတယ်။ ဘယ်မှာပါလိမ့်။ သြော် မှတ်မိပြီ။ အဲဒါ ဦးဝဏ္ဏရဲ့ ပိုက်ဆံအိတ်။ သူအဲဒါကို ခဏခဏ ကျပျောက် တတ်တယ်””ဟု ပြော၏။
““ဦးဝဏ္ဏဆိုတာ ဘယ်သူလဲ””
““ဦးဝဏ္ဏဆိုတာ ဘိုးဘွားရိပ်သာ ရောက် လာတဲ့ အဘကြီးတစ်ယောက်ပဲ။ ပထမထပ်မှာ နေတယ်။ ဒီပိုက်ဆံအိတ်က ဦးဝဏ္ဏအိတ်ဆိုတာ သေချာတယ်။ တစ်ခါတလေ သူက အပြင်ထွက် ပြီး လမ်းလျှောက်တတ်တယ်။ လမ်းလျှောက် ထွက်ရင်း ပြုတ်ကျကျန်ခဲ့တာ ဖြစ်မယ်””
ကျွန်တော်က ညစောင့်ကို ကျေးဇူးတင် ကြောင်းပြောကာ တာဝန်ခံရှိသော ရုံးခန်းသို့ ပြန် ပြေးလာပြီး ညစောင့်ပြောတာတွေကို ရှင်းပြလိုက် သည်။ တာဝန်ခံက ဦးဝဏ္ဏနေသော ပထမထပ်ရှိ အခန်းကို လိုက်ပြသည်။ ဦးဝဏ္ဏ မအိပ်ပါစေနဲ့ဦး ဟု ကျွန်တော် ဆုတောင်းနေမိသည်။
ပထမထပ်သို့ ရောက်သောအခါ သူနာပြု ဆရာမမှ
““ဦးဝဏ္ဏ မအိပ်သေးဘူး ထင်တယ်။ ရုပ်မြင် သံကြားခန်းကို သွားကြည့်လိုက်ပါ။ သူက ည ဘက်ဆို အဲဒီအခန်းထဲမှာ စာဖတ်နေတတ် တယ်”” ဟု လမ်းညွှန်သည်။
ကျွန်တော်တို့သည် မီးထွန်းထားသည့် တစ်ခန်းထဲသော အခန်းသို့ လျှောက်လာခဲ့သည်။ အခန်းထဲတွင် လူတစ်ယောက်ထိုင်ကာ စာဖတ် နေသည်။ တာဝန်ခံက ထိုသူအား ပိုက်ဆံအိတ် ပျောက်ပါသလားဟု မေးသည်။
ဦးဝဏ္ဏသည် ကျွန်တော်တို့အား မော့ ကြည့်ပြီး သူ၏ အိတ်ဆောင်ပိုက်ဆံအိတ်ကို စမ်း ကြည့်သည်။ ထို့နောက် ..
““ဟုတ်တယ်ဟေ့။ ပျောက်သွားပြန်ပြီကွ”” ဟု ဆို၏။
ကျွန်တော့်လက်ထဲမှ ပိုက်ဆံအိတ်ကို မြင် သောအခါ စိတ်သက်သာသွားဟန်ဖြင့် ပြုံးလိုက်ပြီး
““ဟုတ်တယ် အဲဒါပဲ။ နေ့လယ်က လမ်း လျှောက်ထွက်ရင်း ကျကျန်ခဲ့တာ ဖြစ်မယ်။ ငါ မင်းကို ဆုချချင်တယ်””ဟု ပြောသည်။
““ဆုချစရာ မလိုပါဘူး ဦး။ ရပါတယ်ခင်ဗျာ။ ဒါပေမယ့် ကျွန်တော် အဘကို ပြောပြစရာ တစ်ခု ရှိပါတယ်။ ပိုက်ဆံအိတ်ပိုင်ရှင် ဘယ်သူလဲဆိုတာ သိလိုသိငြားဆိုပြီး ပိုက်ဆံအိတ်ထဲက စာကို ကျွန်တော် ဖောက်ဖတ်မိခဲ့ပါတယ်””
အဘကြီး၏ မျက်နှာပေါ်မှာ အပြုံးသည် ပြန်လည် ပျောက်ကွယ်သွားပါသည်။
““မင်း ဒီစာကို ဖတ်ခဲ့တယ်လား””
““ကျွန်တော် ဒီစာကို ဖတ်ခဲ့ရုံတင်မကဘူး။ ဒေါ်သီတာ ဘယ်မှာရှိနေတယ်ဆိုတာကိုပါ ကျွန်တော် သိခဲ့ရတယ်””
အဘကြီး၏မျက်နှာ ဖျော့တော့သွားသည်။
““ဒေါ်သီတာ..သူဘယ်မှာရှိတယ်ဆိုတာ ကို မင်းသိတယ်။ သူနေကောင်းရဲ့လား..။ အရင် တုန်းကလို လှနေတုန်းပဲလား””
ကျွန်တော် ဘယ်လိုပြန်ဖြေရမှန်းမသိ ဖြစ်သွားသည်။ အဘကြီးက
““ပြောပါ။ ငါ့ကို ပြောပြပါ””
““အမေကြီးက နေကောင်းပါတယ်။ ပြီးတော့ အဘသူ့ကို တွေ့တုန်းကလောက်တော့ လှနေသေးမယ် ထင်ပါတယ်””
““သူ ဘယ်မှာရှိမယ်ဆိုတာ ငါ့ကို ပြောပြနိုင် မလား။ ငါသူ့ကို မနက်ကျရင် ဖုန်းဆက်မယ်””
အဘကြီးသည် ကျွန်တော်၏ လက်ကို သူ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ဖျစ်ညှစ်လိုက်ရင်း
““မင်း သိလား။ အဲဒီစာ ငါ့ဆီရောက် လာတော့ ငါ့ဘ၀ဟာ ချုပ်ငြိမ်းသွားတာပဲ။ ငါ ဘယ်တုန်းကမှ အိမ်ထောင်မပြုခဲ့ဘူး။ ငါသူ့ကို အမြဲတမ်း မေတ္တာရှိခဲ့တယ်””
““အဘ ကျွန်တော်နဲ့ လိုက်ခဲ့ပါ””
ကျွန်တော်တို့ သုံးယောက်သည် တတိယ ထပ်သို့ တက်လာခဲ့ကြပါသည်။ ဒေါ်သီတာ ထိုင် ပြီး ရုပ်မြင်သံကြားကြည့်နေရာ အခန်းထဲသို့ ၀င် လာခဲ့ကြပါသည်။ တာဝန်ခံသည် ဒေါ်သီတာ အနားသို့ တိုးသွားပြီး တိုးညှင်းစွာဖြင့်
““အမေကြီး ဒီအဘကို သိလား””ဟု မေး လိုက်၏။
ဦးဝဏ္ဏနှင့် ကျွန်တော်သည်လည်း သူမ၏ အနားသို့ တိုးကပ်သွားလိုက်သည်။
ဒေါ်သီတာသည် သူမ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး ပြတ်ပြတ်သားသား မြင်ရအောင် ချိန်ညှိလိုက်သည်။ ထို့နောက် အဘကြီးအား သေသေချာချာကြည့်ပြီး နှုတ်ဆိတ်နေ၏။ အဘ ကြီးက မနေနိုင်တော့ဘဲ ..
““မသီတာ ကျွန်တော် ကျော်စွာလေ။ ၀ဏ္ဏ ကျော်စွာလေ။ မှတ်မိပြီလား””
““ကျော်စွာ..ကျော်စွာ..ကျော်စွာ လား””
အဘကြီးသည် ဒေါ်သီတာ၏ အနားသို့ ပိုမို တိုးကပ်သွားသည်။ ဒေါ်သီတာသည် မတ်တပ်ရပ်လိုက်ပြီး နှစ်ဦးသား တစ်ယောက်နှင့် တစ်ယောက် ပွေ့ဖက်လိုက်ကြသည်။ ထို့နောက် နှစ်ဦးသား ထိုင်ခုံပေါ် ပြန်ထိုင်လိုက်ကြပြီး လက် ချင်းကိုင်ကာ စတင်စကားပြောကြသည်။ ကျွန် တော်နှင့် တာဝန်ခံသည် အခန်းအပြင်သို့ အသာအယာ ထွက်လာလိုက်သည်။ ကျွန်တော် တို့နှစ်ဦး၏ စိတ်ထဲမှာလည်း မျက်ရည်များ လည်လာသည်အထိ အမည်မဖော်တတ်သော ခံစားချက်ကို ခံစားနေကြရသည်။
ကျွန်တော်က တွေးတွေးဆဆဖြင့် ..
““ကံကြမ္မာက ဆန်းကြယ်တယ်နော်..။ လူ တွေကို နီးလျက်နဲ့ ဝေးကွာခိုင်းထားပြီး တွေ့စေ ချင်တော့လည်း ကြံဖန်ပြီး ဖန်တီးပေးတော့တာပဲ””
အချိန် သုံးပတ်ကြာသွားသည်။ ဘိုးဘွား ရိပ်သာ တာဝန်ခံက ကျွန်တော့်အား ဖုန်းဆက် သည်။
““လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် မင်္ဂလာပွဲကို လာနိုင်မလား””
ကျွန်တော်၏ အမေးကို မစောင့်ဘဲ ဆက်ပြောသည်။
““ဟုတ်တယ်။ ဦးဝဏ္ဏနဲ့ ဒေါ်သီတာတို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာပွဲဗျာ””တဲ့။
အလွန်ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲ ဖြစ်ခဲ့ ပါသည်။ ဘိုးဘွားရိပ်သာမှာ ရှိတဲ့သူအားလုံး မင်္ဂလာပွဲကို ပါဝင်ဆင်နွဲကြသည်။ ဒေါ်သီတာ သည် မင်္ဂလာဆောင်အင်္ကျီကို ၀တ်ဆင်ပြီး လှပ နေခဲ့သည်။ ဦးဝဏ္ဏသည် တိုက်ပုံအင်္ကျီ ၀တ်ဆင် လိုက်သောအခါ တောင့်တောင့်တင်းတင်းနှင့် ယောက်ျား ပီသသည့်အသွင် ပေါ်လွင်လာသည်။ ဘိုးဘွားရိပ်သာသည် သူတို့နှစ်ဦးအတွက် အခန်း သီးသန့် စီစဉ်ပေးသည်။ အကယ်၍ သင်သည် အသက် (၇၈)နှစ်အရွယ် သတို့သားကြီးနှင့် အသက် (၇၆)နှစ်အရွယ် သတို့သမီးကြီးတို့ နှစ်ယောက် ဆယ်ကျော်သက်ကလေးများလို တက်ကြွပျော်ရွှင်နေသည်ကို မြင်တွေ့လိုပါက ဤစုံတွဲကို ကြည့်ရမည် ဖြစ်သည်။
နှစ်ပေါင်း (၆၀)ကျော်ကြာအောင် သစ္စာရှိရှိ ချစ်ခဲ့ကြသူနှစ်ဦး၏ လှပသော အဆုံးသတ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။
လိပ်ပြာ
Arnold Fine ၏ Letter in the Wallet ကို
ဆီလျော်အောင် ဘာသာပြန်သည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။