Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 3, 2013

ဇန်န၀ါရီလ ၄ ရက်နေ့၊ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့

Zayar Zy shared ကိုသောင်း ပုလဲမြေ's photo.
ဇန်န၀ါရီလ ၄ ရက်နေ့၊ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့
************************************
(လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ မရ ရအောင်ယူမယ်ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်း က... ဗြိတိသျှလေဘာတီခေါင်းဆောင်တစ်ဦးကို ဘယ်လို ဥပမာ ပေးပြီးပြောခဲ့သလဲ...။ သိပြီးသူများ ရှိမည်ဖြစ်သော်လည်း ဒီအကြောင်းအရာကို Facebook မှာ သိပ်မတွေ့မိလို့ မသိသေးသော သူများအတွက် တင်ပေးလိုက်ပါတယ်..,,ခင်မင်စွာဖြင့်,, နေမျိုး)

(သခင် တင်မောင်-ကျုံမငေး ၊ ၄.၁.၁၉၆၃ နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဤကဲသို့ရေးသားခဲ့ပါသည်...)

၁၉၄၀ ခုနှစ် ဇန်နာဝါရီလတွင် တို့ဗမာအစည်းအရုံးကြီး၏ အမှုဆောင်အစည်းအဝေးကို မန္တလေးမြို့၌ ကျင်းပလေသည်..။ တို့ဗမာအစည်းအရုံးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး လိုသည့် အတွက် ဗြိတိသျှလေဘာတီခေါင်းဆောင်တစ်ဦး ဖြစ်သူ 'ဆာစတက်ဖို့ကရစ်ပ်' သည် မန္တလေးမြို့သို့လိုက်လာခဲ့လေသည်..။ မန္တလေးတွင် ထိုလေဘာတီခေါင်းဆောင်ကြီးနှင့် တို့ဗမာအစည်းအရုံးအမှုဆောင်များ တွေ့ဆုံကြပုံမှာ ကျနော့်တစ်သက်တွင် မမေ့နိုင်အောင်ရှိတော့သည်...။ ဆွေးနွေးပွဲကို သခင်အောင်ဆန်း ၊ သခင်သန်းထွန်း ၊ သခင်စိုး၊ သခင်လေးမောင် တို့အားဆွေးနွေးရန် သတ်မှတ်ထားကြပါသည်..။

ကရစ်ပ် က 'ဗမာပြည် ကို မလာခင်တုန်းက တို့ဗမာအစည်းအရုံး နဲ့ခေါင်းဆောင်တွေရဲ့ အကြောင်းကို ကျနော်နားလည်တာနဲ့၊ ဒါတွေဟာ ဗမာပြည်မြေပေါ်ရောက်လို့ တစ်ညလဲ အိပ်မိရော ကျနော်သိထားတာတွေ အားလုံး အမြီးနဲ့ခေါင်း လွဲနေတာတွေ့ရပါတယ်..' ဟုပြောရင်း ဟားတိုက်ရယ်လိုက်ပါသည်..။ 'ကျနော်သိခဲ့တာက ခင်ဗျားတို့ အစည်းအရုံးဟာ လူရမ်းကားလေးတွေ..၊ ဆင်ခြင်တုံတရားကင်းမဲ့သူတွေ..၊ သူပုန်ထဖို့သွေးဆူနေတဲ့သူ ကလေးတွေ..၊ ပညာမဲ့ အလုပ်လက်မဲ့ ကလေးတွေ စုပေါင်းပါဝင်တဲ့ အစည်းအရုံးကြီးပဲလို့ နားလည်လာခဲ့ပါတယ်..။ အခုမှ ဒီလိုမဟုတ်မှန်းသိပါတော့တယ်...'

သခင်အောင်ဆန်းက ရယ်လျက် "ဒါဟာ ဓမ္မတာပါဘဲ..၊ အုပ်စိုးသူ ဆိုတာဟာ အုပ်စိုးခံရသူများအပေါ်မှာ ဒီလိုပဲ သဘောထားတတ်ပါတယ်..။ အထူးသဖြင့် ကျနော်တို့က အတိုက်အခံလုပ်နေတော့ ဒီလိုပဲ သတင်းပေးကြမှာပဲ..။ ***တစ်ခုပဲပြောချင်တာက ဗမာပြည်မှာရှိတဲ့ လူငယ်တိုင်းဟာ ဒီလိုပဲ ပညာမဲ့ အလုပ်လက်မဲ့ လူပေ လူတေ ကလေးတွေချည်း ဖြစ်နေတယ်ဆိုရင်လည်း ဘယ်သူ့အပြစ်လဲ...။ ဗြိတိသျှ အုပ်စိုးခြင်း အောက်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တစ်ခုအနေနဲ့ ဗြိတိသျှလူမျိုးတွေပဲ အရှက်ရစရာ ကောင်းနေမှာပေါ့..." ***

ကရစ်ပ်။ ။ "ကျနော်တစ်ခုမေးပါရစေ...၊ စပ်စုတယ်လို့လဲမထင်ပါနဲ့..။ ရင်းရင်းနှီးနှီး သဘောထားလို့မေးရဲတာပါ..။ ခင်ဗျားတို့က အခု အင်္ဂလိပ် လက်အောက်ခံဘ၀က လွတ်မြောက်ဖို့ကြိုးပမ်းနေကြတယ်..။ လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ ရအောင်လုပ်ကြမှာလဲ.."

သခင်အောင်ဆန်း ။ ။ "နည်းကတော့ ကျနော်တို့ တရားတယ်ထင်တဲ့ နည်းနဲ့ရအောင်ယူရမှာပဲ..."

ကရစ်ပ်။ ။ "မစ္စတာအောင်ဆန်း ပြောတာ ကျနော်နားမလည်သေးပါဘူး..။ ထပ်ရှင်းစမ်းပါအုံး.."

သခင်အောင်ဆန်း ။ ။ "ရှင်းပါတယ်..၊ တရားတယ်ထင်တဲ့နည်း ဆိုတာဟာ ရရာနည်းနဲ့ လုပ်ရမယ် လို့ဆိုတာပဲ..။ ဥပမာဗျာ.. ခင်ဗျား အိပ်ထဲမှာထည့်ထားတဲ့ ဖောင်တိန်က ကျနော် ပိုင်တဲ့ဖောင်တိန် ဆိုပါတော့..။ ခင်ဗျားက ကျနော့်ဆီက အနိုင်ကျင့်ပြီး လုယူထားတယ်ဆိုပါတော့...။ ဒီတော့ ကျနော်က ခင်ဗျားကိုတောင်းပန်ပြီး ပြန်ပေးပါ လို့ ချော့တောင်းမယ်..။ မရရင် နောက်တစ်နည်း နဲ့ တောင်းမယ်..။ အဲ့ဒီလိုမရတဲ့အဆုံးကျတော့ မပေးဘူးလား..ပေးမလား ဆိုပြီး ခြိမ်းခြောက်တောင်းမယ်..။ ဒါနဲ့မှမရရင် ဟောဒီလို အတင်းလုယူမယ်..."

သခင်အောင်ဆန်းသည် ပြောပြောဆိုဆို ဆာစတက်ဖို့ကရစ်ပ် ၏ အိပ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရစ်ပ်၏ ကုတ်အင်္ကျီအိပ်ကြီးပါ ပြဲ၍ပါလာတော့သည်..။ သခင်အောင်ဆန်းမှာ ဧည့်သည်တစ်ယောက်၏ အင်္ကျီ ပြဲသည်ကိုပင် အားမနာတတ်..၊ အလိုက်မသိတတ်ပဲ ဆက်၍ပြောလိုက်သေးသည်...။

"ကဲ..အဲ့ဒီနည်းဟာ ကျနော်တရားတယ်ထင်တဲ့ နည်းပဲ..။ ကျနော့်ဖောင်တိန်ပြန်ရတာ လိုရင်းပဲ...."

ကရစ်ပ်မှာ ဘာမျှမပြောနိုင်..၊ အားရပါးရ ဟားတိုက်၍ရယ်မောနေရှာတော့၏..။ သခင်အောင်ဆန်းက ဆက်ပြီး...

"ကဲ..အခုလိုနည်းနဲ့ လုပ်ယူတော့ ကောင်းသေးရဲ့လား..။ ကျနော့်မှာတော့ ကျနော့်ဖောင်တိန်ပြန်ရ ပါလေရဲ့..။ ခင်ဗျားမှာတော့ အင်္ကျီအိပ် အပြဲခံရတာသာ အဖတ် တင်တာပေါ့..။ စောစော ကသာ ပြန်ပေးလိုက်ရင် အင်္ကျီလည်းမပြဲဘူး..။ ကျနော့်လက်တောင် တော်တော် နာသွားတယ်...။ ခု ကျနော်ပြောနေတာတွေဟာ အပိုပြောတာလဲ မပါဘူး..။ ခြိမ်းခြောက်နေတာလဲမဟုတ်ဘူး..။ တကယ်ဖြစ်လာနိုင်တဲ့ သဘောကိုပြောပြနေတာပဲ.."

ကရစ်ပ်မှာ ဘာမှမပြောနိုင်..။ အူတက်မတတ်ဖြစ်နေရှာသည်..။ နောက်အတန်ကြာမှ..."အို.. ချစ်စရာကောင်းတဲ့ အောင်ဆန်း..၊ ချစ်စရာကောင်းတဲ့ အောင်ဆန်း..." ဟူ၍သာ ထပ်ကာ ထပ်ကာရေရွတ်နေရှာ ပါတော့သည်...။

ကျနော်တို့တစ်တွေမှာ ဧည့်သည်များကိုလဲ အားနာ..၊ မရယ်ပဲလဲ မနေနိုင်ဖြစ်ကာ မျက်နှာအထားရ ခက်နေကြရတော့၏...။

သခင်အောင်ဆန်း ရိုင်းခြင်း..၊ ကြမ်းခြင်း(၀ါ) လောက၀တ်ကို ဂရုမစိုက်ခြင်း တို့သည် သူတစ်ပါး အပေါ်တွင် စော်ကားမော်ကားပြုလိုသောကြောင့်မဟုတ်...။ နိုင်ငံရေးကိုသာ အမြဲစဉ်းစားနေသောကြောင့်ဖြစ်သည်ဟု ယူဆချင်ပါသည်..။ အမှန်မှာ သခင်အောင်ဆန်းသည် အလွန်ကိုယ်ချင်းစာတရားရှိသူဖြစ်ပါသည်..။ ကိုယ်ချင်းစာတရားမရှိသော တကိုယ်ကောင်း ဆန်သော သူများကို အလွန်စက်ဆုပ်သူဖြစ်ပါသည်..။ သခင်အောင်ဆန်း မည်မျှရဲဘော်စိတ် ရှိသည်ကို သူနှင့်အတူ လုပ်ဖော်ကိုင်ဖက်များ အားလုံးသိပါသည်..။ အချို့သောခေါင်းဆောင်များ ကဲ့သို့ ဆွေမျိုးသားချင်းအပေါ်တွင် ၀ံသာ မနုဘဲ...၊ သူ၏ရဲဘော်များကိုသာ ဦးစားပေးလေ့ရှိကြောင်းကို သူ၏နောက်ပိုင်းလုပ်ရပ်များက သက်သေခံပါသည်...။

အောင်သန်း ၏ အောင်ဆန်း စာအုပ်မှ ထုတ်နုတ်၍ ၄.၁.၂၀၁၃ နေ့တွင်ကျရောက်သော လွတ်လပ်ရေးနေ့ မှ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစာစွာဦးညွှတ် အလေးပြု လိုက်ပါသည်...။
Ko Nay Myo

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။