Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 4, 2013

မြန်မာ့အနုပညာက မညံ့ပါဘူးဆိုလာတဲ့ ထပ်ဆင့်အကယ်ဒမီမေသန်းနုနှင့် တွေ့ဆုံခြင်း

 
Myanmar International News
 Saturday, January 05, 2013

MMAးး မဆင့်အခုလက်ရှိ အနုပညာလှုပ်ရှားမှုကို ပြောပြပေးပါအုံး။
...
MTNးး မဆင့်တို့ သက်တမ်းတစ်လျှောက်ပေါ့နော် အနုပညာ လှုပ်ရှားမှုက
ဒီအချိန်မှာ တော်တော်ကို ကျဲတယ်။ ဒီအနုပညာလောကကို စဝင်က
တည်းကတော်တော်များများက အလုပ်ဖြစ်တယ်လေ။ ပြီးခဲ့တဲ့ နှစ်လောက်
ထိ မဆင့်တို့တော်တော်လေး အလုပ်လုပ်ရတယ်။ ဒီတစ်နှစ်ပတ်ဝန်းကျင်
ကတော့ မဆင့်တို့ အလုပ်လည်းကျဲတယ်၊ အခုချိန်ဆိုတော့ ပိုဆိုးတာပေါ့၊ အလုပ်ပါးတာပေါ့။



MMAးး မဆင့်အနေနဲ့ အခုအနုပညာကို ဘယ်လိုမြင်လဲ။

MTNးး ရှင်းရှင်းပြောရင် သိပ်မကောင်းဘူးပေါ့။ ကျဆုံးတဲ့ဖက်ကို ဦးတည်နေတာပေါ့။ ဒါကလည်း အနုပညာသမားတွေ ကျဆုံးတာ မဟုတ်ဘူး။ နိုင်ငံရဲ့ စီးပွားရေးအရ၊ တိုင်းရေး၊ပြည်ရေးဆို မဆင့်တို့က
အလုပ်တစ်ခုလုပ်ရင် တိုင်းနဲ့ပြည်နဲ့ ရောင်းရတာကို တိုင်းနဲ့ပြည်နယ်က
နိုင်ငံရေး မတည်ငြိမ်တာတို့၊ စီးပွားရေး မတည်ငြိမ်တာတို့ အရောင်း
အဝယ်တွေ အားမကောင်း မကောင်းဘူးပေါ့၊ စီးပွားရေး အရမ်းကျတဲ့အခါ
ကျတော့ ဝယ်အားထက်၊ ခိုးအားကပို များသွားတာပေါ့၊ အလကားလိုချင်
တဲ့ စိတ်က ပိုများလာတယ်။ အဲဒီမှာ အများကြီး နစ်နာသွားတာပေါ့။ ဒါကြောင့် ငွေကတစ်ရာရင်းရင် တစ်ရာပြန်မပေါ်ဘူး ငါးဆယ်လောက် ပဲ ပြန်ပေါ်တာပေါ့ ကြာလာတော့ ငွေရှင်က အနုပညာတန်ဖိုးလည်း အားနည်းလာတယ်။ စိတ်ပျက်လာတာပေါ့။

MMAးး အခုလက်ရှိ ပြုပြင်ပြောင်းလဲသွားတဲ့ အနုပညာနဲ့ မပြောင်းလဲခင် အနုပညာက ဘာတွေများ ကွာခြားလဲ။

MTNးး မဆင့်တို့ အနုပညာလောကကို စဝင်တဲ့ အချိန်မှာတောင် အဲဒီအချိန်ကခေတ်မကောင်းဘူးလို့ ပြောကြတယ်။ ဘာလို့လဲဆိုတော့
ဖလင်အရမ်း ရှားတယ်လေ။ ဖလင်အရမ်း ရှားတဲ့အချိန်မှာ မဆင့်တို့က ရုပ်ရှင်မင်းသမီး ဖြစ်တာဆိုတော့ ဗွီယိုတွေလည်း မရှိဘူးဆိုတော့ဘူး
ဆိုတော့ မဆင့်တို့ ဦးတည်ချက်က ရုပ်ရှင် တစ်ခုတည်းရှိတာတော်တော်
ကြိုးစားခဲ့ရတာပေါ့။ ဒီရုပ်ရှင်မှာ ကိုယ့်ရဲ့ကားကို လာကြည့်အောင်၊ ကိုယ့်ကို
ပရိသတ်က သိသိသာသာမှတ်မိအောင်၊ ကိုယ့်ရဲ့ အနုပညာကိုချပြဖို့ဆိုတာ
ဒီရုပ်ရှင်တစ်ခုတည်းရှိတဲ့ အခါကျတော့ အရမ်းကြိုးစားခဲ့ရတယ်။ ကြိုးစားခဲ့ရသလောက်အောင်မြင်ခဲ့တာပေါ့။ ဒီဘက်ခေတ်ကျတော့ ကဏ္ဍတွေအရမ်းများတယ်။ များပြီးတော့ အနုပညာအောင်မြင်မှုကြတော့
ရေရှည်မခံဘူးပေါ့။ မဆင့်တို့တုန်းက ကားတစ်ကား အောင်မြင်ပြီဆို အဲဒီ
ကားက လူတော်တော်များများရဲ့ ပါးစပ်ဖျားမှာ ပြောစမတ် ပြုတာပေါ့၊
အဲဒီကားရဲ့ ဒိုင်ယာလော့တွေကအစ မှတ်မိတဲ့လူတွေ ရှိနေသေးတယ်။ ဒီခေတ်က ကား တစ်ကား ကောင်းရင်ကောင်းသွားမယ်။ ဒါပေမယ့် ရင်ထဲမှာ မထိဘူးပေါ့။ အော်ကောင်းတယ်၊ မကောင်းဘူး၊ ရယ်ရတယ်
မှတ်လား ရယ်ရတာပေါ့ ဒါပဲ။ ဒီဇာတ်ကားထဲက ဇာတ်ကောင်ကိုစွဲစွဲမြဲမြဲ
ရင်ထဲကိုရောက်သွားတာ နည်းတာပေါ့။ အဲဒါကလည်း အခြေအနေ
ခေတ်ကာလကြောင့်လို့လည်း ပြောလို့ရတာပေါ့။ အဆင့်တို့ခေတ်တုန်းက
တော်တော်များများကရုပ်ရှင်ရုံမှာ လူများတယ်။ အဲဒီတုန်းက တက္ကသိုလ်
ကျောင်းတွေရှိတဲ့အခါကြတော့ တက္ကသိုလ် ဇာတ်လမ်းဆို အပြည့်ပဲ။ ဒီခေတ်ကတော့ တက္ကသိုလ် ကျောင်းသားတွေ အားကိုးပြီးတော့ တက္ကသိုလ်ဇာတ်လမ်း ရိုက်လို့ကတော့ သိပ်မရဘူး။ ကျောင်းသားတွေက နည်းနေပြီလေ။ လူငယ်တွေက ဒီအချိန်မှာ အကုန်လုံး လုပ်ငန်းခွင် ဝင်နေကြတာ။ အရင် တုန်းက သမီးတို့ အရွယ်တွေဆို အကုန်လုံးက တက္ကသိုလ်ကျောင်းးတွေမှာပဲ ခုကြတော့ကျောင်းတစ်ဖက်၊ အလုပ်
တစ်ဖက်နဲ့ဆိုတော့ ဖျော်ဖြေရေးကို အားနည်းလာတယ်၊ မကြည့်ကြတဲ့ လူများတယ်။ အရမ်းအောင်မြင်တဲ့ ကားတစ်ကားမှသာ အော်ကြည့်
လိုက်အုန်းမယ်။ စိတ်ဝင်စားပြီး ကြည့်ကြတဲ့ အဆင့်ပဲ ကျန်တော့တာ
ပေါ့နော်။ မတူဘူးပေါ့။

MMAးး ဒီနှစ်ပေးသွားတဲ့ အကယ်ဒမီကို မဆင့်အနေနဲ့ ဘယ်လိုမြင်လဲ။

MTNးး ဘယ်လိုမြင်လဲဆိုရင် အကယ်ဒမီဆိုတဲ့ ဘောင်ကလည်း သူ့စည်း
ကမ်းနဲ့သူပေးတာကို။ မဆင့်တို့ အမြင်၊ ပရိသတ်တို့အမြင်နဲ့လည်း ပေးလို
့်မရဘူး။ အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတယ်။ မဆင့်တို့တစ်နှစ် တစ်နှစ်မှာဆို တပြည်သူမရွှေထားတို့၊ ဒဏ္ဍရီတို့ဆိုအရမ်းအောင်မြင်တယ်။ ငွေရေးကြေး
ရေးအရရော၊ အနုပညာအရလည်း အရမ်းကိုအောင်မြင်တယ်။ မဆင့်လိုချင်
တယ်၊ အကယ်ဒမီ ဒါပေမယ့် အရခဲ့ဘူး အဲဒီကားတွေက အောင်မြင်ပြီး
မရဘူး။ ကိုယ့်ရဲ့ ပြိုင်ဘက်တွေကလည်းရှိတယ်လေ။ ဘာကြောင့်လဲ
ဆိုတော့ သူ့စည်းကမ်းနဲ့ သူပေးချင်တဲ့ မူနဲ့ပေးတာကို အဲဒီအခါကြတော့ ပရိသတ်နဲ့လည်း လွဲနေရင်လည်း လွဲနေတတ်တယ်။ ကိုယ့်အကြိုက်နဲ့
လည်း လွဲနေတတ် တယ်။ မဆင့်တို့က အဲဒါမျိုးကို သွားပြောလို့ မရဘူးပေါ့။ ဒီခေတ်မှာတော့ ဒီနေ့ အကယ်ဒမီဆို လူက တစ်ကားတည်းနဲ့ အများကြီးပေးလိုက်လို့ ဟိုကားလေးလည်း ပေးလိုက်ပါလား၊ ဒီကား
လေးလည်း ပေးလိုက်ပါလား ဒါပရိတ်သတ်က မေတ္တာ၊ ဂရုဏာနဲ့ ပြောကြတာပေါ့ ဒါပေမယ့် ဆင်ဆာမူဝါဒက၊ အကယ်ဒမီမူဝါဒက သူ့စည်းကမ်းနဲ့သူ သွားတာဆိုတော့ မဆင့်တို့က ဝင်စွတ်ဖက်လို့ မရဘူးလေ။ ဒီကားလေးကလည်း အနုပညာအရ၊ ရသအရရော၊ ပညာပေး အရရော တော်တော်ကိုကောင်းတယ်။ မဆင့်ကြည့်ကတည်းက ဒီကားက ငါးဆုလောက်တော့ ရမယ်လို့ ထင်မြင်ချက်ပေးတယ်။ ဒီကားလေးက ကြည့်သင့်တဲ့ကား တစ်ကားပေါ့နော်။ ဒါပေမယ့် အခုက သရုပ်ဆောင်အသစ်လည်းပေးတယ်။ လူတစ်ယောက်ရဲ့ ခံစားချက်ကို
ပေးတာလား သူတို့မှုရှိမှာပေါ့နော်။ အဲဒါကြောင့် မဆင့်တို့က မဝေဖန်ချင်ဘူး။

MMAးး မဆင့်အနေနဲ့ ကျန်တဲ့အချိန်တွေမှာ ရုပ်ရှင်ဇာတ်ကားတွေကို ဘယ်လို ရိုက်သွားမလဲ။

MTNးး မဆင့်တို့က ဒီနေ့၊ဒီအချိန်၊ဒီအရွယ်မှာ ရွေးချယ်ပိုင်ခွင့် နည်းတယ်လေ။ ကိုယ့်ဆီ လာတဲ့ ဇာတ်လမ်းးကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ခွင့်ရှိတာပေါ့နော်၊ ရွေးချယ်ခွင့်က နည်း သွားပြီလေ။ ဘာပဲဖြစ်ဖြစ် အားလုံးက ခုချိန်မှာ ဟာသတွေက များတာဆိုတော့ ကိုယ့်ဆီ လာတာ ဟာသဘဲဖြစ်ဖြစ်၊ ဒရမ်မာဘဲဖြစ်ဖြစ် အကောင်းဆုံး ကိုယ့်ဘက်က တာဝန်ကြေ
အောင်တော့ လုပ်ရတာပေါ့။

MMAးး အရင်တုန်းက အကယ်ဒမီပေးပွဲနဲ့ အခုအကယ်ဒမီပေးပွဲ ကွာခြားချက် ကို ပြောပြပေးပါအုံး။

MTNးး အကယ်ဒမီကတော့ မဆင့် ဝန်ကြီးငါးဆက်ထိ ယူဖူးတယ်။ အကယ်ဒမီကတော့ အရင်တုန်းက ရိုးရိုးလေးနဲ့ သိက္ခာရှိရှိ သွားတာပေါ့၊ ပြီးခဲ့တဲ့ နေပြည်တော် နောက်ဆုံးနှစ် ကတော့ တော်တော်လေးအကုန်လုံး အကုန်ကျခံပြီးတော့ စည်စည်ကားကားလုပ်ထားတယ်။ အဲဒါကတော့ ထူးရှားတာပေါနော် ပြီးခဲ့တဲ့နှစ်က အိုင်ဒီယာကောင်းတယ်။ ဒီနှစ်ကြတော့ လုပ် ထားတဲ့ အခင်းအကျင်းကတော့ သိပ်ဆန်းဆန်းပြားပြားမရှိဘူး၊ မူကတော့ ခုယူတယ်၊ ခုစကားပြောတယ် အဲစတိုင်လေးလည်းမဆိုးဘူး။ အပြောင်းလဲ တစ်ခုပေါ့နော်။ ဒါကတော့
ခေတ်ပေါ်စတိုင် ဖန်စီဖြစ်တာပေါ့နော်။ အရင်တုန်းကတော့ တည်ငြိမ်တာပေါ့ပြီးမှ တစ်ဦး ချင်းစီ ကျေးဇူးတင် စကားပြောတယ်။ အခမ်းနာကတော့ ဒီနှစ်က ရိုးတာပေါ့နော်၊ မနှစ်က အခမ်နားကတော်တော်ကောင်းတယ်။ မနှစ်ကနဲ့ ဒီနှစ်ဆိုရင် တစ်မျိုးတော့ ဖြစ်တာပေါ့။

MMAးး မဆင့်အနေနဲ့ အရင်တုန်းကဆို သင်္ကြန်မိုးတို့၊ သူ့ကျွန်မခံပြီတို့လို အရမ်းကိုအောင်မြင်တဲ့ ဇာတ်ကားတွေရိုက်ခဲ့တယ်။ ဒီဘက်ခေတ်မှာရော ရိုက်ဖို့ အစီစဉ်ရော။

MTNးး ရှားကုန်ပြီပေါ့။ အဓိကတော့ ခုနလိုပေါ့ ငွေအင်အား တစ်ထောင်
ရင်းလို့ တစ်ထောင် ပြန်မရောက်တဲ့ ခေတ်မှာ ငွေရှင်ကလည်း အလစ်သုတ် သွားတာပေါ့။ မဆင့် တို့ရဲ့ ဈေးကွက်ကလည်း မြန်မာပြည် တစ်ပြည်လုံးမှာ
ကို အရင်တုန်းက မြန်မာပြည်အတိုင်းတာနဲ့ဆို ပြန်ရတယ်။ အခု မြန်မာပြည်
အတိုင်းတာနဲ့ တိုင်းနဲ့ ပြည်နဲ့ တစ်ချို့တိုင်းက မဝယ်ဘူး။ ရုပ်ရှင်တွေ အားနည်းကုန်ပြီ ငွေကပြန်ရတဲ့လမ်းက နည်းတယ်လေ။ နိုင်ငံခြား တိုင်းပြည်ကလည်း မဝယ်ဘူး။ နိုင်ငံခြားတိုင်းပြည်က ဝယ်တယ်ဆိုရင် ဒီလိုမျိုးအရင်းနှီး၊ ဒီလိုမျိုးကားကြီး ကောင်းကောင်းတွေ ကတော့ရိုက်နေကြ
မှာပဲ။ ခုက ရောင်းအားက အရမ်းအား နည်းနေတော့ ဖြုံးအားက ဒီလိုမျိုး
ကားက သေချာရိုက်နိုင်တဲ့ကားက ပိုအကုန်ကျများတယ်လေ။သူ့ကျွန်မခံပြီ
ကျတော့ ဝန်ကြီးကိုယ်တိုင် ဦးစီးပြီး ရိုက်တဲ့ အခါကျတော့ အကုန်အကျက အရမ်းများတယ်။ ရိုးရိုးအပြင် ပရိုကျူဆာအနေနဲ့ ဘယ်လိုမှ မရိုက်နိုင်တဲ့ ကားတစ်ကားလေ။ ရာဇဝန်ဆိုတာ ခေတ်နဲ့သွားတဲ့ အခါကျတော့ ပိုပြီးတော့ အကုန်ကျ များတာပေါ့။စက်တင်၊ အခမ်းနားကအစ ငွေနဲ့
လိုက်ရတာဆိုတော့ ဒီခေတ်ပေါ် တစ်ခုတည်း သက်သာတာပေါ့။ သင်္ကြန်မိုးတောင် စစ်ကြိုခေတ်မှာတောင် စက်တင်တွေပါသေးတာပဲ။
ဒီခေတ်မှာ ဒီလိုမျိုး ရှာဖို့ရာ သိပ်မလွယ်ဘူး။ အရင်တုန်းကလို မြန်မာပြည်
တစ်ပြည်လုံးအတိုင်းတာနဲ့ ပျော်ပျော်ရွှင်ရွှင် သာသာယာယာနဲ့စည်းပွားရေး
လာဘ်လာဘ ကောင်းမယ်ဆိုရင် ရုပ်ရှင်တွေရော၊ ပျော်ပွဲရွှင်ပွဲတွေရော ဖြစ်
လာမှာပေါ့နော်။ အခုတိုင်းပြည်က သိပ်ပြီမတည်ငြိမ်တဲ့ အခါကျတော့လေ။

MMAးး မဆင့်ပြောသလို နိုင်ငံခြားတိုင်းပြည်တွေက ဝယ်တာ၊ နိုင်ငံခြား
တိုင်းပြည်ကနေတဆင့် မြန်မာအနုပညာ လောကဘက်ကို အခြေချဖို့
အတွက်ဆိုရင် ဒီဘက်က အနုပညာရှင်တွေကရော ဘာတွေကြိုးစားဖို့
လိုလဲ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်တွေ ဖြစ်လာပြီဆိုတော့။

MTNးး မဆင့်တို့ တိုင်းပြည်မှာ အားနည်းတာက ပညာပိုင်းဆိုင်ရာပေါ့။ ပညာပိုင်းဆိုင်ရာ ဆိုတာ ခုနလို စက်မှု၊ လက်မှုပိုင်း၊ တီထွင်တဲ့အပိုင်း အတတ်ပညာကတော့ သူများနိုင်ငံနဲ့ စာရင် အရမ်းကို အားနည်းနေတယ်။ သူများနိုင်ငံမှာက အလုပ်လုပ်မယ်ဆိုရင် သင်တန်းကျောင်း ရှိတယ်။
သင်တန်းဆင်းလက်မှတ်ရမှ အလုပ်ခေါ်တာ ဒီမှာကမဟုတ်ဘူး။ ဒီမှာက စီးပွားရေးအရပညာရေးတွေ ချို့တဲ့ကြတယ်။ အတွေ့အကြုံနဲ့ စီးပွားရှာ
ကြတာကိုး။ အတွေ့ အကြုံနဲ့ သွားတဲ့အခါကျတော့ အားနည်းချက်တွေက အများကြီးပေါ့။ အနုပညာပိုင်းဆိုင်ရာ ကျတော့ မဆင့်တို့ဘက်က တစ်ယောက်မှ အားမနည်းဘူး။ ခေတ်ပေါ် ကိုးရီးယားကားတွေလည်း ကြည့်နေတာပဲအိုက်တင်ပိုင်းလည်း အတူတူပါပဲ မြန်မာတွေ အိုက်တင်တွေ လုံးဝ မညံဘူး။ ခုနလို အတတ်ပညာပိုင်းဆိုင်ရာ အားနည်းတာပေါ့။အတတ်
ပညာ၊ နည်းပညာ၊ မားကတ်ဝင်သွားရင်တော့ကြောက်စရာမလိုဘူးပေါ့။
နောက်တစ်ခု စိတ်ဓာတ်ပေါ့ စိတ်ဓာတ်က ကြိုးစားချင်တဲ့ စိတ်ဓာတ်ကရှိ
အုန်းမှပေါ့။ မြန်မာပရိသတ်က အရမ်းချစ်ဖို့ကောင်းတယ်။ တော်ရုံသည်းခံပြီး
ကြည့်ကြတယ်လေ။ တချို့ကားတွေက သဘာဝမကျဘူး။ ဒါပေမယ့် သည်းခံပြီး ကြည့်ကြတယ်။အလွယ်လုပ်တဲ့ စိတ်ကများနေတော့ တကယ်တမ်း နင်လား၊ငါလား ကြိုးစားတဲ့ အခါကျတော့ လိုနေတာပေါ့။

MMAးး မဆင့်ရဲ့ ပရိသတ်ကို စကားလက်ဆောင်လေး ပြောပါအုံး။

MTNးး ခုချိန်ထိ မဆင့်တို့ ရပ်တည်နေနိုင်တာ ပရိသတ်ရဲ့ အားပေးမှု
ကြောင့်ပါ။ မဆင့်တို့ကလည်း ကိုယ့်ဆီရောက်လာတဲ့အနုပညာကို တာဝန်ကျေအောင်၊ စေတနာနဲ့ ကြိုးစားမယ်။ မဆင့်တို့ အားပေးတဲ့ ပရိသတ်ကို အရမ်းကျေးဇူးတင်ပါတယ်။

The Myanma Age

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။