By တိမ် တမာန် on Friday, January 4, 2013 at 9:58am
ပုံပြင်လေးတစ်ပုံအရင်ပြောမယ်နော် ။
ဖိုးဝ နဲ့ မယ်ခ တို့ဟာ တစ်ယောက်ကိုတစ်ယောက်
အသဲပေါက်မတတ် ချစ်ကြတဲ့ ချစ်သူနှစ်ဦးပါ ။
တနေ့မှာတော့ ဘယ်က ဘယ်လို ဖြစ်မှန်းမသိဘူး … သူတို့
၂ ယောက်ကြား မြစ်ကြီးတစ်စင်း ခြားပြီး ချစ်သူ ၂ ဦးကွဲနေကြပါလေရော..။ မြစ်ကြီးက
ရေစီးလဲ သန်သန် ၊ နက်ကလဲနက် ၊ ကျယ်ကလဲကျယ် လွန်းတာမို့ လှေမှတပါး တခြားဖြတ်ကူးစရာ
နည်းလမ်းကမရှိဘူး ။
အဲ.. ဖြစ်ချင်တော့ မယ်ခရှိတဲ့ ဘက်ကမ်းမှာ
လှေတစင်းကရှိနေတယ် ။
လှေသမား နာမည်က မောင်ပွား တဲ့ ။
မောင်ပွားက ဖိုးဝ နဲ့ မယ်ခ
တို့၂ယောက်အကြောင်းကအတွင်းသိ ၊အစင်းသိ သိတဲ့လူ ။
သူတို့ ၂ ယောက်ကတကယ့်ကိန္နရီ မောင်နှံ လို
တစ်ညလေးဝေးရုံ နဲ့နှစ်ပေါင်း ခုနှစ်ရာ ဆွေးကြ လောက်အောင် ဆွေးကြမဲ့သူတွေ
ဆိုတာသိနေတဲ့ မောင်ပွား ။
မယ်ခ ကဟိုဘက်ကမ်းကို ပို့ပေးဖိုပြောတော့
နောင်ပွားကဘယ်နှယ့် ပြောတယ်မှတ်လဲ ။ ငွေ နှစ်ထောင်ရမှ ပို့နိုင်မယ်တဲ့ ။ ဈေးမှန်က
သည်ခရီး နဲ့ သည်ခရီး အလွန်ဆုံးတန်လှ တစ်ထောင်ပဲ တန်တာလေ ။
အဲဒါ ကိုပုံမှန်ထက် ၂ ဆတောင်းချလိုက်တယ် ။
မယ်ခ မှာက ပိုက်ဆံ ဆစိပြားဆိုတစ်ပြားမှ မရှိဘူး
။
ဖိုးဝ ရှိရာကိုလဲ သွားချင်လှပြီ ။ ဖိုးဝ
ကိုလွမ်းတဲ့စိတ်နဲ့တင် ရင်ကွဲနာကျနေတာများ အသက်တောင်ထွက်တော့မတတ်..
သည်နေရာမှာ ဇာတ်ကောင်တစ်ကောင်က ထပ်ပေါ်လာတယ်
။
အဲဒါက ကိုရွှေရ ။
ကိုရွှေရ ကမယ်ခဖြစ်အင်ကိုမြင်တယ် ။
သည်အခါမှာ မယ်ခရယ် .. နင်လိုတဲ့ပိုက်ဆံ နှစ်ထောင်
ငါပေးပါ့မယ်ဟာ..
ငါနဲ့ ခဏ လိုက်အိပ်ပါလို့ပြောတယ် ။မယ်ခ မှာက
ရင်ကွဲနာနဲ့ သေမတတ်ဖြစ်နေတဲ့တူတူ ကိုရွှေရ ရဲ့ အလိုကို လိုက်လိုက်ပြီး
ပိုက်ဆံနှစ်ထောင်ကိုယူလိုက်တယ် ။
ပိုက်ဆံရတာနဲ့တချိုးထဲ လှေသမားမောင်ပွားလက်ထဲ
ထည့်ပြီး တစ်ဖက်ကမ်းကို ပျော်ရွှင်စွာ ကူး သွားတယ်ပေါ့ ။ ဟိုဘက်ကမ်းရောက်တော့
သူ့ချစ်သူ ဖိုးဝ နဲ့ ရွှေလက်တွဲပြီးပျော်ပွဲ ၀င်တယ် ။အမှန်က ချစ်သူကျ ၂ဦး
ပျော်ရွှင်စွာ ညားကြလေသတည်းဆိုပြီး ဆိုတာမျိုးနဲ့ ဆုံးရမှာလေ ။
ဒါပင်မဲ့ မဆုံးသေးဘူးနော် ။
ဖိုးဆွေ ဆိုတဲ့ ဇာတ်လိုက်တစ်ယောက်က
တစ်နေ့ထပ်ပေါ်လာတယ် ။
ဖိုးဆွေ ဆိုတာ ဖိုးဝ
ရဲ့ငယိသူငယ်ချင်းအရင်းခေါက်ခေါက် ဖြစ်တဲ့အပြင် ကိုရွှေရ နဲ့လဲ အတွင်းသိအစင်းသိ
။
ဖိုးဆွေက ကိုရွှေရ နဲ့ မယ်ခဖြစ်ပျက်ခဲ့သမျှကို
သိလည်းသိသွားရော တခါတည်း ဖိုးဝဆီ ပြေးလာပြီး အကြောင်းစုံကို ပြောပြလိုက်ပါလေရောလား
။
အိုး…ဘယ်ပြောကောင်းမလဲ ။
ဖိုးဝလဲ မယ်ခကို ချက်ချင်းခေါ်ပြီးသူနဲ့ မယ်ခတို့
အချစ်ဇာတ်လမ်းဟာ ညောင်ညိုပင် စခန်းကိုရောက်ခဲ့ပြီမို့ လမ်းခွဲစကားကို တခါတည်းဆိုတယ်
။
မယ်ခ မျက်ခွက်ကိုလည်း မကြည့်ချင်တော့ဘူး ။
အသံကိုလဲမကြားချင်တော့ဘူး ။မယ်ခ အရိပ်ကိုတောင် မမြင်ချင်တော့ဘူးပေါ့နော်… ။
ကဲ…ဇာတ်လမ်းက ဒီမှာဆုံးတယ်..။
စာဖတ်သူ လုပ်ကြရမဲ့ အလုပ်ကလေးက သည်ပုံပြင်နောက်မှာ
ကပ်ပါနေပါတယ်။
အဲဒါကတော့ ဖိုးဝရယ် ၊မယ်ခရယ် ၊မောင်ပွားရယ်
၊ကိုရွှေရရယ် ၊ဖိုးဆွေရယ်ဆိုတဲ့ လူ ၅ ယောက်ကို အဆင်းသတ်မှတ်ပေးဖို့ ပါပဲ ..။
ဘယ်သူက အကောင်းဆုံး ၊ဘယ်သူက အဆိုးဆုံးဆိုတာကို
သတ်မှတ်တော်မူပေးကြပါနော် ။ အကောင်းဆုံးလူကို နံပတ် ၁၊ အဆိုးဆုံးလူကို နံပတ် ၅
ပေါ့..။
ဘယ်သူကိုမှ
ချန်မထားခဲ့ပါနဲ့..။၁-၂-၃-၄-၅..အားလုံးကို အဆင့်သတ်မှတ်ပေးမှကို ဖြစ်မှာပါ.။
ကဲ..စာရွက်ထဲ ချရေးရင်လဲ ချရေးလိုက်နော်..။
ဒါဆိုတန်းစီကြည့်ရအောင်..
၁။——————
၂။——————
၃။——————
၎။——————-
၅။——————-
ဒါကိုမဖြည့်သေးပဲ ဘာကိုမှဆက်မဖတ်စေချင်သေးပါဘူး..။
အဖြေကိုကျော်ဖတ်လိုက်မယ်ဆိုရင် ကျွန်တော်ပြောချင်တာ ကို လူကြီးမင်းတို့ဘယ်လိုမှ
ရနိုင်မှာမဟုတ်တော့ပါဘူး..။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အဖြေ….
သည်လူ ၅ ယောက် အပေါ် စာဖတ်သူလူကြီးမင်းများရဲ့
အဆင့်သတ်မှတ်ချက်ဟာ ဘ၀မှာ လူကြီးမင်းတို့ ဘာတွေကို တန်ဖိုးအထားဆုံး ဆိုတာ
ဖော်ပြလို့နေပါတယ်။
နံပတ် ၁ က လူကြီးမင်းတန်ဖိုးအထားဆုံးအရာဖြစ်ပြီး
၊
နံပတ် ၅ကတော့
လူကြီးမင်းတန်ဖိုးမထားဆုံးအရာပေါ့နော်..။
ကဲ…
ဖိုးဝ က “ လူ့ကျင့်ဝတ်” ကိုယ်စားပြုပါတယ်..။
မယ်ခက “အချစ်”်ကို ကိုယ်စားပြုပါတယ်..။
မောင်ပွားက “စီးပွားရေး”
ကိုကိုယ်စားပြုပါတယ်..။
ကိုရွှေရက “ရမ္မက်”ပါ..။
ဖိုးဆွေကတော့ “မိတ်ဆွေ”ပေါ့နော်..။
ဘယ်နှယ့်တုံး စာဖတ်သူလူကြီးမင်း..။
ဘ၀မှာကိုယ်တန်ဖိုးအထားဆုံးအရာတွေကို မြင်ရပြီ မဟုတ်ပါလားနော်..။
(ဆရာတ္တကျော်၏ ဘယ်ဆီကိုများ ဒုန်းစိုင်းသွားနေ
စာအုပ်မှ ကောက်နုတ်ဖေါ်ပြသည်။).....ရေးမိရေးရာလေးများ .........မှ
မူရင်းမပျက် ပြန်လည် ကူးယူဖော်ပြပါသည်....
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။