14 December 2012 |By Popular News
Missed Call စီးရီးကို ဗီစီဒီ ရိုက်ကူးနေပြီဖြစ်ပြီး သုံးပုဒ်လောက်ပဲ ရိုက်ဖို့ ကျန်တော့တယ်လို့ မီးမီးခဲက ပြောပါတယ်။ Missed Call စီးရီးကို ပရိသတ်က လက်ခံအားပေး တဲ့အတွက် အတိုင်းမသိ ဝမ်းသာကြောင်း ဆက်ပြောပါတယ်။
မိဘတွေက ဂီတလမ်းကြောင်းမှာ ကိုယ်စီအောင်မြင်မှုမှတ်တိုင်ကို စိုက်ထူ နိုင်ခဲ့ကြသူတွေဖြစ်တာနဲ့အမျှ မီးမီးခဲရဲ့ သမီးလေး ဖြူဖြူစင်စင်လင်းကလည်း အနုပညာကို တော်တော်ဝါသနာ ပါတာကို တွေ့ရပါတယ်။ မီးမီးခဲကို သမီးလေး ဖြူဖြူစင်စင်လင်းနဲ့ ပတ်သက်ပြီးမေးကြည့်တော့ “ဘုရားကျောင်းမှာဆိုရင် သူ့ကို ဆိုတတ်မှန်းသိလို့ ဆိုခိုင်းကြတယ်။ Live Show တစ်ခုလည်း လုပ်ဖို့ရှိတယ်၊ ခရစ်ယာန်နာမည်ကြီး အဆိုတော်တွေ ပါသေးတယ်။ သီချင်းတစ်ပုဒ် ဆိုနိုင်တာ သမီးအတွက် ဂုဏ်ယူတယ်၊ အဖေအမေသွေးပါတာ ဝမ်းသာမိတယ်”လို့ မီးမီးခဲက ပြောပါတယ်။ ငယ်ငယ်တည်းကက မိဘအမွေကို ဆက်ခံနေတဲ့ ဖြူဖြူစင်စင်လင်းကို မီးမီးခဲတို့လို ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ ရှိမလားလို့ မေးကြည့်တော့ “သူ့ဝါသနာအရပါပဲ။ သူဝါသနာပါရင်ပါတဲ့ အတိုင်းပါပဲ။ ကလေးကိုတော့ ဖိအားမပေးပါဘူး။ စိတ်ပါရင် ပါတဲ့အတိုင်းပါပဲ” လို့ မီးမီးခဲက သမီးလေး ဖြူဖြူ စင်စင်လင်းနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
တေးရေးပိုင်းကို တေးဆိုပိုင်းထက်ပိုပြီး ဝါသနာပါတယ်ဆိုတဲ့ မီးမီးခဲကို သီချင်းရေးတာနဲ့ ပတ်သက်ပြီး မေးကြည့်တော့ “သီချင်းရေးတာက ငွေရေးကြေးရေးကို တပ်မက် မှု မရှိပါဘူး။ တချို့က အစ်မသီချင်းရေးတတ်မှန်းသိလို့ သီချင်းတွေ လာအပ်ကြပါတယ်။ ရေဗက္ကဝင်းတို့၊ ရှင်ဖုန်းတို့၊ စင်ဒီတို့ ထွက်မယ့် အခွေတွေထဲမှာ အစ်မသီချင်းတွေ ရေးပေးထားတယ်။ ဂစ်တာတီးပြီးတော့ ကိုယ့်ဘာသာကိုယ် သီချင်းမယ်လိုဒီ ရှာတဲ့ဘဝကို ပိုကြိုက်မိတယ်”လို့ ပြောပြခဲ့ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။