14 December 2012 |By Popular News
ဂျပန်မှာ ၃ နှစ်ကျော်၊ ၄ နှစ်နီးပါး သွား ရောက် နေထိုင်ခဲ့တဲ့ Too Big အဖွဲ့မှ စောညီညီ က မြန်မာပြည်ကို ပြန်လည် ရောက်ရှိလာပြီး အနုပညာ အလုပ်တွေကို ပြန်လည် လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့က မျှော်စင်ကျွန်းမှာ ကျင်းပတဲ့ HIV ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲမှာ စောညီညီတို့ Too Big အဖွဲ့လည်း ပါဝင်ဖျော် ဖြေခဲ့ပြီး အသက် အရွယ်အရ တော့ ဝတ်စား ဆင်ယင်မှု ပုံစံ နည်းနည်း ပြောင်းသွားတာကိုလည်း တွေ့ရပါတယ်။ Too Big တွေရဲ့ တတိယ အယ်လ်ဘမ် သစ် ကိုတော့စောညီညီ ပြန်ရောက်လာပြီ ဖြစ်တဲ့ အတွက် သီချင်းတွေကို အသစ် ပြန်လည် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
မြန်မာပြည်ကို ပြန်ရောက် ရောက်ချင်းမှာပဲ ဒီမှာ Hit ဖြစ်နေတဲ့ ဟစ်ဟော့ပ် ပုံစံတွေကို လေ့လာ ဖြစ်နေတဲ့ စောညီညီက..”ဒီမှာ ဟစ်ဟော့ပ်က တအား မိုက်လာတယ်။ လူငယ်တွေက လူငယ် စတိုင်တွေနဲ့ အသက် ငယ်ငယ်လေးတွေ နဲ့ အရည် အချင်းတွေ ရှိတာ ချီးကျူးပါတယ်။ ကျွန်တော်လည်း ခံစားလို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော့် တစ်ကိုယ်တော် အခွေ ထွက်လာရင်တော့ ကျွန်တော် က Old Skool ဘက်ကို ပိုအားသန်တော့ အဲဒီလို ပုံစံတော့ပါမယ် ထင်တယ်။ ဒီဘက်ခေတ်ရဲ့ ပုံစံတွေ လည်းပါမှာပါ”လို့ စောညီညီ က ပြောပါတယ် ။စောညီညီ က ကျိုက်ဝိုင်း ဘုရားလမ်းပေါ်မှာ ဖွင့်လှစ်မယ့် Avenue 64 ဟိုတယ်မှာ Guest Service Manager အနေနဲ့လည်း ဝင်ရောက် လုပ်ကိုင်မှာ ဖြစ်ပါတယ်။
“ဇန်နဝါရီ ၄ ရက်နေ့ကစပြီး ဖွင့်လှစ် မှာပါ။ အနုပညာလည်း တစ်ဖက်နဲ့ ဆိုတော့ နည်းနည်းတော့ ပိုပင်ပန်း တာပေါ့။ အလုပ် ပိတ်တဲ့ရက်မှ သီချင်းသွင်း တာတို့ ၊ရေးတာ တို့ လုပ်ရမှာဆိုတော့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော် အခွေကိုတော့ တစ်နှစ်လောက် အချိန်ယူပြီး ပြင်ဆင်မယ်။ Too Big အနေနဲ့ အခွေကတော့ ကျွန်တော်တို့ သီချင်း အသစ်တွေ ထပ်ထည့်ပြီး အားလုံး ပြီးရင်တော့ ထွက်ဖြစ်မှာပါ။ ပရိသတ်တွေကို ပြောချင်တာက ကျွန်တော်တို့ သီချင်းတွေ အမြဲ ဆက်ဆိုနေဦးမှာပါ” လို့ စောညီညီနဲ့ ခဏတာ တွေ့ဆုံစဉ်မှာ ပြောပြခဲ့ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။