14 December 2012 |By Popular News
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော် က သူဟာ မြန်မာဟစ်ဟော့ပ် ပင်မ ရေစီးကြောင်းရဲ့ ရှေ့တန်းတိုက်စစ် မှူးတစ်ယောက်၊ လူငယ် ပီပီလွတ်လပ် တဲ့ အတွေး အခေါ်တွေ၊ မဟုတ် မခံ မတရားမှုကို တုံ့ပြန်ချင်စိတ်တွေနဲ့ ယုံကြည် ရာနိုင်ငံရေးလမ်း ကြောင်း ကို လျှောက်လှမ်းရင်းလောကဓံရဲ့ အထု အထောင်းတွေလည်း သူခံခဲ့ရတယ်။ နိုင်ငံရဲ့ အပြောင်း အလဲတွေမှာ လည်း နိုင်ငံရေး သမားတစ်ယောက်အဖြစ် ရော၊ အနုပညာ သမားတစ်ယောက် အဖြစ်နဲ့ပါ စွမ်းစွမ်းတမံ ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်တဲ့ Acid အဖွဲ့ဝင် ဇေယျာသော်က အခုဆို ရင်လွှတ် တော် ကိုယ်စားလှယ် တစ်ဦး အနေနဲ့ မြန်မာ့ နိုင်ငံရေး နယ်ပယ်မှာကျင်လည်နေပါ ပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီး စဉ်တွေ မှာလည်းအမြဲလိုလိုလိုက်ပါဖြစ် ခဲ့သူ ဇေယျာသော်နဲ့တွေ့ဆုံစဉ်ခဏ မှာပရိသတ်တွေအတွက်သူ့ရဲ့ပြည်သူ့ဘက်လှည့်ချိန်မှာဂီတဘက် မလှည့် ဖြစ်ခဲ့ခြင်းများကိုမေြး မန်းဖြစ်ခဲ့ပါတယ်။
မေး – ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်ပံတောင်းတောင်ကို သွားခဲ့တုန်းက ဇေယျာသော်အနေနဲ့ ဘာတွေကိုမြင်မိခဲ့လဲ။ ဇေယျာသော် အနေနဲ့ကော ဒီကိစ္စနဲ့ ပတ်သက်ပြီး တော့ ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ-ဒီကိစ္စကတော့ ခံစားချက်ကို အရင်းတည်လို့မရဘူး။ ခံစားချက် ရော၊ ဦးနှောက်ရော နှစ်ခုစလုံးပေါင်း ပြီး ဆုံးဖြတ်မှရမယ့် ကိစ္စတွေပါ။ ကျွန်တော့်အနေနဲ့ကတော့ ဒီဟာကို အမှန် တကယ်ခံစားနေရတဲ့ ဒေသခံပြည်သူတွေရဲ့ စိတ်ဆန္ဒကိုလည်းအလေးတယူပြုသင့်တယ်။ အဲဒီလိုမျိုးပဲအစိုးရဘက်ကနေလုပ်ကိုင်ဆောင်ရွက် တဲ့ကိစ္စေ တွကလည်း ပွင့်လင်း မြင်သာမှုရှိသင့်တယ်။အဲဒီလိုရှိမှပဲ ကျွန်တော်တို့ ရှေ့ ဆက်တိုးမယ့် အလုပ်တွေကို ဆက်လုပ်လို့ရ မှာပါဗျ။ အဲဒါမရှိမချင်းတစ်ဖက်ကိုတစ်ဖက်
အပြန်အလှန်စွပ်စွဲ အပြစ်တင်နေရုံနဲ့တော့ကိစ္စကပြီးသွားမယ် မထင်ဘူးဗျ။
မေး- ဇေယျာသော်အနေနဲ့ လူငယ်ဖြစ်တဲ့အတွက် လွှတ် တော်ထဲမှာ ဘယ်လိုတွေကြုံတွေ့ရသေးလဲ။လူငယ်တစ်ယောက်အနေနဲ့လွှတ်တော်နဲ့ကော အသားကျပြီလား။
ကိုယ်လုပ်ချင်လို့၊ ကိုယ်ယုံကြည်လို့ ရွေးချယ်ခဲ့တဲ့ ကိစ္စဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ ပြဿနာရယ် တော့မရှိပါဘူး။လူငယ်အမြင်အရပြောရမယ်ဆိုရင်နည်း နည်းေ တာင့်တောင့်ကြီးဖြစ်နေတယ်လို့တော့ မြင် မိတယ်။ တခြားနိုင်ငံတွေရဲ့ လွှတ်တော်တွေနဲ့ယှဉ်လိုက်ရင်ကျွန်တော်တို့ လွှတ်တော်ကတအားကြီးင်္ Formal ကျနေတယ်လို့ တော့ ပြောလို့ရတယ်။
မေး- ဇေယျာသော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပ ခရီးစဉ်တွေမှာတကယ့်ကို ကမ္ဘာ့နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့ တိုက် ရိုက်တွေ့ဆုံ ပြောဆိုခဲ့ရတယ်။
အဲဒီလိုတွေ့ဆုံမှုတွေကနေ ဇေယျာသော့်အတွက် ဘယ်လိုအတွေးအမြင်တွေရခဲ့လဲ။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အရင်တုန်းက တော့ နိုင်ငံရေး ကို နှလုံးသား နဲ့လုပ်ခဲ့တယ်။ ခံစားချက်နဲ့ လုပ်တာပေါ့။ အခုကျတော့ နိုင်ငံရေးကို နှလုံးသားခံစား ချက်ရော၊ ဦးနှောက်အသိရော ဒီဟာတွေအကုန် လုံးကို တွဲပြီးလုပ်ကိုင်ဆောင်ရွက်ေ တာ့မှ ပြည်သူ့အကျိုးကို အမှန်တကယ်ထိရောက်အောင် အကောင်အထည်ဖော် နိုင်မယ်ဆိုတဲ့ အမြင်တွေတော့ ရလာတာပေါ့။
မေး- အရင်တုန်းက ဟစ်ဟော့ပ် အဆိုတော်ဇေယျာသော်နဲ့ လွှတ်တော်အမတ်ဇေယျာသော် ဘယ်လိုကွာခြားသွား ပြီလဲ။ ကျွန်တော်တို့ နိုင်ငံရဲ့အပြောင်းအလဲမှာ အနု ပညာရှင်တွေရဲ့ အခန်းကဏ္ဍကလည်းအရေးကြီးတဲ့နေ ရာကပါခဲ့တယ်လို့ ပြောရင်ရမလား။
အနုပညာရှင်တွေရဲ့ အားချည်းပဲမဟုတ်ပါ ဘူး။လူတိုင်းကိုယ်စီမှာကိုယ်ကိုယ်တိုင်သတိမထား မိ တဲ့အားတွေရှိပါတယ်။ဒါပေမဲ့တွန်းကြ တဲ့နေရာ မှာ ပြိုင်တူတွန်းဖို့တော့ လိုတယ်။ အဲဒီနေရာမှာ လည်း တူညီတဲ့ လားရာတစ်ခုကို ဝိုင်းတွန်းဖို့လို တယ်။အဲဒါမှကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက် မှာပါ။ အရင်က ဟစ်ဟော့ပ်အဆိုတော် အနေ နဲ့က ပရိသတ်ကို အလေးဂရုပြုရတယ်။ ပရိသတ်ဆိုတာ ပြည်သူထဲကတချို့တစ်ဝက်ပေါ့။ အခုလွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာ ပြီဆိုတဲ့အခါကျတေြာ့ ပည်သူတစ်ရပ်လုံးကို အဓိက ကိုယ်စားပြုရတာပေါ့။ ကိုယ့်ကို မဲ ဆန္ဒပေးလိုက်တဲ့နယ်မြေက မဲဆန္ဒရှင် တွေကို ဂရုပြုရသလို ပြည်သူတစ်ရပ် လုံးကိုလည်း ဂရုပြုရတယ်။ ပိုပြီးတော့ နယ်ပယ်က ကျယ်တာပေါ့။
မေး- ဇေယျာသော်အနေနဲ့ နေပြည် တော်ကအစ်ကို့ရဲ့မဲဆန္ဒနယ်မှာ လူ ငယ်တွေအတွက် သင်တန်းတွေ၊ ဆိုင် ကယ်ဝပ်ရှော့တွေဖွင့်ပေးခဲ့တယ်။ အဲဒီ လိုမျိုးလူငယ်ေ တွအတွက် နောက်ထပ် ဘာတွေလုပ်ပေးဖို့ရှိလဲ။
ပွင့်ပွင့်လင်းလင်းပြောရရင် အမေစုကလက်တွေ့ကျတဲ့ အလုပ် ကိုလုပ်ဖို့ဆိုပြီး ကျွန်တော်တို့ လူငယ်တွေအားလုံးကို ပြောပါ တယ်။ အဲဒီအတွက် လက်တွေ့ကျ တဲ့၊ ဖြ စ်နိုင်တဲ့ ကိစ္စကနေစခဲ့တာ လို့ပဲ ပြောရပါမယ်။မဖြစ်နိုင်တဲ့ ကြီးကြီးမားမားတွေကိုယ့်ဆီမှာ ဘာဆိုဘာမှမရှိဘဲနဲ့ကြီး ကြီးမား မားတွေကို လုပ်ချင်တာရှိပေမယ့် လည်း လုပ်နိုင်တဲ့ အင်အားက မရှိ ဘူး။အဲဒါကြောင့်ဖြစ်နိုင်တဲ့၊လက် တွေ့ ကျတဲ့ကိစ္စကနေစပြီးတော့ လုပ်ကိုင် ဆောင်ရွက်ခဲ့တာပါ။ ဒီ့ထက်လည်း ထပ်လုပ်ဖို့ ခေါင်းထဲမှာတော့ စဉ်းစားထားတာရှိပေမယ့် လိုအပ် ချက်တွေ လည်းရှိနေတာကြောင့် အဆင်ပြေတဲ့ အချိန်မှာတော့ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားသွားမှာပါ။
မေး- အခုနောက်ဆုံးအနေနဲ့ မေးချင်တာကအနဂ္ဂနဲ့ ရန်ရန်ချန်းတို့ ကလည်း အစ်ကိုနဲ့အတူ သီချင်း တွေထပ်လုပ်နိုင်ဖို့ စိုင်းပြင်းနေပြီ။အစ်ကို့အနေနဲ့ကော ဘယ်လိုစိတ် ကူးတွေရှိနေလဲ။အခုဆိုရင်ဇေယျသော် ဆိုတာလွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်နေပြီဆိုတော့သီချင်းရေး တဲ့အခါအရင်ထက်ပိုပြီးရင့်ကျက်တဲ့စာ သား၊စကား လုံးတွေရလာနိုင်မလား။
အဲဒီလိုမျိုး ပြောရမယ်ဆိုရင် တော့ စကားလုံးက ကြီးကျယ်နေပါ လိမ့်မယ်။ကျွန်တော့်ရဲ့စိတ်ကူး ခံစား ချက်အရဆိုရင် အကြောင်းအရာအရ ပဲဖြစ်ဖြစ်၊ အနှစ်သာရပိုင်း အရပဲ ဖြစ် ဖြစ်၊ပြည်သူတွေ၊ပရိသတ်တွေကိုတစ် ခုခုမပေးဘဲနဲ့ တော့ သီချင်းတစ်ပုဒ်ကိုလွယ်လွယ်ကူကူမဖန်တီးချင်တဲ့ စိတ် တော့ရှိပါတယ်။ ကျွန်တော့်အနေနဲ့က ဂီတဆိုတာကြီးကိုလည်း ပစ်ပယ်သွား တာ မဟုတ်ပါဘူး။ လောလောဆယ် မှာ ကျွန်တော့်အနေနဲ့ ဂီတဘက် ကိုလှည့် ဖို့ အချိန်မအားဖြစ်နေလို့ပါ။ အသွေးအသား ထဲမှာတော့ ဂီတဆို တာအမြဲရှိပါတယ်။
ရဲရဲ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။