14 December 2012 |By The Public Image
လင်ဆေးလိုဟန်သည် သူမ၏ ဝင်ငွေခွန် ပေးဆောင်ရန် အတွက် သူမ၏ အဝတ်အစား များကို ရောင်းချ နေရသည်ဟု ဆိုသည်။ အသက် ၂၆ နှစ်အရွယ်ရှိ လင်ဆေးသည် သူမ၏ အဖိုးတန်ဆုံး အဝတ်အစားများ၊ ဖိနပ်များနှင့် အခြား အသုံးအဆောင် များကို လော့အိန်ဂျလိစ် မြို့ရှိ အဝတ်ဟောင်း အရောင်းဆိုင်တွင်ရောင်းချရန် သူမ၏ညီမ အာလီကို စေလွှတ်ခဲ့သည်ဟု အမေရိကန်ဝက်ဆိုဘ်တစ်ခုဖြစ်သော Radar Online က ဖော်ပြခဲ့သည်။
သူမ၏ဘဏ်ငွေစာရင်းကို ပြည်တွင်းအခွန်ဌာနက သိမ်းလိုက်ပြီးနောက် သူမယခုကဲ့သို့ အသည်း အသန်ငွေဖော်နေရခြင်းဖြစ်သည်။ လင်ဇီးသည် ၂၀၁၀ ခုနှစ်အတွက် ဝင်ငွေခွန်ပေါင် ၁၄၆၀ဝ၀ ခန့် ပေးဆောင်ရန်ရှိနေပြီး ၂၀၁၁ ခုနှစ် ဝင်ငွေပေးဆောင်ရန်လည်းရှိနေခဲ့သည်။
သူမ၏မိတ်ဆွေ ချာလီရှင်းက ပေါင် ၆၂၀ဝ၀ အလကားပေးခဲ့သော်လည်း ထိုငွေပမာဏက အရာမထင်ဖြစ်နေသည်။ အဟောင်းဆိုင်သို့ အထည်သွားရောင်းခဲ့သည့် အာလီသည်လည်း ဒေါ်လာ ၇၀ဝ လောက်တန်သောပစ္စည်းအတွက် ဒေါ်လာ ၇၀ သာပေး၍ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရ သည်။
ဤအဝတ်အထည် များသည် နာမည်ကျော် မင်းသမီး လင်လိုဟန်၏ အဝတ်အထည်များဖြစ်သည် ဟူသော စကားပင်လျှင် အရာမထင်ခဲ့ချေ။
7.12.12 Daily Mails

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။