14 December 2012 |By Good Health
တစ်ခါတစ်ရံမှာ ဘာကြောင့်မှန်း မသိပေမယ့် အလုပ်ထဲမှာ အာရုံ စူးစိုက်မရအောင် ပျံ့လွင့်နေ တာမျိုး ကြုံဖူးကြမှာပါ။ အလုပ်တွေ လုပ်စရာ အများအပြား ရှိနေပေမယ့် အာရုံစူးစိုက်မရလို့ အလုပ်တွေ မပြီးပြတ်နိုင် ဖြစ်နေပါသလား။ အာရုံစူးစိုက်မှု ကောင်းပြီး အလုပ်ပြီး မြောက်စေဖို့ အောက်ပါအချက်တွေကို လိုက်နာကြည့်ပါ။
(၁) ပီကေဝါးပါ
ဗြိတိန်မှ သုတေသီတွေက ပီကေဝါးတာက အာရုံစူးစိုက်မှုကို တိုးစေပြီး မှတ်ဥာဏ်ရွှင်လန်းစေတယ် လို့ဆိုပါတယ်။ သကြားပါတဲ့ ပီကေက သွားတွေကို ဒုက္ခ ပေးနိုင်တာကြောင့် သကြားမပါတဲ့ပီကေ ကို ဝါးပေးပါ။
(၂) တစ်ကြိမ်မှာ တစ်ခုသာ တွေးပါ
ခေါင်းထဲမှာ အလုပ်တွေ များလွန်းနေရင်လည်း ဘယ်ကစလို့ ဘာကိုလုပ်ရမှန်း မသိတာကြောင့် အာရုံစူးစိုက်မှုကို လျော့နည်းစေပါတယ်။ အလုပ်တွေ ဘယ်လောက်များများ အဓိကနဲ့ သာမ ညကို ခွဲခြားတတ်ဖို့ လိုပါတယ်။ ဦးစား ပေး ဆောင်ရွက်သင့်တာတွေကို အရင် လုပ်ဆောင်ပြီး တဖြည်းဖြည်းချင်းလုပ် ဆောင်ရမယ့် အရာတွေကို ခွဲခြားသတ် မှတ်ပြီး လုပ်ဆောင်ပါ။ တစ်ကြိမ်မှာ တစ်ခုပဲ တွေးတောဆောင်ရွက်တာက အာရုံစူးစိုက်မှုကို ပိုစေပါတယ်။
(၃) ငါးမိနစ်ကြာ လမ်းလျှောက်ပါ
အာရုံစူးစိုက်မရတာကြောင့် ငေးငိုင် နေမယ့်အစား ငါးမိနစ်လောက် လမ်းထ လျှောက်လိုက်ပါ။ သွေးလှည့်ပတ်မှု ကောင်းသွားပြီး ဦးနှောက်ကို သွေး ရောက်ရှိတာကြောင့် နိုးနိုးကြားကြား ဖြစ်ကာ အာရုံစူးစိုက်မှုလည်း ပိုလာပါ တယ်။
(၄) စာရင်းပြုစုပါ
လုပ်ဆောင်စရာရှိတာတွေကို စာရင်းပြုစုထားတာကလည်း အလုပ်ကို ပိုမို အာရုံစိုက်နိုင်မှာပါ။ လုပ်ဆောင်စရာရှိ တာတွေကို ခေါင်းထဲမှာပဲ မှတ်ထားရတာ တွေ များတာကြောင့် အာရုံစူးစိုက်မှု လျော့နည်းစေပါတယ်။ ဒါကြောင့် စာရင်း ပြုစုထားပါက သင့်ဦးနှောက်က စူးစိုက်မှု ကို ပိုမိုရရှိစေပါတယ်။
(၅) သရေစာစားပါ
ဖလော်ရီဒါတက္ကသိုလ်ရဲ့ မကြာသေးမီက ထုတ်ဖော်ချက်အရ သရေစာ စားသုံးတာက သွေးတွင်း သကြားဓာတ်ကို မြှင့်တင်ပေးတာကြောင့် အာရုံစူးစိုက်မှုကို ပိုမိုကောင်းစေတယ်လို့ တွေ့ရပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။