13 December 2012 |By SHADE Journal
ကမ္ဘာ့ အကြီးဆုံး ကားလို့ မှတ်တမ်း အတင်ခံ ထားရတဲ့ကား ကတော့ General Motor မှ ထုတ်လုပ်တဲ့ Terex 33-19 လို့အမည်ရ တဲ့ ထရက်ကားပဲဖြစ်ပါတယ်။
Terex ထရက်ကား အမျိုးအစားများ ကို ၁၉၇၃ခုနှစ်ကစတင်ထုတ်လုပ်ပြီး ဆောက်လုပ်ရေး၊ သတ္တုတူး ဖော်ရေး၊ လမ်းတံတား ဖောက်လုပ်ရေး တို့မှာ အသုံးပြုဖို့ ရည်ရွယ်ပြီး GM က ကနေဒါနိုင်င့မှထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
Ultra Class အမျိုးအစားဖြစ်ပြီး သူ့ရဲ့ Dimension ကတော့ အမြင့် ၂၂ပေ ၇လက်မ၊ အကျယ် ၂၅ပေ၊ ၇လက်မ၊ အလျား ၆၆ပေ ၉လက်မ ရှိပါတယ်။ အင်ဂျင်က လျှပ်စစ်ဓာတ်အား AC သုံအင်ဂျင်ဖြစ်ပြီး ဒီဇယ်အင်ဂျင်လည်းပါရှိပါသေးတယ်။ စလင်ဒါ ၁၆လုံးနဲ့ top speed တစ်နာရီ ၂၉.၈ မိုင်အထိမောင်းနှင်နိုင်ပါတယ်။
သို့ပေမယ့် သူ့ရဲ့ အရွယ်အစားကြောင့်မို့ လမ်းမကြီးတွေပေါ်မှာ မောင်းနှင်ခွင့်မရှိပါဘူး။ လုပ်ငန်းသုံးကား သက်သက်သာဖြစ်ပါတယ်။
အလေးချိန် ၅၀၉၅၀ဝ ပေါင်ရှိပြီး ကုန်တန် ၄၀ဝ သယ်ဆောင်နိုင်စွမ်းရှိပါတယ်။ ၂၀ဝ၉ခုနှစ် က ထုတ်လုပ်ထားတဲ့Terex 33-19 Titan ဟာ စမ်းသပ် ထုတ်လုပ် ခြင်းသာဖြစ်ပြီး လုပ်ငန်းခွင်အသုံးမချဘဲ ကနေဒါနိုင်ငံကပြတိုက် တစ်ခုမှာ ကမ္ဘာလှည့်ခရီးသွားများ ကြည့်ရှုလို့ရအောင် ပြသထားပါ တယ်။
သူ့ရဲ့ ကာလပေါက်ဈေးဟာ ယနေ့ငွေကြေး တန်ဖိုးနဲ့ တွက်မယ် ဆိုရင် အမေရိကန်ဒေါ်လာ ၆သန်းတန်ဖိုးရှိပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။