13 December 2012 |By Popular News
နိုဝင်ဘာ၂ရက်နေ့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)အနုပညာ စွမ်းရည်ပြ ပဒေသာကပွဲမှာ အတီး ပညာကိုတာဝန်ယူထားတဲ့ ဓိရာမိုရ်က မဟာဂီတကိုဆန်းသစ် တီထွင်မှု ပုံစံအသစ်နဲ့ဖျော်ဖြေသွားခဲ့ပါတယ်။
ဆန်းသစ်တီထွင်မှုပုံစံအသစ်နဲ့ ဖျော် ဖြေခဲ့ပုံကို“ဆန်းနွေဦး သီချင်းက မဟာ ဂီတဝင်သီချင်းကြီးတစ်ပုဒ်ပါ။ အဲဒီသီချင်းက အပိုဒ်၃ပိုဒ်ပါတယ်။ ပထမ ပိုဒ်မှာကမြန်မာလိုပဲ စောင်းတွေ၊ ပလွေ တွေ၊ဗုံတွေအသုံးပြုထားတယ်။ နောက် ပိုင်းမှာတော့ ဂီတကျောင်းသားတွေက ဟာမိုနီတွေ ကွဲပြီးဆိုသွားကြတာပါ”လို့ပြောပါတယ်။ နောက်ခံတေး ဂီတ(အကယ်ဒမီ)ဆုနဲ့ ပတ်သက်ပြီး “နောက်ခံတေးဂီတ အကယ်ဒမီဆု ဘယ်နှခုနှစ်လောက်ကနေ စပေးလာ သလဲတော့မသိဘူး။ဘာပဲဖြစ်ဖြစ် အဲဒီလိုနိုင်ငံတော်ကအသိအမှတ်ပြု ဆုပေးတာကောင်းပါတယ်။ ဂီတနဲ့ ပတ်သက် ပြီးတော့ ဆုတွေက နိုင်ငံတကာမှာရှိတယ်။ မြန်မာပြည်မှာ တော့မရှိသေးဘူး။ အဓိကကတော့ နောက်ခံတေးဂီတဆုကို ပေးတဲ့ အတွက်ကောင်းပါတယ်” လို့ဆိုပါ တယ်။
ဓိရာမိုရ်က ဒီနှစ်အကယ်ဒမီ စင်မြင့်မှာ ဖျော်ဖြေရေးပိုင်းနဲ့ ပတ်သက်ပြီး “အတိအကျမသိနိုင်သေးဘူး။ ပထမက တစ်ခုခုကို တာဝန်ယူရမလိုပုံစံမျိုးဖြစ်နေတယ်”လို့ ပြော ပါတယ်။ ဆက်လက်ပြီး ဆီးဂိမ်းဖျော် ဖြေပွဲမှာ ဓိရာမိုရ် ပါဝင်ဖျော်ဖြေ မယ်လို့ သိရပါတယ်။
ယွန်းလင်္ကာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။