Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 24, 2012

ငယ်ငယ်ကတည်းက စတိတ်စင်ကြီးပေါ်မှာ ပရိသတ်တွေကို သီဆို ဖျော်ဖြေချင်ခဲ့တာ၊ စန္ဒီ (၁၅၀၀)

24 December 2012 |By 8 Days
ငယ်ငယ်တုန်းက ငယ်ဘဝ အမှတ်တရ အဖြစ် အပျက်လေး တွေ အများကြီးပဲ။ နောက်ပြီး ငယ်ငယ်ကတည်းက ဓာတ်ပုံရိုက်တာကို ဝါသနာပါခဲ့တာ။
အမှတ်တရတွေဆိုရင် သီချင်းဆိုနေတဲ့ ဓာတ်ပုံလေးက ကျုံပျော် ဘုရားပွဲမှာ သီချင်းသွားဆိုတုန်းက ရိုက်ထားတဲ့ ပုံလေး။ အဲဒီပွဲတုန်းကဆိုရင် ဦးကိုင်ဇာ၊ မမျိုးသန္တာထွန်း၊ ကျန်တဲ့ အနုပညာရှင်တွေလည်း ပါသေးတယ်။ အဲဒီတုန်းက တော်တော်ငယ်သေးတယ်။
ငယ်ငယ်လေးကတည်းက အဆို ဝါသနာပါခဲ့တာ။ ဦးလေးကလည်း အိမ်မှာ ကက်ဆက်ပြင်တာဆိုတော့ သီချင်းသံတွေနဲ့ ရင်းနှီးနေခဲ့တယ်။ အရင်တုန်းကဆိုရင် ပွဲလေးတွေကို ရင်းနှီးတဲ့သူတွေ လာငှားတော့ အမြဲတမ်း ကပြသီဆိုဖြစ်တယ်။ အရမ်းပျော်စရာကောင်းခဲ့တယ်။ အဲဒီတုန်းက သူများသီချင်းတွေပဲ သီဆိုဖြစ်ခဲ့တာပေါ့။ ကိုယ်ကလည်း တကယ်သီချင်း သီဆိုချင်တဲ့ သူဆိုတော့ ဂီတလည်းဝါ သနာပါတယ်။ ပြီးတော့ စင်ပေါ်တက်ရတယ်။
ကိုယ်တစ်ခါမှလည်း မတွေ့ဖူးတဲ့ ပရိသတ်တွေနဲ့ တွေ့ရတယ်။ အဲဒီတုန်းက ပရိသတ်တွေရဲ့ လက်ခုပ်သံတွေကြောင့် အများကြီး ကြည်နူးခဲ့ရတယ်။ ကက်ဆက်တွေကြားထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးဆိုရင် ပိုပြီး အမှတ်တရ ရှိခဲ့တယ်။ အဲဒီတုန်းက ခြောက်နှစ် သမီးလောက်ပဲ ရှိသေးတယ်။
နောက်ဓာတ်ပုံ တစ်ပုံက ဂစ်တာတီးတဲ့ ဓာတ်ပုံလေး။ အဲဒီဓာတ်ပုံလေးကလည်း တော်တော်ကြာခဲ့ပြီ။ ၂၁ နှစ် အရွယ်တုန်းက ဖြစ်မယ်။ တူရိယာပစ္စည်း တစ်ခုနဲ့ ရိုက်မယ်ဆိုတော့ ဂစ်တာလေးကို ကိုင်ပြီး အမှတ်တရ ဖြစ်အောင် ရိုက်လိုက်တာ။
ဓာတ်ပုံရိုက်ရင် ဂီတပစ္စည်း တစ်ခုခု ကိုင်ပြီး ရိုက်ရတာကို ပိုသဘောကျတယ်။ ဂစ်တာကတော့ မတီးဖြစ်ဘူး။ လက်သည်းအရှည်ထားလို့လေ။ ငယ်ငယ်တုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေကတော့ အမြဲတမ်း အမှတ်တရ ဖြစ်ခဲ့တယ်။ ဒီဓာတ်ပုံလေးက ဘယ်အရွယ်တုန်းက သီချင်းဆိုခဲ့တဲ့ ဓာတ်ပုံလေး၊ ပရိသတ်က ဘယ်လို အားပေးခဲ့တယ်ပေါ့။ ဘယ်ပွဲတုန်းက ဘယ်လိုဆိုခဲ့တယ်ဆိုပြီး ဓာတ်ပုံလေးတွေ ပြန်ကြည့်ရင်း အမှတ်တရ ဖြစ်ခဲ့တာပေါ့။
ကလေးဘဝတုန်းကဆို အိမ်က ကျောင်းကပွဲ စုံညီပွဲတွေမှာသာ ဆိုခဲ့ရတယ်။ ကြီးတဲ့ ပွဲမျိုးဆိုရင် အိမ်က ခွင့်မပြုဘူး။ ဒါပေမဲ့ ဘယ်ပွဲမဆို ပါချင်တယ်။ ဆိုနေရရင်ပြီးရော ဆိုပြီးတော့။ အိမ်က ပညာရေးဘက်ကိုပဲ ဦးစားပေးသင်ပေးခဲ့တယ်။ ကိုယ်နဲ့ ရင်းနှီးတဲ့ လူတွေရဲ့ ပွဲတွေလောက်သာ သီဆိုခွင့်ရတော့ အရမ်းစိတ်ညစ်တယ်။ ဝမ်းနည်းခဲ့ရတယ်။
ငယ်ငယ်လေးကတည်းက စတိတ်စင်ကြီး အပေါ်မှာ ပရိသတ်တွေနဲ့ အတူ သီဆိုဖျော်ဖြေချင်ခဲ့တာလေ။ နောက်ပြီး စန္ဒီက ဓာတ်ပုံရိုက်တော့မယ်ဆိုရင် post အမျိုးမျိုးကို ငယ်ငယ်လေးကတည်းက လုပ်တတ်တာ။ ဒါကြောင့် စန္ဒီချစ်ရတဲ့ ပရိသတ်ကို သိစေချင်တာကလည်း စန္ဒီရဲ့ အဓိက ရည်မှန်းချက်က အောင်မြင်တဲ့ ဂီတအနုပညာရှင် အဆိုတော် တစ်ယောက် ဖြစ်ချင်တာပါလို့ ပြောချင်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။