24 December 2012 |By 8 Days
ဥာဏ်လင်းအောင်ရဲ့ ဒုတိယ တစ်ကိုယ်တော် သူစိမ်းလူကို ဒီဇင်ဘာ ၂၅ ရက်မှာ လှည်းတန်း
စိန်ဂေဟာနဲ့ Happy World တို့မှာ လက်မှတ်ထိုး ရောင်းချမှာ ဖြစ်ပါတယ်။ သူစိမ်းလူမှာ သောမတ်စ်၊ စောခူဆဲလ်၊ ရယ်ဂျီ၊ လင်းလင်း၊ ဝေလ၊ အောင်ဖြိုး၊ ငြိမ်းချမ်း၊ PH7 တို့က ရေးထားပြီး IRON CROSS Band က တီးခပ်ပေးထားပါတယ်။ The Sun Music က ဖြန့်ချိမှာ ဖြစ်ပါတယ်။
ဒုတိယ တစ်ကိုယ်တော် စီးရီးထွက်ပြီးရင် မင်းသားလုပ်မယ့် အစီအစဉ်ကရော
အဲဒါက နောက်တာဗျ။ သရုပ်ဆောင်တာကို ကျွန်တော့် ကြော်ငြာလောက်ပဲ ရိုက်ဖို့ စဉ်းစားထားတယ်။
ကြော်ငြာရိုက်တာနဲ့ သီချင်းဆိုတာမှာ ဘယ်ခံစားမှုကို ပိုသဘောကျလဲ
ကျွန်တော်က နဂိုကတည်းကလည်း မလှုပ်ဘူး။ ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းရင် ကြိုပြောတယ်။ ကျွန်တော် မကဘူးလို့ ခုရိုက်ခဲ့တဲ့ ကြော်ငြာတွေကတော့ ကျွန်တော်နဲ့ လိုက်မယ့်ပုံစံတွေ သိပ်မလှုပ်ရဘူး။
ပရိသတ် အတောင်းဆုံး သီချင်းက
သူငယ်ချင်းသီချင်းပါ။ ခုနောက်ပိုင်းမှာတော့ အသင့်ရှိသူကိုလည်း တောင်းလာကြတယ်။
သူစိမ်းလူထဲမှာ ဘယ်သီချင်းက ပရိသတ်နဲ့ စိတ်ကြိုက်တွေ့မယ်ထင်လဲ။
ကျွန်တော်က မင်းတစ်ယောက်ပဲ သီချင်းလေး တော်တော်ကြိုက်တယ်။ တခြား သူငယ်ချင်းတွေကို ပေးနားထောင်လိုက်ရင်လည်း တစ်ခေါက်တည်းနဲ့ နားထဲရောက်တယ်။ ဒီအခွေမှာ နည်းနည်းမြူးတာတွေ များတယ်။ အသည်းကွဲတာတောင် မြူးမြူးလေး ကွဲထားတာပေါ့။
အပြင်မှာအသည်း ကွဲရင်ရော
ကျွန်တော်က အမြဲရယ်နေတော့ အသည်းကွဲရင်တောင် ကွဲလို့ကွဲနေမှန်းတောင် မသိဘူး။ အသည်း ခဏခဏ ကွဲဖူးတယ်။
အောင်မြင်တဲ့ လူငယ်တစ်ယောက် အနေနဲ့ ကိုယ့်ရဲ့ ဘဝကို ဘယ်လိုထိန်းကျောင်းနေထိုင်ပါလဲ။
အဓိက ကိုယ့်စိတ်ပါပဲ။ ကိုယ်လုပ်ချင်မှ ဖြစ်တာပါ။ ကျွန်တော်က တစ်ဦးတည်းသော သားပေမယ့် ငယ်ငယ်ကတည်းက လူပေါင်းစုံနဲ့ ပေါင်းဖူးတယ်။ ကိုယ့်အသိစိတ်နဲ့ ကိုယ်ပဲ ထိန်းပါတယ်။
စီဒီနဲ့ဆိုတဲ့ အဆိုတော်ဆိုတဲ့ အပေါ်မှာ ဥာဏ်လင်းအောင် အမြင် သိချင်ပါတယ်။
ကျွန်တော်လည်း တစ်ခါတလေ စီဒီနဲ့ ဆိုရပါတယ်။ တစ်ခါတလေ ပွဲငှားတဲ့သူတွေက Band လိုက်ကြီး မငှားနိုင်ဘူး။ မင်္ဂလာဆောင် ညစာစားပွဲ တချို့နေရာတွေမှာ စီဒီနဲ့ ဆိုရတယ်ဗျ။ ဂီတက ဂီတပါပဲ။ စီဒီနဲ့ပဲဆိုဆို Band နဲ့ပဲ ဆိုဆို ဂီတသမားက ဂီတသမားပါပဲ။ တစ်လမ်းတည်း သွားနေကျတာ။
ပရိသတ်ကို ပြောချင်တာက
ကျွန်တော်က သူစိမ်းလူ ဖြစ်သွားပြီ။ ပရိသတ်ကြီး သူစိမ်းလူကို အားပေးပါဦးလို့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။