13 December 2012 |By Popular News
(၇)နှစ်ကြာပြီးနောက်ပိုင်း စတုတ္ထတစ်ကိုယ်တော် တေးစီးရီး ထွက်ရှိလာတဲ့ ဆုန်သင်းပါရ်ရဲ့ `အသစ်´တေးစီးရီးအယ်လ်ဘမ် (ကိုယ်ပိုင်သံစဉ် သီချင်းသစ်များ)ကို ဒီဇင်ဘာ (၂၂)ရက်နေ့ မှာ The Sun Music ထုတ်လုပ်ရေးကနေ စတင်ဖြန့်ချိတော့မှာ ဖြစ်တဲ့အကြောင်း စာနယ်ဇင်း ရှင်းလင်းမှုတစ်ရပ်ကို ဒီဇင်ဘာ ၁၂ ရက် နေ့လည် ၃ နာရီက Park Royal Hotel မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ ဆုန်သင်းပါရ်ရဲ့ ကိုယ်ပိုင်သံစဉ် `အသစ်´ တေးစီးရီးကို ကမ္ဘာ့အဆင့်မီ ရေ ရှည်ခံသော Gold Disc နဲ့ အသုံးပြုထားပြီး 24 Bit စနစ်နဲ့ အသံသွင်းယူထားတဲ့အတွက် အရည် အသွေးမြင့်မားတဲ့ စီးရီးအယ်လ်ဘမ်တစ်ခု ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။