13 December 2012 |By Popular News
ပန်းဖြူကို အခုနောက်ပိုင်းမှာ အနုပညာ လှုပ်ရှားမှုတွေ သိပ်မတွေ့ရပါဘူး။ ပရိသတ်တွေ ကလည်း ပန်းဖြူရဲ့ ဇာတ်ကားအသစ်တွေကို ကြည့်ချင်နေကြကြောင်းနဲ့ အခု လက်ရှိမှာ ပန်းဖြူရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေ အကြောင်းကို လည်း မေးနေကြ ပါတယ်။
ဒီလိုပရိသတ်တွေရဲ့အမေးကိုအဖြေပြန်ပေးနိုင်ဖို့အတွက်ပန်းဖြူကို ဆက်သွယ် မေးမြန်းတဲ့အခါမှာတော့”ပန်းဖြူကိုမြန်မာနိုင်ငံမှာ ရှိတယ်လို့မထင်ကြဘူး။ ခရီး ထွက်သွားတယ်လို့ပဲ ထင်နေကြတာ။ အားပေးကြတဲ့ပရိသတ်တွေကို ကျေးဇူး တင်ပါတယ်။ ဇာတ်ကားတွေ မရိုက်ဖြစ်တာ ၉လလောက်ရှိပြီ၊ မင်္ဂလာဆောင်ပြီးနောက်ပိုင်း လက်ကျန်ဇာတ်ကား တစ်ကားကို ဖိုးချစ်နဲ့ ရိုက်ဖြစ်သေးတယ်။အဲဒါပြီးတော့ မရိုက်ဖြစ်တော့တာ။ လာငှားရင်တော့ ဇာတ်ရုပ်အပေါ်မူတည်ပြီးတော့ ရိုက်ဖြစ်သွားမှာပါ”လို့ ပြောပြပါတယ်။
အကယ်ဒမီ ပေးပွဲကို ဒီနှစ်ရန်ကုန်မှာ ပြုလုပ်မယ့်အပေါ် ကိုလည်း ပန်းဖြူက “အကယ်ဒမီပွဲက ရန်ကုန်မှာဆိုတော့ ပိုပြီးကြိုက်တယ်။သွားလာရ၊ပြင်ဆင်ရတာ အဆင်ပြေတယ်။ နယ်မှာကျတော့ ပင်ပန်းတယ်လေ။ ဒီနှစ် အကယ် ဒမီပွဲအတွက်ဝတ်စုံကို မေဦးမောင်(တော်ဝင်သူ)ကပေးမယ်။ အကယ်ဒမီကို ခင်ပွန်းကဆစ်ဒနီမှာ ဆိုတော့ ပြန်လာလို့ မမီဘူးလို့ထင်တယ်။ အကယ်ဒမီပွဲတက် ဝတ်စုံတွေ က ဒီဇိုင်းအမြင်တွေဆန်းတော့ ကိုယ်တိုင်ကပါ စိတ်ဝင်စားတယ်။ ဘယ်သူဘယ်လိုလေး ဝတ်လဲဆိုတာကအစ ကြိုက်တယ်။ ဒီနှစ်အကယ်ဒမီကို သက်မွန်မြင့်ရမယ်လို့ ထင်တယ်။ သူ့ကားလေးတွေ တော်တော်များများလည်း တွေ့ရတယ်။ ကိုလူမင်းရမယ်လို့လည်း ကြားတယ်”လို့ပြောပြခဲ့ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။