Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 9, 2017

ဟင်းခတ်အမွှေးအကြိုင်တို့ရဲ့ ဘုရင်မ လို့ အမွှန်းတင်ထားရတဲ့ နနွင်း ပါ ။

နနွင်း
.

ဟင်းခတ်အမွှေးအကြိုင်တို့ရဲ့ ဘုရင်မ လို့ အမွှန်းတင်ထားရတဲ့ နနွင်း ပါ ။
တကမ္ဘာလုံးမှာ အသုံးပြုကြပါတယ် ။
အမေရိကန်ဂျာနယ် ( Journal of the American Chemical Society )က
နနွင်းမှာ …
ဓါတ်တိုးကာကွယ်ဓါတ် ( antioxidant )
ဗိုင်းရပ်ပိုး ကို ချေဖျက်တဲ့သတ္တိ ( antiviral )
ဘက်တီးရီးပိုးကို ချေဖျက်တဲ့သတ္တိ ( antibacterial )
မှိုပိုးကို ချေဖျက်တဲ့သတ္တိ ( antifungal )
ကင်ဆာကို တိုက်ဖျက်တဲ့သတ္တိ ( anticarcinogenic )
ဆဲလ်များ ဗီဇမပြောင်းစေတဲ့သတ္တိ ( antimutagenic )
ရောင်ရမ်းခြင်းကို တိုက်ဖျက်တဲ့သတ္တိ ( anti-inflammatory )
တို့ ရှိပြီး ၊
ပရိုတိန်းဓါတ် ( protein )
ဖိုင်ဘာဓါတ် ( dietary fiber )
နိုင်ယာစင် ( niacin )
ဗီတာမင် စီ ( Vitamin C )
ဗီတာမင် အီး ( Vitamin E )
ဗီတာမင် ကေ ( Vitamin K )
ပိုတက်ဆီယမ် ( potassium )
ကယ်လဆီယမ် ( calcium, copper )
သံဓါတ် ( iron )
မန်းဂနိ ( magnesium )
ဇင့် ( zinc )
စတဲ့ အဟာရဓါတ်များ ပါဝင်ကြောင်း ဖော်ပြထားပါတယ် ။

ဒီလို သတ္တိတွေ ရှိတဲ့အတွက် နနွင်းဟာ ကျန်းမာရေးအတွက် ဆေးဖက်ဝင်
ဖြစ်နေပါတယ် ။

.

1. ကင်ဆာ ကာကွယ်ခြင်း ( Prevents Cancer )
.

ဆီးကြိတ်ကင်ဆာ ( prostate cancer ) ဆဲလ်များကို သေစေနိုင်တဲ့အတွက်
ကင်ဆာကြီးထွားမှုကို တားနိုင်ပါတယ် ။
ဓါတ်ရောင်ခြည်သင့်လို့ ကင်ဆာဖြစ်ခြင်းကို ကာကွယ်နိုင်တဲ့ သတ္တိ နနွင်းမှာ
ပါရှိကြောင်းလည်း တွေ့ ကြရပါတယ် ။
တီဆဲလ်သွေးဖြူဥကင်ဆာ ( T-cell leukemia )
အူမကြီးကင်ဆာ ( colon carcinomas ) နဲ့
ရင်သားကင်ဆာ ( breast carcinomas ) မှ ကင်ဆာဆဲလ်များကို
သေစေနိုင်တဲ့ သတ္တိလည်း ရှိပါတယ် ။
.

2.အဆစ်ရောင်ရောဂါ ( Arthritis )
.

ရောင်ရမ်းခြင်းကို လျော့စေတဲ့သတ္တိ ၊ ဓါတ်တိုးကာကွယ်သည့်သတ္တိ
နနွင်းမှာ ပါရှိတဲ့အတွက်
အဆစ်အမြစ်ရောင် ရောဂါများ ( osteoarthritis , rheumatoid arthritis )
တို့ကို ကုသရာမှာ အသုံးဝင်ပါတယ် ။

.

3. ဆီးချို ( Diabetes )
.

အင်ဆူလင်ပမာဏကို ထိန်းညှိပေးတဲ့အတွက် ဆီးချိုရောဂါကို ထိန်းရာမှာ
နနွင်းဟာ အသုံးဝင်ပါတယ် ။
အင်ဆူလင်ကို ခုခံမှု ( insulin resistance ) ကို လျော့ပါးစေတဲ့ သတ္တိ
ကြောင့်လည်း သက်ကြီးဆီးချို (Type-2 diabetes ) ဖြစ်လာမှုကို
ကာကွယ်ပေးပါတယ် ။

.

4. ကိုလက်စထရော ( Cholesterol )
.

နနွင်းကို ဟင်းခတ်စားသုံးမှုက ကိုလက်စထရောကျစေကြောင်း
တွေ့ ရှိရပါတယ် ။
ကိုလက်စထရောက နှလုံးသွေးကြောရောဂါ ၊ သွေးတိုးရောဂါတို့ရဲ့
တရားခံ ဖြစ်ပါတယ် ။
နနွင်းစားသုံးမှုက ဒီရောဂါဆိုးတွေကို ကာကွယ်ရာ ရောက်ပါတယ် ။

.

5. ကိုယ်ခံစွမ်းအား မြှင်တင်ခြင်း ( Immunity Booster )
.

နနွင်းမှာပါတဲ့ လိုင်ပိုပေါ်လီစခရိုက် ( lipopolysaccharide ) ဓါတ်က
ကိုယ်ခံအားစံနစ်ကို လှုံ့ဆော်ပေးပါတယ် ။
ဗိုင်းရပ်ပိုး ကို ချေဖျက်တဲ့သတ္တိ ( antiviral )
ဘက်တီးရီးပိုးကို ချေဖျက်တဲ့သတ္တိ ( antibacterial )
မှိုပိုးကို ချေဖျက်တဲ့သတ္တိ ( antifungal ) တွေကလည်း ကိုယ်ခံအားကို
အားဖြည့်ပေးပါတယ် ။
ကိုယ်ခံအား ကောင်းနေပါက အအေးမိ ၊ နှာစေး ၊ ချောင်းဆိုး ၊ တုပ်ကွေး
တွေကို အဖြစ်နည်းစေပါတယ် ။
အအေးမိခဲ့ရင် နနွင်း လဘက်ရည်တဇွန်းစာကို နွားနို့ပူပူ တဖန်ခွက်မှာ
ထည့်မွှေပြီး တနေ့တကြိမ်သောက်ပေးပါက မြန်မြန်သက်သာစေပါတယ် ။

.

6. အနာကျက်စေခြင်း ( Heals Wound )
.

နနွင်းမှာ ပိုးသေစေတဲ့ သတ္တိရှိလို့ ထိခိုက်ရှနာဖြစ်ရင် နနွင်းမှုန့် သိပ်ပေးပါက
အနာ အကျက်မြန်စေပါတယ် ။
အရေပြားရောဂါ ( psoriasis ) အပါအ၀င် အရေပြား ပြဿနာများကို
ကုသရာမှာ အသုံးဝင်ပါတယ် ။

.

7. ကိုယ်ခန္ဓာအလေးချိန် ထိန်းခြင်း ( Weight Management )
.

နနွင်းမှာ သည်းခြေရည် ထွက်ရှိမှု ကောင်းစေတဲ့ သတ္တိရှိတာကြောင့်
အစားအသောက်မှ အဆီများကို ဖြိုခွဲရာမှာ ထိရောက်မှု ရှိပါတယ် ။
အ၀လွန်သူများ အဆီကျစေဖို့ လက်ဘက်ရည်တဇွန်းစာ နနွင်းကို
ထမင်းနပ်တိုင်းမှာ တွဲဖက်စားသုံးပေးရပါမယ် ။

.

8. ဦးနှောက်အာရုံကြော ရောဂါ ( Alzheimer’s Disease )
.

ဦးနှောက်ရောင်ရမ်းခြင်းက အယ်ဇိုင်းမား ရောဂါဖြစ်စေသည့် အကြောင်းတခု
လို့ ယူဆထားပါတယ် ။
နနွင်းက ဦးနှောက်ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ် ။
ဦးနှောက်တွင်း ချိုးများ ( plaque ) များ စုပုံလာခြင်းကို ဖယ်ရှားပေးပါတယ် ။
အောက်ဆီဂျင် လုံလောက်စွာ ၀င်ရောက်စေခြင်းက အယ်ဇိုင်းမား ရောဂါ
တိုးမလာအောင် ကာကွယ်ပေးပါတယ် ။

.

9. အစာကြေစေခြင်း ( Improves Digestion )
.

နနွင်းက သည်းခြေ ( gallbladder ) ကို သည်းခြေရည် ( bile ) ပိုမို
ထုတ်လုပ်စေပါတယ် ။ အစာခြေခြင်း ကောင်းမွန်စေပါတယ် ။
အစာမကြေခြင်းအတွက် နနွင်း စားသုံးခြင်းက ကောင်းပေမယ့်
သည်းခြေအိတ်ရောဂါ တမျိုးမျိုး ရှိနေလျှင်တော့ နနွင်း မစားသုံးသင့်ပါဘူး ။

.

10. အသည်းရောဂါ ( Prevents Liver Disease )
.

နနွင်းကိုယ်တိုင်က အဆိပ်အတောက် ဖယ်ရှားသည့် ဓါတ်သဘာဝ ရှိလို့
အသည်းရဲ့ အဆိပ်အတောက် ဖယ်ရှားတဲ့ လုပ်ငန်းကို အထောက်အကူ
ပြုတာမို့ အသည်းမှာ အရေးကြီးသည့် အဆိပ်အတောက် ဖြိုခွဲသည့်
အင်ဇိုင်များ ထုတ်လုပ်မှုကို တိုးတက်စေပါတယ် ။
ခန္ဓာကိုယ်မှာ အဆိပ်အတောက် လျော့ပါးသွားသလို ၊
အသည်းရဲ့ ကျန်းမာရေးလည်း ပိုကောင်းလာစေပါတယ် ။

.

အခြားနိုင်ငံများမှာတော့ နနွင်းဆေးတောင့် ( Turmeric pill ) များ
အလွယ်တကူ ရရှိနိုင်ပါတယ် ။
ကျနော်တို့ အနေနဲ့ ကတော့ ဟင်းချက်ရာမှာ နနွင်းထည့် နိုင်ပါတယ် ။
နနွင်းနဲ့ နွားနို့ ပူပူနဲ့ သောက်နိုင်ပါတယ် ။
နနွင်း လဘက်ရည် တဇွန်းစာကို ထမင်းအနပ်တိုင်းမှာ စားသုံးနိုင်ပါတယ် ။

သတိပြုရမှာက သည်းခြေကျောက် ရှိနေလျှင် ၊ သည်းခြေလမ်းကြောင်း
ပိတ်ဆို့ရောဂါ ရှိလျှင် နနွင်း မစားသုံးရပါဘူး ။

.

ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
7/9/20!6

Resources:

http://pubs.acs.org/doi/abs/10.1021/ja809217u

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။