a/an အစား “one” ကို သုံးရမယ့် နေရာများ
……………………..
a, an, the စတဲ့ article တွေကို ဘယ်လိုသုံးရမယ်ဆိုတဲ့ ညွှန်ပြချက်တွေ မကြာခဏတွေ့ရတတ်ပါတယ် ၊ သို့သော်လည်း one ကိုသုံးရမယ့် နေရာတွေ ရှင်းပြထားတာကိုတော့ တွေ့ရခဲပါတယ် ၊ ဒါကြောင့် Oxford press ကနေထုတ်တဲ့ How English Works ဆိုတဲ့ စာအုပ်ထဲကနေ ထုတ်နှုတ် တင်ဆက်လိုက်ပါတယ်..
.
(1) in contrast with another or other(s)
Another, other စတဲ့ စကားလုံးများနဲ့ ဆန့်ကျင်ဖက်အဖြစ် တွဲစပ်အသုံးပြုတဲ့အခါ “one” ကို သုံးပါ
Eg: One girl wanted to go out, but (the others) wanted to stay at home.
.
(2) with hundred and thousand when we wanted to sound precise
ရာ ၊ ထောင် စတဲ့ ကိန်းဂဏန်းများကို သေသေချာချာ တိတိကျကျ ပြောချင်တဲ့ အခါ “a” အစား “one” ကို သုံးပါ
eg: ‘How many are there? About a hundred? ’ ‘Exactly ONE hundred and three.’
( a hundred ဟာ မတိကျတဲ့ သဘောဆောင်လို့ ရှေ့မှာ About ပါနေပြီး ၊ တိကျတဲ့ သဘောဆောင်ဖို့ one hundred ရှေ့မှာ Exactly ပါနေတာကိုသတိပြုပါ ၊ မပါလျင်လည်း တိတိကျကျပြောချင်တဲ့အခါ သုံးပါ)
.
(3) in the expression .. one day
“တစ်နေ့မှာ” လိုမျိုး အသုံးလေးတွေရှေ့မှာထည့်သုံး ပါ ။
eg: (One day) you will love me.
eg: Please give me (one last chance) to show you how much I care.
.
(4) in the expression like only one and just one
Only one, just one စတဲ့ ဖေါ်ပြချက်တွေမှာ သုံးပါ
eg: We have got plenty of sausages, but (only one) egg.
eg: Just (one heart), that needs to open.
……………..
ပျော်ရွှင်ကြပါစေ…

“တစ်နေ့မှာ” လိုမျိုး အသုံးလေးတွေရှေ့မှာထည့်သုံး
eg: (One day) you will love me.
eg: Please give me (one last chance) to show you how much I care.
.
(4) in the expression like only one and just one
Only one, just one စတဲ့ ဖေါ်ပြချက်တွေမှာ သုံးပါ
eg: We have got plenty of sausages, but (only one) egg.
eg: Just (one heart), that needs to open.
……………..
ပျော်ရွှင်ကြပါစေ…
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။