Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 11, 2016

ဘုန်းတော်ကြီး St.Valentine

ဘုန်းတော်ကြီး St.Valentine
*********************************
( Focus Youth E-magazine Feb Issue တွင်ပါဝင်သောဆောင်းပါး )
.
နှစ်စဉ် ကမ္ဘာတစ်ဝန်းကနိုင်ငံတွေမှာ ဖေဖော်ဝါရီလ ၁၄ရက်နေ့တိုင်း ကိုယ့်ရဲ့ချစ်ခင်မြတ်နိုးသူတွေကို လက်ဆောင်၊ ပန်းစည်း၊ Postcardနဲ့ ချောကလက်တွေ ပေးလေ့ရှိကြပါတယ်။ အဲဒီနေ့ကို Valentine's Day (မြန်မာအခေါ် ချစ်သူများနေ့)လို့ သိထားကြပါတယ်။ ဖေဖေါ်ဝါရီ၁၄ရက်နေ့ကို ဘာကြောင့် Valentine's Day လို့ခေါ်ဆိုခဲ့တာလဲ။ Valentine's Dayက ဘယ်လိုမျိုး နောက်ခံအကြောင်းအရာတွေကြောင့် ဖြစ်ပေါ်လာတာလဲ။
.
တကယ်တော့ Valentine's Dayဆိုတာ တစ်ပါးသူတွေရဲ့အချစ်အတွက် ကိုယ်ကျိုးစွန့်ပြီးကူညီခဲ့တဲ့၊ ကိုယ့်ရဲ့နောက်ဆုံးအချိန်မှာတောင် ကိုယ့်ရဲ့ချစ်ရသူတစ်ယောက်အတွက် အသက်ရှင်သွားတဲ့ ကတ်သလစ်ဘာသာဝင် ဘုန်းတော်ကြီးတစ်ပါးကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ အဲဒီဘုန်းတော်ကြီးကတော့ Saint Valentine လို့အမည်ရပြီး အေဒီ(၃)ရာစုအတွင်းက ရောမအင်ပါယာအတွင်းမှာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
.
အေဒီ(၃)ရာစုအတွင်းက အင်အားကြီးမားခဲ့တဲ့ ရောမအင်ပါယာကြီးရဲ့ ဧကရာဇ် ကလောက်ဒီးယက်(၂) အုပ်ချုပ်စဉ်ကာလကဖြစ်ပါတယ်။ ကလောက်ဒီးယက်ရဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် ပြည်သူများဟာသူ့ကို မနှစ်သက်ကြသလို ကြောက်လည်းကြောက်ရွံ့ကြပါတယ်။ ထိုအချိန်တွင်ကလောက်ဒီးယက်ဟာ သူရဲ့စစ်တပ်ကြီးကို အင်အားကြီးသထက်ကြီးလာအောင်တည်ဆောက်နေသည့်အချိန်လည်းဖြစ်ပါတယ်။
.
အိမ်ထောင်သည်အမျိုးသားများဟာ သူတို့ရဲ့မိသားစုနဲ့မခွဲခွာလိုတာကြောင့် စစ်မှုထမ်းဖို့ကိုစိတ်မပါခဲ့ကြသောကြောင့် ကလောက်ဒီးယက်ဟာ ရူးသွပ်တဲ့ သူ့ရဲ့အကြံဥာဏ်ကို စတင်အသက်သွင်းပါတော့တယ်။ သူ့ရဲ့စစ်သည်တွေအနေနဲ့ အိမ်ထောင်ရက်သားကျပြီး မိသားစုအတွက်သာ အာရုံရောက်နေကြတဲ့အတွက် သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ရာမှာ အနှောက်အယှက်ဖြစ်စေတယ်လို့ သူကယုံကြည်နေခဲ့ပါတယ်။ သူ့ရဲ့အင်အားကြီးမားလှတဲ့ Legionတပ်ဖွဲ့ကြီးအတွင်းမှာ မည်သည့်စစ်သည်မှအိမ်ထောင်မပြုရဆိုပြီး တစ်ချက်လွှတ်အမိန့်ထုတ်ပြခဲ့ပြီး ရောမအင်ပါယာအတွင်းက ကတ်သလစ်ဘုန်းတော်ကြီးတွေကိုလည်း စစ်သည်တွေရဲ့ထိမ်းမြားလက်ထပ်ပေးခွင့်ကို ဘုရင့်အာဏာနဲ့ ပိတ်ပင်ခဲ့ပါတယ်။
.
ဒီလိုပိတ်ပင်ခဲ့တဲ့အတွက် စစ်သည်တွေအနေနဲ့ သူတို့ရဲ့ ချစ်သူတွေနဲ့ လက်ထပ်ဖို့အတွက် အခက်အခဲတွေရှိလာခဲ့ပါတယ်။ ဘုန်းတော်ကြီးငယ်လေး Valentine ဟာ ချစ်သူစုံတွဲတွေကို လက်ထပ်ပေးနေတဲ့ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ဒီလိုအမိန့်ထုတ်ပြန်လိုက်တဲ့အချိန်မှာလည်း သူဟာမရပ်တန့်ခဲ့ပဲ ချစ်သူစုံတွဲတွေရဲ့မျှော်လင့်ချက်အိပ်မက်တွေကို သူ့အသက်နဲ့ရင်းပြီး တိတ်တဆိတ် အသက်ဆက်ပေးခဲ့ပါတယ်။ ဖယောင်းတိုင်မီးမှိန်မှိန်လေးထွန်းထားတဲ့အခန်းလေးထဲမှာ သတို့သားနဲ့သတို့သမီးဟာ ဘုန်းတော်ကြီး Valentine ရဲ့တိုးညှင်းစွာရွတ်ဆို လက်ထပ်ပေးမှုအောက်မှာ အကြင်လင်မယားဘ၀သို့ တိတ်တဆိတ်ကျရောက်ကြရပါတယ်။
ဒီလိုလက်ထပ်ပေးနေတာကို ဘုရင်ကြီး ကလောက်ဒီးလက်(၂) သိသွားတဲ့အခါ ဘုရင့်အာဏာကိုဖီဆန်ဝံ့တဲ့ ဘုန်းတော်ကြီးကို ထောင်သွင်းအကျဉ်းချထားစေခဲ့ပါတယ်။
.
တစ်ညမှာတော့ ဘုန်းတော်ကြီး Valentine ဟာ ခြေသံခပ်ကြမ်းကြမ်းတွေကိုရုတ်တရက်ကြားလိုက်ရပါတယ်။ ထိုအချိန်တွင် သူသည် ချစ်သူစုံတွဲတစ်တွဲကို လက်ထပ်ပေးဖို့စီစဉ်နေချိန်ဖြစ်ပါတယ်။ ဘုရင်ကလောက်ဒီးယက်ရဲ့စစ်သားတွေဟာ ဘုန်းတော်ကြီး Valentine ကိုဖမ်းဆီးလိုက်ပြီး အကျဉ်းချလိုက်ပါတော့တယ်။ ဒီလိုအဖြစ်အပျက်တွေတစ်နေ့ကြုံတွေရမယ့်လို့ ဘုန်းတော်ကြီးဟာ တွေးမိပြီးသားဖြစ်ပါတယ်။ ၀မ်းနည်းစရာကောင်းတာကတော့ သူ့အတွက်ချမှတ်မယ့်ပြစ်ဒဏ်ဟာ သေဒဏ်ဖြစ်ပါတယ်။
.
ဘုန်းတော်ကြီး Valentine ဟာ ဘ၀နေ၀င်ချိန်ရောက်ခါနီးမှာ စိတ်ခြောက်ခြားမနေပဲ တည်တည်ငြိမ်ငြိမ်ပဲရှိနေပါတယ်။ သူ့လုပ်ရပ်တွေအတွက်လည်းနောင်တမရခဲ့ပါဘူး။ သူဟာချစ်သူစုံတွဲတွေအတွက်ကြီးကျယ်တဲ့ကိစ္စတစ်ခုကို ဆောင်ရွက်ပေးခဲ့တယ်လို့ယုံကြည်ထားပါတယ်။
သူအကျဉ်းကျနေစဉ်အတွင်းမှာ သူ့ကိုလာရောက်အားပေးကြတဲ့လူတွေဟာလည်း နေ့စဉ်တဖွဲဖွဲရောက်ရှိလာကြပြီး ပန်းစည်းတွေလည်းပစ်ပေးကြပါတယ်။ ထိုလူတွေထဲမှာ မိန်းကလေးငယ်လေးတစ်ဦးလည်းပါဝင်ပြီး အကျဉ်းချခံထားရစဉ်မှာ ဘုန်းတော်ကြီးငယ်လေးဟာ သူနေ့စဉ်တွေ့နေခဲ့ရတဲ့ မိန်းကလေးငယ်တစ်ယောက်ကို မေတ္တာသက်ဝင်သွားခဲ့ပါတယ်။ အဲ့ဒီ့မိန်းကလေးကတော့ တခြားသူမဟုတ်ပါဘူး။ သူအကျဉ်းကျခံနေရတဲ့ အကျဉ်းထောင်က ထောင်မှုးကြီးရဲ့သမီး မျက်မမြင်မလေး Julia ပဲဖြစ်ပါတယ်။
.
ထောင်မှူးကြီးဟာလည်းသူ့ရဲ့မျက်မမြင်သမီးလေးဆန္ဒအတိုင်း ဘုန်းတော်ကြီး Valentine နဲ့နေ့စဉ်တွေ့ဆုံစကားပြောခွင့်ပေးခဲ့ပါတယ်။ တစ်ခါတစ်လေမှာ သူတို့နှစ်ဦးဟာနာရီပေါင်းများစွာစကားတွေပြောကြပြီး မျက်မမြင်မလေးဟာ ဘုန်းတော်ကြီးငယ်လေးကို စိတ်ဓာတ်မကျဖို့အားပေးရှာပါတယ်။ မျက်မမြင်မလေးဟာ ဘုန်းတော်ကြီး Valentine ရဲ့ဘုရင့်အမိန့်ကိုဆန့်ကျင်ပြီး ချစ်သူစုံတွဲတွေကိုလက်ထပ်ပေးတဲ့လုပ်ရပ်ကိုထောက်ခံခဲ့ပြီး ဘုန်းတော်ကြီးငယ်လေးဟာ မျက်မမြင်မလေး Julia ကို တိတ်တခိုးမေတ္တာသက်ဝင်မိခဲ့ပါတယ်။
.
ဒီလိုနဲ့တစ်နေ့မှာ ငယ်ရွယ်တဲ့ဘုန်းတော်ကြီးငယ်ကလေးဟာ မျက်မမြင်မလေးကို ဆေးကုသပေးခွင့်ရဖို့ ထောင်မှုးကြီးဆီမှာ ခွင့်တောင်းခဲ့ပါတယ်။ ထောင်မှူးကြီးကလည်း သူ့ရဲ့သမီးငယ်လေး မျက်စိပြန်မြင်လိုမြင်ငြားဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။ သေဒဏ်ကျခံထားရတဲ့ မေတ္တာရေးအကျိုးဆောင် ဘုန်းတော်ကြီးလေးရဲ့ နောက်ဆုံးဆန္ဒကိုခွင့်ပြုပေးတာလည်း ပါကောင်းပါခဲ့ပါလိမ့်မယ်။
.
ဘုန်းတော်ကြီးငယ်ကလေးဟာလည်း ဖွင့်ပြောခွင့်မရတဲ့ သူ့ရဲ့မေတ္တာတွေနဲ့ သူချစ်ရတဲ့မိန်းကလေးကို ကုသပေးခဲ့ပါတယ်။ မျက်မမြင်မလေးရဲ့မျက်လုံးတွေ ပြန်မြင်လာခဲ့မယ်ဆိုပါက ထိုအချိန်မှာ သူအသက်ရှင်လျှက်ရှိမှာ မဟုတ်တော့ဘူးဆိုတာ သိနေခဲ့တဲ့အတွက် မျက်မမြင်မလေးမျက်စိပြန်မြင်လာမယ့်တစ်နေ့ဖတ်နိုင်ဖို့ စာလေးတစ်စောင် ရေးပေးထားခဲ့ပါတယ်။
.
တဖြည်းဖြည်းနဲ့ ဘုန်းတော်ကြီး Valentine သေဒဏ်ပြစ်ဒဏ်ကျခံရမယ့်နေ့ကို ရောက်ရှိလာခဲ့ပါတယ်။ ဘုန်းတော်ကြီး Valentine ဟာ အရင်တုန်းကတော့ သူဟာသေရမှာကို နောက်ဆံတင်းခြင်းမရှိခဲ့ပေမယ့် အခုချိန်မှာတော့သံယောဇဉ်နှောင်ကြိုးရဲ့ရစ်ပတ်နှောင်ဖွဲ့ခြင်းကိုခံနေရပါပြီ။
သူမေတ္တာရှိတဲ့မျက်မမြင်မလေးရဲ့မျက်လုံးပြန်မြင်တာကို သူမသေခင်မြင်သွားချင်ပါသေးတယ်။
.
ဒါပေမယ့် သူ့မှာထိုအခွင့်အရေးမရှိနိုင်တော့ပါဘူး။ သူဟာ ချစ်သူစုံတွဲတွေအတွက် အားထားရာဖြစ်ခဲ့တယ်။ မျှော်လင့်ချက်ဖြစ်ခဲ့တယ်။ မင်းမိန့်ကိုဆန့်ကျင်ပြီး ချစ်သူစုံတွဲတွေကိုပေါင်းဖက်စေခဲ့တယ်။
သူ့အလှည့်မှာတော့ …. အာဏာပါးကွက်သားရဲ့ဓားချက်ဟာ ဘုန်းတော်ကြီး Valentine အပေါ်သို့ကျရောက်လျှက် ….
.
တစ်ခုသောနံနက်ခင်းမှာ ဘုန်းတော်ကြီးငယ်လေးရဲ့ချစ်မြတ်နိုးရသော မျက်မမြင်မလေး Julia ဟာ သူနဲ့နှစ်ပေါင်းများစွာဝေးကွာနေတဲ့အလင်းရောင်နဲ့ စတင်ထိတွေ့ခွင့်ရခဲ့ပါတော့တယ်။ သူမအတွက်တော့ ဘ၀မှာပျော်ရွှင်စရာအကောင်းဆုံးနဲ အဓိပ္ပာယ်ရှိတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ စိတ်မကောင်းစရာကတော့ သူ့အတွက်မျှော်လင့်ချက်ရောင်ခြည်တွေဖန်တီးပေးခဲ့တဲ့ ဘုန်းတော်ကြီးငယ်လေး Valentine ဟာ ဘုရင်ကလောက်ဒီးယက်ရဲ့အာဏာပါးကွက်သားတွေရဲ့စီရင်ချက်အောက်မှာ အသက်ပေးလိုက်ရပြီပဲဖြစ်ပါတယ်။
.
မိန်းကလေး Julia အတွက်ကတော့ ကံအကောင်းဆုံးနဲ့ ၀မ်းနည်းစရာအကောင်းဆုံးအဖြစ်အပျက်တွေကို တစ်ပြိုက်နက်ကြုံတွေ့ခဲ့ရပါတော့တယ်။
သူမရဲ့မျက်စိပြန်မြင်မြင်ချင်း ပထမဆုံးဖတ်လိုက်ရစာလေးကတော့ ဘုန်းတော်ကြီး Valentine ရဲ့သူမရဲ့ နွေးထွေးမှု၊ သစ္စာရှိမှု၊ အားပေးမှုအတွက်ကျေးဇူးတင်ပါကြောင်းရေးထားသောစာဖြစ်ပြီး စာလေးရဲ့အဆုံးမှာတော့ စာလေးတစ်ကြောင်းနဲ့ အဆုံးသတ်ထားပါတယ်။ အဲ့ဒီစာကြောင်းလေးက ….
“Love From Your Valentine”
____________
(လင်းထက်မော်)
.
{Focus Youth E-magazine မှ အခမဲ့ ဖြန့်ဝေသော Magazine Issue များအား First comment တွင် လွယ်ကူစွာ Download ရယူနိုင်ပါပြီ။}

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။