ကျွန်တော်တို့သည် မောင်လှများ မဟုတ်ပါ
=======================
ကျွန်တော်၏အမည်သည် မောင်လှမဟုတ်ပါ။ ကျွန်တော်၏ ဖခင်မှာ ဦးဘ မဟုတ်ပါ။ ကျွန်တော်သည် ရွာသာယာမှ မဟုတ်ပါ။ နောက်ပြီး ကျွန်တော်၏ ရည်မှန်းချက်မှာ ဆရာဝန်ဖြစ်ရန် မဟုတ်ပါ။
မူလတန်းတွင် “ကျွန်တော်၏အကြောင်း” စာစီစာကုံးကို သင်ခဲ့ရသည်။ စာစီစာကုံးဟု ဆိုသော်လည်း ဆရာမရေးပြီးသား၊ စာအုပ်ထဲတွင် ပါပြီးသားကို အလွတ်ကျက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်၏ အမည်မှာ မောင်လှဖြစ်၍ ကျွန်တော့်သူငယ်ချင်းများမှာလည်း မောင်လှများ ဖြစ်ကြသည်။ စာစီစာကုံးတွင်ပါသည့်အတိုင်း ကျွန်တော်တို့အားလုံးသည် ဦးဘ၏ သားသမီးများဖြစ်ခဲ့ကြသည်။ စာစီစာကုံးကို အလွတ်ကျက်ခဲ့ကြသောကျွန်တော် တို့သည်
အသက်အတန်ကြီးလာသည်အထိ ကျွန်တော်တို့မှာ ရွာသာယာမှ ဦးဘ၏သား
မောင်လှမဟုတ်ကြောင်းကို ငြင်းချက်မထုတ်တတ်ခဲ့ကြပါ။ နောက်ပြီး
ကျွန်တော်တို့ဘာဖြစ်ချင်ကြမှန်း မသိခဲ့ကြပါ။
ကျွန်တော်ကိုယ်တိုင် ရည်မှန်းချက်ဆိုသောနေရာတွင်
ဆရာဝန်ဖြစ်လိုကြောင်းသာ ရေးခဲ့ရပါသည်။ တကယ်ဆရာဝန်ဖြစ်ချင် မဖြစ်ချင်၊
ဆေးကုရန် ဝါသနာတကယ်ရှိမရှိကို ကျွန်တော်လည်း မသိပါ။ ဆရာဝန်မှ မဖြစ်လျှင်
လူလုပ်ရန်မလွယ်ဟူသော အတွေးကြောင့် နှစ်ပေါင်းအတန်ကြာ
စိတ်ပင်ပန်းခဲ့ဖူးပါသည်။ ယခုတော့ အိပ်မက်ထဲတွင် ထမင်းလုံးတစ္ဆေခြောက်ရာမှ
လန့်နိုး လွတ်မြောက်လာသူတစ်ဦးကဲ့သို အနည်းငယ် စိတ်သက်သာရာ ရခဲ့သည်။ ငယ်စဉ်ကရေးသည့် စာစီစာကုံးထဲကလို ဆရာဝန်ဖြစ်မလာခဲ့ပါ။
ကျွန်တော်တို့အတန်းထဲတွင် ဖြစ်လာရန် မည်သူမျှစိတ်ကူးမယဉ်သည့် သတင်းထောက်တစ်ဦးဖြစ်လာခဲ့ပါသည်။
သတင်းထောက်ဆိုသည်မှာ မည်သို့လူပုဂ္ဂိုလ်ဖြစ်ပြီး မည်သည့်အလုပ်များ
လုပ်ကိုင်ကြသည်ကို ဆယ်တန်းအောင်သည့်အချိန်အထိ ကျွန်တော်မသိခဲ့ပါ။ ခေတ်ကာလအရ
သတင်းထောက်အလုပ်ကို မည်သူမျှမလုပ်ရဲခဲ့ကြ။ လူတွေကြောက်၊
အစိုးရမကြိုက်သည့်အလုပ်ကို ဝန်ထမ်းများဖြစ်သည့် မိဘများကလည်း
အားမပေးခဲ့ကြပါ။ ကျွန်တော်လည်း သတ္တိရှိလွန်း၍ သတင်းထောက်ဖြစ်လာသည် မဟုတ်။
ကျွန်တော်၏ စပ်စုလိုခြင်းဟူသော ဗီဇ၊ စာရေးခြင်းဟူသော ဝါသနာ၊ လွတ်လပ်မှုကို
နှစ်သက်ခြင်းဟူသော စိတ်အခံများကြောင့် သည်လမ်းကို ရောက်၍ သည်လမ်းကို
လျှောက်ခဲ့ခြင်း ဖြစ်ပါသည်။
ငယ်ငယ်က စာတော်သော ကျွန်တော့်အတွက် ဆယ်တန်းတွင် အမှတ်ကောင်းကောင်းဖြင့် အောင်မှ ဖြစ်မည်ဟူသောစိတ်က အလွန်အမင်းစိတ်ဒုက္ခဖြစ်စေခဲ့ သည်။
မြို့က လူတော်တော်များများကလည်း ကျွန်တော့်ကို ဆရာဝန်ဖြစ်မည့်လူဟုပင်
သတ်မှတ်ထားကြသည်။ လမ်းတွေ့ရင်ပင် “ဆရာဝန်လောင်း”ဟု သမုတ်ကြသည်။ သို့သော်
ဆရာဝန်အလုပ်ကို စိတ်မဝင်စားသော၊ ဆေးကုရန် ဝါသနာမထုံသော ကျွန်တော့်အတွက်
မည်သူက မည်မျှပင် သမုတ်စေကာမူ သစ်ငုတ်သည် ကျားဖြစ်မလာခဲ့။
ကိုးတန်းရောက်လာတော့ ကျွန်တော် စာထဲတွင် စိတ်မဝင်စားတော့။
ကျောင်းတွင် ခြောက်ဘာသာသင်ရသော်လည်း ကျွန်တော်ကျက်ဖြစ်သည်ဆို၍ မြန်မာစာနှင့် အင်္ဂလိပ်စာနှစ်ဘာသာသာ ရှိသည်။ ထိုအချိန်က ကျွန်တော့်၏အဖေ၏ ကောင်းမှုကြောင့် စာပေဟောပြောပွဲများနှင့် ထိတွေ့ခဲ့ရသဖြင့် စာရေးဆရာ၊ ကဗျာဆရာများကို အားကျသည့်စိတ်များ ယိုဖိတ်ခဲ့သည်။ မြန်မာစာ ကဗျာသင်ရိုးမှ ကဗျာများကို ဝါရင့်စာဟောဆရာတစ်ဦးနှယ် အသံနေအသံထားဖြင့် ရွတ်နေတတ်သည်။ ဘာတွေးနေမှန်းမသိ တွေးတတ်လာသည်။ မည်သူ့ကို ဆွေး၍ ဆွေးမှန်းမသိ ဆွေးတတ်လာသည်။ ကဗျာတွေရေးပြီး စိတ်ကူးတွေ ယဉ်တတ်လာခဲ့သည်။ ထိုသို့ကဗျာရေးခြင်းကပင် ဆရာဆရာမတချို့၏ ဂရုဏာဒေါသများကို ယမ်းပုံမီးကျဖြစ်စေခဲ့ပါသည် ။
ဆရာ ဆရာမများက ကျွန်တော့်အပေါ် မျှော်လင့်ချက်ကြီးကြသည်။ အားပေးကြရှာသည်၊ ကြိုးစားပြသကြရှာသည်။ သို့သော် သူတို့စကားကို နားမထောင်ဘဲ စိတ်ထဲရှိရာလုပ်နေသော ကျွန်တော်သည် သူတို့နှင့် အနေနီးသော်ငြား တဖြည်းဖြည်း ကင်းကွာခဲ့သည်။ ကျွန်တော်က စာရေးဆရာတချို့ထံ ချည်းကပ်ခဲ့သည်။ လေးလုံးစပ်ကဗျာရေးနည်းများ သင်သည်။ သည်လိုနှင့် စာတွေ ကဗျာတွေ ရေးရင်းပင် ဆယ်တန်းရောက်လာခဲ့သည်။ နောက်ပြီး ကဗျာစာအုပ်ထုတ်ရန် ကျောင်းတွင် လူစုတော့သည်။
ကဗျာရေးလိုက်၊ ဆရာမများကို အတိုက်အခံလုပ်လိုက်၊ ကျန်းမာရေးချူချာလိုက်နှင့် ကျွန်တော်ဆယ်တန်းတစ်နှစ်ကျသွားသည်။
နောက်နှစ်မှ အောင်သည်။ သို့သော် အမှတ်နည်း၍ ဆရာဝန်မဖြစ်နိုင်။ ဒါကိုပင်
စိတ်ထဲကြိတ်ဝမ်းသာခဲ့သည်။ ယခုအချိန်ထိ နောင်တလည်း မရ။ နောင်တမရကြောင်း
ဆရာမတွေ သိလျှင် စိတ်မကောင်းဖြစ်ကြလိမ့်မည်။
ကျွန်တော်ကတော့ ဆရာမများကို စိတ်မကောင်းမဖြစ်စေလို။ သူတို့ကို
ကျေးဇူးတင်သော်လည်း ကျွန်တော် ဝါသနာပါရာကို ကျွန်တော်လုပ်နိုင်သည်ကို
ဂုဏ်ယူပေးကြစေလိုပါသည်။
တကယ်တော့ မူလတန်းတုန်းက “ကျွန်တော်၏ ရည်မှန်းချက်မှာ ဆရာဝန်တစ်ဦးဖြစ်ရန် ဖြစ်သည်”ဟု ရေးခဲ့သူများသည် ဆရာဝန်များဖြစ်မလာခဲ့ပါ။ ယနေ့ ကျွန်တော့်သူငယ်ချင်းများကို
ပြန်ကြည့်သည့်အခါ ဆရာ၊ ဆရာမတွေ အဖြစ် အလုပ်ဝင်ကြသူတွေ ရှိသည်။
အမှတ်ကောင်း၍ နည်းပညာတက္ကသိုလ်တက်နေသူတွေ ရှိသည်။ ယောင်လည်လည်နှင့်
အချိန်ကုန်နေကြသူတွေလည်း ရှိနေသည်။ ဆင်းရဲနွမ်းပါး၍
ဆိုက္ကားနင်းနေကြရသူများလည်း ရှိသည်။ တချို့လည်း နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နေကြသည်။
အသက် (၂၀) ရောက်လာသည်အထိ ကိုယ်ဘာလုပ်ချင်မှန်းမသိကြေ သာ သူငယ်ချင်းများကို တွေ့သည့်အခါတိုင်း ကျွန်တော် စိတ်မကောင်း ဖြစ်မိသည်။ သူတို့ကို မေးမိသည်၊ အားပေးမိသည်။
“မင်းတို့ ဘာဖြစ်ချင်ကြလဲ၊ လွတ်လွတ်လပ်လပ် တွေးပြီး မင်းတို့ ဖြစ်ချင်တာတွေ လုပ်ပစ်စမ်းပါ”
သို့သော် တချို့က ကျွန်တော်ပြောသည်ကို ခေါင်းငုံ့နားထောင်ကြသည်။ တချို့က နားထောင်ရင်း သက်ပြင်းချကြသည်။
သူတို့ဖြစ်ချင်သည်ကို ပြောလျှင် မိဘက ခွင့်ပြုမှ ပြုပါ့မလားဆိုသော စိုးရိမ်စိတ်တွေ ရှိနေကြသည်။ တချို့လည်း ဘာဖြစ်ချင်မှန်း မသိကြသေး။ သူတို့က သိပ္ပံပညာရှင်ဖြစ်ချင်သည်ဟု ပြောလျှင် ဘေးလူတွေ ရယ်မှာ ကြောက်နေကြသည်။ ဂစ်တာတီးပြီး သီချင်းတွေဆိုနေချင်သည်ဟု ပြောလျှင် “ထမင်းငတ်မယ့်အလုပ်”ဟု ဆွေမျိုးများက မှတ်ချက်ပြုမည်ကို စိုးနေကြသည်။
ကျွန်တော် ကိုယ်တိုင်ကော၊ ကျွန်တော်လည်း ပြီးပြည့်စုံသွားသူမဟုတ်ပါ။
သို့သော် ကျွန်တော်သည် မောင်လှမဟုတ်တော့ကြောင်း အနည်းငယ်သိလာခဲ့သည်။
ကျွန်တော်တို့၏ ဖောက်ထွက် တွေးတောခွင့်ကို နင်းခြေပစ်သည့်
ပညာရေးစနစ်ကြီးကို ပြောင်းပစ်ချင်သည်။ လူငယ်တွေကို အရည်မရအဖတ်မရဘဝကို
ရောက်စေသည့် မိဘအုပ်ထိန်းသူတွေ၏ ရှေးရိုးစွဲစိတ်များ၊ လူငယ်များအပေါ်
ယုံကြည်မှုကင်းသည့်အတွေးအခေါ် များကို ပြောင်းလဲစေချင်သည်။
မှန်ပါသည်၊ ကျွန်တော်တို့သည် မောင်လှများ မဟုတ်ပါ။
လင်းမြတ်(Myanmar-Network)
#သုတဇုန်
www.thutazone.com
=======================
ကျွန်တော်၏အမည်သည် မောင်လှမဟုတ်ပါ။ ကျွန်တော်၏ ဖခင်မှာ ဦးဘ မဟုတ်ပါ။ ကျွန်တော်သည် ရွာသာယာမှ မဟုတ်ပါ။ နောက်ပြီး ကျွန်တော်၏ ရည်မှန်းချက်မှာ ဆရာဝန်ဖြစ်ရန် မဟုတ်ပါ။
မူလတန်းတွင် “ကျွန်တော်၏အကြောင်း” စာစီစာကုံးကို သင်ခဲ့ရသည်။ စာစီစာကုံးဟု ဆိုသော်လည်း ဆရာမရေးပြီးသား၊ စာအုပ်ထဲတွင် ပါပြီးသားကို အလွတ်ကျက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်၏ အမည်မှာ မောင်လှဖြစ်၍ ကျွန်တော့်သူငယ်ချင်းများမှ
ကျွန်တော်ကိုယ်တိုင် ရည်မှန်းချက်ဆိုသောနေရာတွင်
ကျွန်တော်တို့အတန်းထဲတွင် ဖြစ်လာရန် မည်သူမျှစိတ်ကူးမယဉ်သည့် သတင်းထောက်တစ်ဦးဖြစ်လာခဲ့ပ
ငယ်ငယ်က စာတော်သော ကျွန်တော့်အတွက် ဆယ်တန်းတွင် အမှတ်ကောင်းကောင်းဖြင့် အောင်မှ ဖြစ်မည်ဟူသောစိတ်က အလွန်အမင်းစိတ်ဒုက္ခဖြစ်စေခဲ
ကျောင်းတွင် ခြောက်ဘာသာသင်ရသော်လည်း ကျွန်တော်ကျက်ဖြစ်သည်ဆို၍ မြန်မာစာနှင့် အင်္ဂလိပ်စာနှစ်ဘာသာသာ ရှိသည်။ ထိုအချိန်က ကျွန်တော့်၏အဖေ၏ ကောင်းမှုကြောင့် စာပေဟောပြောပွဲများနှင့် ထိတွေ့ခဲ့ရသဖြင့် စာရေးဆရာ၊ ကဗျာဆရာများကို အားကျသည့်စိတ်များ ယိုဖိတ်ခဲ့သည်။ မြန်မာစာ ကဗျာသင်ရိုးမှ ကဗျာများကို ဝါရင့်စာဟောဆရာတစ်ဦးနှယ် အသံနေအသံထားဖြင့် ရွတ်နေတတ်သည်။ ဘာတွေးနေမှန်းမသိ တွေးတတ်လာသည်။ မည်သူ့ကို ဆွေး၍ ဆွေးမှန်းမသိ ဆွေးတတ်လာသည်။ ကဗျာတွေရေးပြီး စိတ်ကူးတွေ ယဉ်တတ်လာခဲ့သည်။ ထိုသို့ကဗျာရေးခြင်းကပင် ဆရာဆရာမတချို့၏ ဂရုဏာဒေါသများကို ယမ်းပုံမီးကျဖြစ်စေခဲ့ပါသည်
ဆရာ ဆရာမများက ကျွန်တော့်အပေါ် မျှော်လင့်ချက်ကြီးကြသည်။ အားပေးကြရှာသည်၊ ကြိုးစားပြသကြရှာသည်။ သို့သော် သူတို့စကားကို နားမထောင်ဘဲ စိတ်ထဲရှိရာလုပ်နေသော ကျွန်တော်သည် သူတို့နှင့် အနေနီးသော်ငြား တဖြည်းဖြည်း ကင်းကွာခဲ့သည်။ ကျွန်တော်က စာရေးဆရာတချို့ထံ ချည်းကပ်ခဲ့သည်။ လေးလုံးစပ်ကဗျာရေးနည်းများ သင်သည်။ သည်လိုနှင့် စာတွေ ကဗျာတွေ ရေးရင်းပင် ဆယ်တန်းရောက်လာခဲ့သည်။ နောက်ပြီး ကဗျာစာအုပ်ထုတ်ရန် ကျောင်းတွင် လူစုတော့သည်။
ကဗျာရေးလိုက်၊ ဆရာမများကို အတိုက်အခံလုပ်လိုက်၊ ကျန်းမာရေးချူချာလိုက်နှင့်
တကယ်တော့ မူလတန်းတုန်းက “ကျွန်တော်၏ ရည်မှန်းချက်မှာ ဆရာဝန်တစ်ဦးဖြစ်ရန် ဖြစ်သည်”ဟု ရေးခဲ့သူများသည် ဆရာဝန်များဖြစ်မလာခဲ့ပါ။ ယနေ့ ကျွန်တော့်သူငယ်ချင်းများကိ
အသက် (၂၀) ရောက်လာသည်အထိ ကိုယ်ဘာလုပ်ချင်မှန်းမသိကြေ
“မင်းတို့ ဘာဖြစ်ချင်ကြလဲ၊ လွတ်လွတ်လပ်လပ် တွေးပြီး မင်းတို့ ဖြစ်ချင်တာတွေ လုပ်ပစ်စမ်းပါ”
သို့သော် တချို့က ကျွန်တော်ပြောသည်ကို ခေါင်းငုံ့နားထောင်ကြသည်။ တချို့က နားထောင်ရင်း သက်ပြင်းချကြသည်။
သူတို့ဖြစ်ချင်သည်ကို ပြောလျှင် မိဘက ခွင့်ပြုမှ ပြုပါ့မလားဆိုသော စိုးရိမ်စိတ်တွေ ရှိနေကြသည်။ တချို့လည်း ဘာဖြစ်ချင်မှန်း မသိကြသေး။ သူတို့က သိပ္ပံပညာရှင်ဖြစ်ချင်သည်ဟု ပြောလျှင် ဘေးလူတွေ ရယ်မှာ ကြောက်နေကြသည်။ ဂစ်တာတီးပြီး သီချင်းတွေဆိုနေချင်သည်ဟု ပြောလျှင် “ထမင်းငတ်မယ့်အလုပ်”ဟု ဆွေမျိုးများက မှတ်ချက်ပြုမည်ကို စိုးနေကြသည်။
ကျွန်တော် ကိုယ်တိုင်ကော၊ ကျွန်တော်လည်း ပြီးပြည့်စုံသွားသူမဟုတ်ပါ။
မှန်ပါသည်၊ ကျွန်တော်တို့သည် မောင်လှများ မဟုတ်ပါ။
လင်းမြတ်(Myanmar-Network)
#သုတဇုန်
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။