သားသမီးလေးတွေ ကျောင်းစာကောင်းကောင်းလုပ်နိုင်ဖို့ လိုအပ်သည့်အချက်များ
သားသမီးအငယ်တွေလည်း စာမေးပွဲဖြေဖို့ နီးနေပြီ၊ သားသမီးအကြီးက ဆယ်တန်းဖြေဖို့နီးလာပြီ။ အဲလိုကြုံတွေ့နေရတဲ့မိဘတွေက ကလေးတွေကို ကျွေးမွေးပြုစုပေးရင်းနဲ့ ကျောင်း စာတွေပါ ကူလုပ်ပေးရတာ၊ အားလုံးတူတူစာကျက်နိုင်အောင် စီစဉ်ပေးကြရတာဟာ လွယ်မယောင်နဲ့ အတော်လေးခက်ခဲတဲ့ကိစ္စပါပဲ။ ရိုးရာလေးပရိသတ်ထဲက မိဘတချို့က မေးမြန်း အကြံဥာဏ်တောင်းလာကြတာကြောင့်  အထူးသဖြင့် ဆယ်တန်းဖြေမယ့်သားသမီးလေးတွေအတွက် အစွမ်းကုန်ကြိုးစားဖို့လိုတာမို့ မိဘများအနေနဲ့ အထောက်အပံ့ဖြစ်စေမယ့် လိုအပ်တဲ့အချက် အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တိတ်ဆိတ်အေးချမ်းတဲ့နေရာဖန် တီးပေးပါ
အိမ်မှာကလေးအငယ်လေးတွေ အော်ဟစ်ကစားနေတဲ့ အခါမျိုးမှာ
စာထဲကိုအာရုံစိုက်ဖို့ အရမ်းခက်ခဲနေတတ်ပါတယ်။ ဒါကြောင့်
စာများတဲ့အကြီးလေးတွေ စာလုပ်နေချိန်မှာအငယ်တွေ ကိုမဆူညံအောင်
ထိန်းထားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် တီဗွီ၊ရေဒီယိုနဲ့ တခြားသီချင်းသံတွေ၊
ဇာတ်ကားသံတွေက ကလေးကိုစာထက်ပိုမို ဆွဲဆောင်နိုင်တဲ့အတွက်
အဲဒီအသံတွေကိုတတ်နိုင်သမျှ ကလေးနဲ့ဝေးဝေးမှာထားပြီး
အသံလည်းနှိမ့်ထားသင့်ပါတယ်။ ဒါမှမဟုတ် သီသန့်အခန်းတစ်ခုသတ်မှတ်ပြီး ထိုအခန်းထဲမှာပဲ တိတ်ဆိတ်အေးချမ်းစွာစာဖတ်စေ သင့် ပါတယ်။
ပုံမှန် စာလုပ်ချိန် သတ်မှတ်ပေးပါ
စာကို စိတ်ဝင်တစား ဖတ်မှတ်လေ့လာဖို့အတွက် အချိန်ဟာလည်းအရေးကြီးပါတယ်။ ညနေပိုင်းခပ်စောစောအချိန်တွေဟာစာဖတ်ဖို့
အိမ်စာလုပ်ဖို့ သင့်တော်တဲ့အချိန်တွေပါ။ ကျောင်းကနေသင်လာသမျှတွေကို
ပြန်လည်ကျက်မှတ်ရင်း အိမ်စာတွေပြီးအောင် လုပ်လိုက်ပြီးနောက်မှာအိပ်ဖို့စောနေသေးရင် ခဏတဖြုတ် TVကြည့် အခွေကြည့်တာခွင့်ပြုသင့်ပါတ ယ်။ညနေစာထမင်းကိုစောစောစားတဲ့အလေ့အထကိုမိခင်ကလုပ်ပေးထားသင့် ပြီးကလေးတွေပင်ပန်းပြီးအိပ် မငိုက်ခင် မြန်မြန်စာလုပ်ဖြစ်အောင် အချိန်ကိုတိတိကျကျ သတ်မှတ်ပြီးတင်းတင်းကျပ်ကျပ်စည်းကမ်းထားပါ။ ကလေးကတခါတလေစာလုပ်ဖို့ စိတ်မပါတဲ့အခါမျိုးမှာတော့ အတင်းအကျပ်တိုက်တွန်းတာထက် ခဏတဖြုတ် သူ့သဘောကိုလိုက်လျောပေးသင့် ပါတယ်။ ဒါမှမဟုတ် စာထဲမှာပါတဲ့ အကြောင်းအရာကို အပျော်တမ်းပြန်ပြောပြခြင်းလိုမျိုး ပျော်စရာသင်ခန်းစာတွေနဲ့ စာလုပ်ဖြစ်အောင် ကူညီပေး သင့်ပါတယ်။
အိမ်စာလုပ်တာထက် ပိုပြီးလေ့လာကျက်မှတ်ဖို့ အားပေးပါ ကလေးအများစုက အိမ်စာလုပ်ရုံ နဲ့တင် တာဝန်ကျေပြီလို့ ထင်တတ်ကြပါတယ်။ အခုခေတ်မှာစာကလည်းများ၊ အိမ်စာပေးတာတွေ ကလည်းများတော့ အိမ်စာလုပ်ချိန် တစ်နေ့ကိုတစ်နာရီနီးပါးခန့် ကြာတတ်လေ့ရှိကြပါတယ်။
ကျောင်းသားတစ်ယောက်အနေနဲ့ အိမ်စာလုပ်တာအပြင် ထပ်ပြီးလေ့လာကျက်မှတ်ဖို့
အချိန်လိုတာကြောင့် မိဘတွေအနေနဲ့ စနစ်တကျ တိုက်တွန်းအားပေးသင့်ပါတယ်။
ကျောင်းစာကို အပြင်လောကနဲ့ဆက်စပ်ပေးပါ - Dictionary နဲ့ တခြားသိပ္ပံဗဟုသုတ စာအုပ်များ- လေယာဉ်၊ မော်တော်ကား၊ လူ့ခန္ဓာကိုယ်၊ ကမ္ဘာမြေကြီး၊ ပင်လယ်သမုဒ္ဒရာ စတဲ့အကြောင်းအရာတွေကိုစုံစုံလင်လင်ဖတ်နိုင်တဲ့
စာအုပ်တွေ ကို ၀ယ်ပေးခြင်းဖြင့် ကလေးတွေကို ပြင်ပဗဟုသုတရရှိစေ တဲ့အပြင်
ကျောင်းစာ နဲ့ပြင်ပလောကဆက်စပ်မှုအပေါ် စိတ်ဝင်စားလာပြီး
စာကိုကျက်မှတ်ရုံမဟုတ်ပဲအကျိုးရှိရှိအသုံးချတတ်လာမှာ
ဖြစ်ပါတယ်။ အဲဒီစာအုပ်တွေကို ကလေးကအမြဲယူဖတ်ဖို့ လိုတိုင်းယူသုံးဖို့
လွယ်ကူအောင် ကလေးရဲ့စာကြည့် စားပွဲဘေးမှာထားပေးရမှာဖြစ် ပါတယ်။ ဒီအချက်ကတော့ စာမေးပွဲနီးကပ်နေချိန်မှာ သိပ်အလေးပေးပြီး မလုပ်သင့်ပါဘူး။
အရေးအကြီးဆုံးအချက်ကတော့ ကလေးစာကြည့်ချိန်မှာ မိဘကဘေးကနေကူညီပေးဖို့ပါပဲ။ တစ်ခုခုကိုနားမလည်တဲ့အခါ ရှင်းပြပေးခြင်း၊ မိမိငယ်ငယ်ကစာကျက်မှတ်လေ့လာ ခဲ့ ပုံနဲ့ယှဉ်တွဲပြီးစာပေဖတ်ရှု လေ့လာနည်းများသင်ပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ အိမ်စာများကို ၀င်လုပ်ပေးခြင်း၊ ကလေးနားမလည်တာကိုရှင်းပြတဲ့ အခါ စိတ်တိုတိုနဲ့ဖိအားပေးအော် ဟစ်ခြင်းတို့ကိုတော့ ရှောင်ရှားသင့်ကြောင်း အကြံပေးလိုက်ရပါတယ်။
Ref: understood.org
စံဝန်းနီ(ရိုးရာလေး)
သားသမီးအငယ်တွေလည်း စာမေးပွဲဖြေဖို့ နီးနေပြီ၊ သားသမီးအကြီးက ဆယ်တန်းဖြေဖို့နီးလာပြီ။ အဲလိုကြုံတွေ့နေရတဲ့မိဘတွေက
တိတ်ဆိတ်အေးချမ်းတဲ့နေရာဖန်
ပုံမှန် စာလုပ်ချိန် သတ်မှတ်ပေးပါ
စာကို စိတ်ဝင်တစား ဖတ်မှတ်လေ့လာဖို့အတွက် အချိန်ဟာလည်းအရေးကြီးပါတယ်။
အိမ်စာလုပ်တာထက် ပိုပြီးလေ့လာကျက်မှတ်ဖို့ အားပေးပါ ကလေးအများစုက အိမ်စာလုပ်ရုံ နဲ့တင် တာဝန်ကျေပြီလို့ ထင်တတ်ကြပါတယ်။ အခုခေတ်မှာစာကလည်းများ၊ အိမ်စာပေးတာတွေ ကလည်းများတော့ အိမ်စာလုပ်ချိန် တစ်နေ့ကိုတစ်နာရီနီးပါးခန့်
ကျောင်းစာကို အပြင်လောကနဲ့ဆက်စပ်ပေးပါ - Dictionary နဲ့ တခြားသိပ္ပံဗဟုသုတ စာအုပ်များ- လေယာဉ်၊ မော်တော်ကား၊ လူ့ခန္ဓာကိုယ်၊ ကမ္ဘာမြေကြီး၊ ပင်လယ်သမုဒ္ဒရာ စတဲ့အကြောင်းအရာတွေကိုစုံစံ
အရေးအကြီးဆုံးအချက်ကတော့ ကလေးစာကြည့်ချိန်မှာ မိဘကဘေးကနေကူညီပေးဖို့ပါပဲ။
Ref: understood.org
စံဝန်းနီ(ရိုးရာလေး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။